(ယခုစာပိုဒ်များတွင် ပါဝင်သော အချို့အကြောင်းအရာများသည် အနည်းငယ် ရိုင်းသကဲ့သို့ဖြစ်နေသော်လည်း ထိုအဖြစ်အပျက်သည် တကယ့်အဖြစ်အပျက်ဖြစ်သောကြောင့် သတိချပ်စေရန် အတတ်နိုင်ဆုံး ရွေးချယ်ရေးသားထားပါသည်။ အနည်းငယ် ရိုင်းသည်ဟု ထင်မြင်ပါက ခွင့်လွတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။)
မနက်မိုးလင်းသော် ဆရာတော်သည် အောင်ကြီးအဖြစ်သနစ် စိတ်ဝင်စားတော်မှုသောကြောင့် အခေါ်လွတ်လေသည်။
ကောက်ရိုးသွားခေါ်သော် ကိုအောင်ကြီးသည် ထိုခေတ်က ဗွီဒီယိုမင်းသမီး
မိုးပြည့်ပြည့်မောင် ငိုသကဲ့သို့ ခေါင်းအုန်းကြီးဖက်ကာ ငိုနေဆဲဖစ်သည်။
တညလုံးအိပ်ဟန်မတူ။ ငိုချည်း ငိုနေလေသည်။ ကောက်ရိုးမှာ ယောက်ျားရင့်မာကြီးတစ်ယောက် မောက်ကာ ခေါင်းအုံးကိုဖတ်ကာငိုနေပုံကား မသိရင် မဒိန်းကျင့်ခံရသော မင်းသမီးနှင့် အတော်တူလေသည်။ သို့သော် ဒါသည် ဇတ်ဝင်ခန်းမဟုတ် ကိုအောင်ကြီး ကျားစစ်စစ်ကြီး။ ကျနော်တို့ရဲ့အားလုံးရဲ့ လီတာကြီး စုံလည်းစုံသောကိုအောင်ကြီးလေ တရှုံ့ရှုံငိုနေပုံက မထင်ရက်စရာ ကျနော်တို့ပဲ မနေ့ညက အမှုးမပြေလားထင် အိပ်မက်လိုလို။
``ကိုအောင်ကြီး ဆရာတော်ခေါ်နေတယ်´´
``အေးပါ ကောက်ရိုး လာခဲ့မယ် အေးပါ...ဟီး...ဟီး´´
ကိုအောင်ကြီး မျက်ရည်တွေသုတ် ပီး အနွေးထည်တထပ်ဝတ်ထားတာကို ထပ်ဝတ်ပီး စောင်ထဲမှ ထလာလေသည်။
ကောက်ရိုးအမြင်ဖြင့် ကွတကွတနိုင်ကာ မကြာခဏ ကျွတ်ကျွတ်တိုးတိုးလေးညည်းကာ ထလိုက်လာလေသည်။
ဆရာတော်ရှေ့ရောက်သော်
``ဟေ့....အောင်ကြီး´´
``ဘုရား´´
``ပြောစမ်းပါဦး ဘာဖြစ်လာသလဲဟ´´
ဆရာတော်မေးလိုက်လေသည်။ ဆရာတော်မေးတာနဲ့ ဘေးက ကျနော်တို့ကိုကြည့်ရင်း
ကိုအောင်ကြီး ငိုပြန်လေသည်။
ဟီးအအီးအီးဟီး´´ဟကောင်ရ မေးနေတာမဖြေပဲ ဘာလို့ငိုနေရတာလဲ။ ညက ဘာမဟုတ်တာတွေလုပ်လာလို့ ဖင်တုံးလုံးပြန်လာရသလားဟ ပြောစမ်း´´
ဆရာတော်မာန်လည်းမာန် မေးလည်းမေးပြန်သည်။ ဆရာတော်ဒေါသထွက်ရင် မလွယ်။ အခုထိ အဖေတောင်ပြာနေအောင်ကြောက်သည်။ ကိုအောင်ကြီး ဘာခံနိုင်ရိုးလား။
ကျနော်တို့လည်းစိတ်ဝင်စားစွာနားထောင်နေမိတယ် ကိုအောင်ကြီးဘာဖြစ်လာသလဲပေါ့လေ။ ကိုအောင်ကြီးခမျှာမှာတော့ ကျနော်တို့ကိုတလှည့် ဆရာတော်ကိုတလှည့် မျက်နာငယ်လေးနဲ့ကြည့်ရင်း သက်ပြင်းချကာ လျောက်တော့သည်။
``တင့်ပါ့ဘုရား
မနေ့ညက တပည့်တော် ကောက်ရိုးတို့ မဟော်တို့ကို ထားခဲ့ပီး ဂျော်တကီးတွေနဲ့ အပြင်ထွက်ခဲ့မိပါတယ်ဘုရား။´´
