ညသည် တနေ့တာပင်ပင်ပန်းပန်းအလုပ်လုပ်ပီးသော လူဆင်းရဲတစ်ယောက်၏ အနားယူအိပ်စက်ချိန်ကဲ့သို့ တိတ်ဆိတ်နေလေရဲ့။
ဆင်းရဲသားရပ်ကွက်ဖြစ်သောကြောင့် ယနေ့
ကုန်ဆုံးခဲ့သော ကာယအားအင်တို့ကို မနက်အတွက်အသင့် ပြန်လည်ပြည့်ဝလာစေရန် အားဖြည့်နေကြကုန်သည်။
ထို့ကြောင့် ဆင်းရဲသားရပ်ကွက်အတွင်း ညသည် တိတ်ဆိတ်နေလေသည်။ သြော် သက်ကြီးခေါင်းချချိန်သည် ကျော်လာပီးကိုး။
ညဆိုသည်ကား တိတ်ဆိတ်မှုနဲ့ အမှောင်ရဲ့သူငယ်ချင်းမဟုတ်ပါကလား။
ထိုတိတ်ဆိတ်အေးငြိမ်းမှုကို ရုတ်တရက်ဖြိုခွဲလိုက်သည်က ထိုသောရပ်ကွက်လေးအတွင်းမှ ခနော်နှီခနော်နှဲ့ အိမ်လေးတလုံးတွင်ဖြစ်သည်။
`` ငွေရောင်းနှင်းစက်လေးတွေဖြန်းတဲ့
ပန်းလို.....အိုး..အိုး.....အို..´´
ရုပ်တရက်ထမြည်လိုက်သော ဖုန်း ringtone သံကြောင့် ကောက်ရိုး အိပ်ချင်မှုးတူးနဲ့ထကိုင်လိုက်လေသည်။
ကောက်ရိုး- ``ဟဂို´´
ကိုအောင်- အေး ညီလေး ကိုအောင်ကြီးပါ ဘယ်ရောက်နေလဲ?
ကောက်ရိုး- သြော် ကိုကိုအောင်ကြီး ညီလေးအိမ်မှာဗျ ဘာဖြစ်လို့လဲ။
ကိုကိုအောင်- ဘားမှမဖြစ်ပါဘူး ဒီအတိုင်းဆက်လိုက်တာပါ ဒီအတိုင်းပဲဆက်လိုက်တာ အင်းပါ အင်းပါ အာ့ဆို ဒါပဲလေ။
မပြောမဆို ဖုန်းချသွားသည်။ ကောက်ရိုးလည်း အပြင်မထွက်ချင်တော့ ပြန်မခေါ်တော့ပဲပြန်အိပ်လိုက်တော့သည်။
`` ငွေရောင်းနှင်းစက်လေးတွေဖြန်းတဲ့
ပန်းလို.....အိုး..အိုး.....အို..´´
လာပြန်ပီနောက်တခါ ကောက်ရိုးထရပြန်ပီ။
ကောက်ရိုး- ``ဟဂို´´
ကိုအောင်- အေး ညီလေး ကိုကိုအောင်ကြီးပါ ဘယ်ရောက်နေလဲ?
ကောက်ရိုး- သြော် ကိုအောင်ကြီး ညီလေးအိမ်မှာဗျ ဘာဖြစ်လို့လဲ။
ကိုကိုအောင်- ဘားမှမဖြစ်ပါဘူး ဒီအတိုင်းဆက်လိုက်တာပါ ဒီအတိုင်းပဲဆက်လိုက်တာ။
ခနကအတိုင်းပြန်ပြောပြန်သည်။
ကောက်ရိုး- ဒီမှာ ကိုအောင်ကြီး ခင်ဗျားဘာဖြစ်နေတာလဲ ပြသာနာရှိလို့လား။ ဘာဖြစ်လို့တုန်း။
ကိုကိုအောင်- မရှိပါဘူးညီလေးမရှိဘူး။ မင်းသောက်ဦးမလား။
ကောက်ရိုး- ကိုအောင်ကြီး ကျနော် သိတယ် ခင်ဗျားဘာဖြစ်နေတာလဲ။ ဘာတုန်း ဘျာဆိုင်မှာ ရှင်းဖို့ ငွေလိုနေတာလား။
ကိုကိုအောင်- ဟုတ်ဘူးညီလေး ကိုယ် ပိုက်ဆံပါပါတယ် ကိုယ် ဆိုင်ကယ်နိုးလို့မရလို့။
ကောက်ရိုး- အခုဘယ်မှာတုန်း ကိုအောင်ကြီး။
ကိုကိုအောင်- နန်းရှေ့ မှာ အမှတ်(၁)ရဲစခန်းရှေ့။
ကောက်ရိုး- ဘယ်မှမသွားနဲ့ ကျုပ်လာပီ မိနစ်နှစ်ဆယ်လောက်ကြာမယ်။
ကိုကိုအောင်- ဆယ်မိနစ်လောက်မရဘူးလားကွာ။
ကောက်ရိုး- ဟေ့လူ အီးပါဦးမယ်ဗျ အီးပါဦးမယ်။ ရောက်အောင်လာခဲ့မယ် ဒါပဲ။
ကောက်ရိုး လိုလိုပိုပိုပြောပီးထထွက်လာလိုက်သည်။
သြော် မိတ်ဆွေသူငယ်ချင်းဆိုတာ လမ်းမှာတွေ့လို့မနုတ်ဆက်ဖြစ်ရင်တောင် ယခုလို ညရေးညတာ ဒုက္ခရောက်ချိန်ကျ တစ်ယောက်အကူအညီ တယောက်တောင်းရမှာပဲ။
အဲ့အတွက် ကိုယ်က သူ့ကိုကူညီပေးမှသာ ကိုယ်ဒုက္ခရောက်ချိန်ကျ သူမရောက်ရောက်အောင်လာကူညီမှာပေါ့။
ပီးတော့ ဒီလိုဆောင်းတွင်းကိုယ်က အိပ်ယာထဲစောင်ခြုံနေတာတောင်ချမ်းတဲ့အချိန် သူက လမ်းဘေးဆိုင်ကယ်ပျက်နေတယ်ဆိုတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးကြည့်ရုံနဲ့တင် ကူညီရမှာပဲလေ။
မပှုနဲ့ ကိုအောင်ကြီး ကောက်ရိုးလာပီ။
ကောက်ရိုးနေအိမ်မှ ကိုအောင်ကြီးပြောသောနေရာသို့ ဆယ့်ငါးမိနှစ်ခန့်မောင်းရသည်။
ဆိုင်ကယ်မောင်းလာရင်း ဆယ်နှစ်ခန့် မိတ်ဆွေဖြစ်လာပီး အခုနောက်ပိုင်း သိပ်မတွေ့ဖြစ်သော ကိုအောင်အကြောင်းတွေးမိလာသည်။
သူသည် ထူးလည်းထူးသော စုံလည်းစုံသော ကိုအောင်ဖြစ်ချေသည်။
သူ၏ထူးခြားသော အတွေ့အကြုံသည် ယောက်ကျားလေးတထောင် တစ်သောင်းမှာမရှိသော အတွေ့အကြုံ တသိန်းမှာတောင်ရှိပါစလို့တွေးရသော အတွေ့အကြုံနဲ့ ကိုကိုအောင်ဖြစ်သည်။
သူအကြောင်းကိုပြန်စဉ်းစားမိတိုင်း ခဏက ကိုယ်ချင်းစာမိတယ်ဆိုတာကြီး ပြန်ရုတ်သိမ်းချင်သလို ကျက်သီးဖြန်းဖြန်းထမိတယ်။
စာဖတ်နေသူလည်း ကျက်သီးဖြန်းဖြန်းထမယ်ဆိုတာ အာမခံရဲပါတယ်ဗျာ။ မယုံရင် တကျပ်ကြေးလောင်းမလား။
လူပုံက ဖြူဖြူပိန်ပိန်အရပ်ရှည်ရှည်၊ ပုခုံးရိုးကျယ်ပီး ခါးသေးတယ်။ ဝတ်တတ်စားတတ်သလို ဆံပင်က ဂုတ်ထောက်နေတယ်။
Company အလုပ်သမားမို့ အမြဲတစေ ဘက်ကီဘောင်းဘီနဲ့ T-shirt ကို ဘောင်းဘီထဲအမြဲထည့်ဝတ်တယ်။ ထူးခြားတာက ကြယ်သီးအပြည့်တတ်တယ်။
မေးရိုးကားကား နာတံပေါ်ပေါ် မျက်ခုံးမွေးက ဟိုဘက်ဒီဘက်ထိစပ်လောက်အောင်ကောင်း ကောက်ရိုးလောက်မချောသော်ငြား အတော်ကြည့်ကောင်းတယ်။
မိန်းကလေးတော်တော်များများလှည့်ကြည့်သလို
ကျားကျားချင်းတောင် အတော်ကြည့်ကောင်းသည်ဟု ပြောနိုင်သော ကိုယ်နေဟန်ထားရုပ်ရည်။
ထို့ကြောင့် သူသည် မျှာစွံသည်ဟုပြောရမလို မျှာလည်းစွံသည် ဂျော်တကီးလည်း စွံသည်။ ထို့အတူ ဝါသနာကြီးသည် အဆင်ပြေရင် ဝါးကားတောင်ဖြတ်မမောင်းရဲဆိုသောလူစားမျိုး။
ဟုတ်ကဲ့ အလုပ်က ကားသမားပါ ခင်ဗျာ။
ထိုသော ကိုအောင်၏ နာမည်ပြောင်မှာ နယ်မရွေးသော ကိုအောင်ကြီးဟုခေါ်လျှင် အင်မတန်စိတ်ဆိုးတတ်သော သူဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်......သူ့ဘဝတွင် ပြန်တွေးမိတိုင်း ကျက်သီးဖြန်းဖြန်းထမိသော အတွေ့အကြုံရှိခဲ့လေသည်။
ဟုတ်လည်းဟုတ်ပါသည်။
ကိုအောင်သည်ကား တခါတစ်လေ မှုးလာရင်
ငါကွငါမလုပ်ဖူးတာမရှိဘူးလို့ပြောတတ်တဲ့ ကောင်လေးတွေတွေ့ရင် ဟဟဆိုပီး ပြုံးရတဲ့အဆင့်။ သူက မလုပ်ဖူတာမရှိပဲကိုး။
ကောက်ရိုး လွန်ခဲ့သော နှစ်များစွာက အဖြစ်အပျက်ကို ပြန်ရောက်သွားသည်။
လွန်ခဲ့သောနှစ်များစွာက ကိုကိုအောင်နှင် ကောက်ရိုးတို့သူငယ်ချင်း ခြောက်ယောက်သည် ပြင်ဦးလွင်မြို့ showပွဲတစ်ခုသွားရာက စခဲ့ကြလေသည်။
မှတ်မှတ်ရရ စိုင်းစိုင်းအပါအဝင် ရက်စ်ပါတွေ အများစုပါသောပွဲတစ်ခု။
ကောက်ရိုးတို့ သူငယ်ချင်းတစ်စုလည်း နီးစပ်ရာ ဘကြီးဘုန်းကျောင်းတွင်တည်း၍ ညပိုင်း showပွဲ သွားကြသည်။ ထိုခေတ်က show ပွဲသွား ဂျွန်းတွေထိုးကြတာ ကောက်ရိုးမှ ဆယ့်17နှစ်ရှိသေးတာ။
သူငယ်ချင်းခြောက်ယောက် တောကလာသလို တွန့်ဆုတ် တွန့်ဆုတ်ဝင်သွားရင်း ဟိုကြည့်ဒီကြည့်ပေါ့။
ကိုအောင်ကတော့ ဆော်လေးတွေကြည့်ရင်း ပျော်မြူးနေတာပေါ့။ ကျနော်တို့လိုတောသားတွေလေ။ ကိုအောင်ကမှ နယ်စုံရောက်ဖူးတာ ဆရာကြီးကိုး။
ဟေ့ကောင်တွေလာစမ်းပါကစမ်းပါဟ။
ကကကိုအောင်က ကျနော်တို့မကတတ်ဘူး။
အေးနေစမ်းကွာဆိုပီးကိုအောင် လူကြားထဲဝင်ကလေသည်။
ခဏအကြာတော့ ကိုအောင် အခြောက်လို့ပြောရမလား မိန်းမနဲ့အတော်တူသော အခြောက်တစ်ယောက်ဆွဲလာလေသည်။ သူနှင့်အတူ သူ့အဖွဲ့လည်း 7ယောက်ခန့်ပါလာသည်။
ဟေ့ကောင်တွေကြိုက်တာရွေးကြ အလန်းတွေဟ။
နေပါ့စေကိုကြီးရာ မလုပ်ပါနဲ့။ ကိုအောင်လည်း သိပ်မကဲနဲ့ ကိုယ့်နယ်မဟုတ်ဘူးနော်ကိုအောင်။
ဟေ့ကောင် ကောက်ရိုး အောင်ကြီးက နယ်မရွေးဘူးကွ။ steemit မှာစာရေးနေတာ တော်ရုံကောင်မဟုတ်ဘူး။ မင်းတို့မလိုက်လဲနေပေါ့ ငါသွားကဲလိုက်ဦးမယ် ကျောင်းမှာ ပြန်ဆုံမယ်ဟေ့။
ပြောပြောဆိုဆို ကိုအောင် အပြင်လစ်သွားလေသည်။ ဟိုမရောက်ဒီမရောက်ကို ပခုံးလေးဖတ်လို့ပေါ့။
ကိုအောင် ကိုယ့်နယ်မဟုတ်ဘူးနော် လျောက်သွားမနေနဲ့
ကောက်ရိုး လှမ်းအော်သေးသည်။
ကိုအောင်ကြီး အယ်ကိုဟောဇာတိများပြနေတော့ အေးဆေးညီတို့ ကိုအောင်ကြီး နယ်မရွေးဘူး။
ပြောလည်းပြော ဂျော်တကီးမလှလှလေးအားလည်း ဗွက်ခနဲ နမ်းလိုက်ကာ လစ်သွားလေသည်။
အရှင်ဘုရား ကယ်တော်မှုပါ။
ဦးပဌင်း ကယ်ပါဘုရား။
တပည်တော် ဘဝပျက်ပါပီဘုရား ဗြဲဗြဲ။
ညက ကိုအောင်ကြီးကို ကျောင်းပြန်ရောက်လာမယ် ဆိုပီး စောင့်မနေပဲပြန်လာခဲ့ကြတယ်။
ကျောင်းကိုမရောက်သေးတော့ ဆရာတော့ ဇိမ်ခံမဆုံးဖြစ်နေပီဆိုပီး အင်း ညိမ့်ပါစေညိမ့်ပါစေ မနက်ရောက်လာမှာပဲဆိုပီးအိပ်ကြတယ်။ သိတယ်လေ နယ်မရွေးတဲ့ စုံလဲစုံတဲ့ကိုအောင်ကြီးကိုးဗျ။
အခုတော့..
မနက်ငါးနာရီလောက်မှ ကျောင်းတံခါး ပုပ်ပီး အော်နေသော ကိုအောင်ကြီး အသံကြားမှ အားလုံးလန့်သွားကြတယ်။
ဟေ့ကောက်ရိုး ထသွားဖွင့်ပေးစမ်း ဘယ်သူတုန်းမသိ။
အောင်ကြီးအသံပဲ ညက မင်းတို့ခေါ်မလာကြဘူးလား။
ဆရာတော် ခိုင်းရင်း ပစ်ထားတဲ့အတွက် မာန်လေသည်။
ကောက်ရိုး ပြာတီးပြာယာပြေးပီး တံခါးဖွင်လိုက်တော့...
အားလားလား ကိုအောင်ကြီးလေပ ခန္ဓာကိုယ်တစ်ခုလုံးဗလာကျင်းနဲ့ အောက်ခံဘောင်းဘီလေးတစ်ထည်သာ ပါလေသည်။
တုန်တုန်ချိချိနှင် ဗိုက်လေးဖိကာဖိကာကျောင်းထဲဝင်လာသည်။
ဆောင်းတွင်းပြင်ဦးလွင်အအေးဒဏ် မည်သို့ခံလာသနည်း။
ကိုအောင်ကြီး ကောက်ရိုးကျော်ကာ ဆရာတော်ဘုရားဆီပြေးဦးချလေသည်။
ဟေ့အောင်ကြီး သွေးသားကောင်းစ။ ဘယ့်နှယ် ဒီအချိန်ကြီးဖင်တုံးလုံးနေသလဲဟဲ့။ ဘာတွေဖြစ်လာတာလဲ။ ပြောစမ်းပါဦး။
အရှင်ဘုရား တပြည်တော်မနက်မှလျောက်ပါရစေဘုရား အခုချမ်းလွန်းလို့ စောင်လေးနဲ့ကွေးပါရစေဘုရား။
အေးအေး အားလုံးအိပ်ရေးပျက်ကြမယ် အောင်ကြီးကို ကူပေးလိုက်ကြဦး မနက်မှလျောက်တော့ ဘုန်းကြီးလဲကြိမ်းမယ်ကွယ် မနက်အာရုဏ် ထရဦးမယ်။
အားလုံးလည်း ကိုအောင်ကြီးကို အခုမှပြေးတွဲခေါ်ပီး အခန်းဆီပြန်လာခဲ့ကြတယ်။
အခန်းပြန်ရောက်လို့ အင်္ကျီဘောင်းဘီဝတ်ပေးပီးကိုအောင်ကြီး ခေါင်းအုံးကြီးဖတ်ငိုတာပဲ ကျုပ်တို့လည်း တညလုံးမအိပ်ရဘူး သူ့ငိုသံကြောင့်။
လေးစားရသော စုံလည်းစုံသော ကွီးအောင်ကြီး ဘယ်လိုတိုက်ပွဲကျခဲ့တာလဲ ဆိုသောအတွေးများစွာဖြင့် မိုးလင်းခဲ့ချေပီ။
ဆက်ရန်
😝😝😝😝😝
MSC 005
That Ko Zaw