``ဟကောင် အောင်ကြီး ဘာတုန်း ဂျော်တကီးက´´
ကိုအောင်ကြီးဆက်ဖြေရသည်။
``အခြောက်ပါဘုရား အခြောက်တွေပါ။ တပြည့်တော် ပွဲသွားရင်း အခြောက်အုပ်စုနဲ့တွေ့တော့ ဟိုပြောဒီပြောနဲ့ သူတို့အုပ်စုနဲ့ ရောခဲ့မိတယ်ဘုရား။´´
ဆရာတော်မှ
``အခြောက်ဆိုအခြောက်ပေါ့ကွာ ဘယ့်နှယ်ဂျော်တကီး ထားတော့ဆက်ပြော မင်း ဘာဖြစ်တာ။´´
``တင်ပါ့၊ တပည့်တော် သူတို့နဲ့ကနေရင်း အပြင်သွားသောက်မယ်ဆိုလို့ ကောက်ရိုးတို့ကို စိတ်မပှုနဲ့ပြောပြီး show အပြင်ထွက်လာမိပါတယ်။
သူတို့ကတိုက်မယ်ဆိုပီး တပည့်တော်ကိုဝယ်တိုက်ကြတာ တပည့်တော်လည်း မှုးနေတာနဲ့ တိုက်သမျှထပ်သောက်တော့တာပဲဘုရား။´´
``အေး ဆက်ပြော´´
``နောက်တော့ တပည့်တော်ဘာမှမမှတ်မိတော့ပါဘူး။ တပည့်တော်ချမ်းလို့ နိုးလာတော့ မြက်ခင်းပေါ် တကိုယ်လုံး တုံးလုံးကျွတ်နဲ့ပါပဲဘုရား။ ဘယ်သူ့မှမတွေ့တော့ပါဘူး။ ကန်တော့ပါဘုရား စအိုဝက မခံရပ်အောင်နာနေပီး လက်နဲ့စမ်းကြည့်တော့ ချွဲကျိကျိအရည်တွေပဲတွေ့တယ်ဘုရား။
ဒါနဲ့ ဘေးက ခြုံပေါ်မှာအောက်ခံဘောင်းဘီလေးတွေ့တော့ ကောက်ဝတ်ပီး ကျောင်းကိုပြေးလာတာပါပဲဘုရာ။ အီး..ဟီးဟီး...။´´
ကျနော်တို့ လီတာ စုံလည်းစုံ နယ်မရွေးသော ကိုအောင်ကြီးပြောလဲပြော ငိုလည်းငိုပြန်သည်။
ခေတ်အမြင်ရှိသော ဆရာတော် ဂန်းနားပီယ မှ အဖြစ်သနစ်ကိုနားထောင်ပီး ခေါင်းတဆက်ဆက်ငြိမ့်ကာ
`` အင်း ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့ကွယ်။ မှုးမှောက်နေလို့သာ သက်သာတယ်။ နိုးနေလို့ကတော့ ကြက်သီး တဖျန်းဖျန်းထသွားမှာပဲမောင်ရေ။ အသက်ကိုရန်မရှာကြတာကံကောင်းပေါ့ကွယ်။ ဒါထက် အောင်ကြီး ဆေးခန်းသွားမလား ဘယ်နှစ်ယောက်လောက်ရှိလဲကွ အခြောက်တွေက။´´
``မသွားတော့ပါဘူးဘုရား။ တပြည်တော် နာပေမယ့်မပြရဲဘူးဘုရား။ ဟိုကလည်းထပ်မေးရင် တပြည့်တော်မဖြေရဲဘူး။ အခြောက်အုပ်စုက ဆယ်ရောက်လောက်ရှိတယ်ဘုရား´´
ဆရာတော် ပြုံးကာ အားပေးလေသည်
``အေးကွယ် ကိုယ့်ဝဋ်ကြွေးပါလာတယ်လို့မှတ်ပေါ့ကွယ်။ ဦးဇင်းစာဖတ်ပီးသိသလောက်တော့ ဆယ်ယောက်လောက်ဆိုလဲ အကုန်မဟုတ်တန်ရာဖြစ်မှာပါ။ လွန်ရောကျွန်ရော ကိုးယောက်ပေါ့ကွာ ကိုယ့်အလှည့်ကျ ယောက်ျားပီပီ အံကျိတ်ခံပေါ့ကွာ။ ဟားဟားဟား´´
ဆရာတော်ချော့ခါမှ ကိုအောင်ကြီးလည်း ဗြဲ ဗြဲနဲ့ ငိုတော့တာပဲဗျာ။ ပြီးပြောသေးတယ်
``အရှင်ဘုရား ယောက်ျားရင့်မာကြီးကျမှ အုပ်စုလိုက် မုဒိန်းကျင့်ခံရတာမို့ ငိုတာပေါ့ဘုရား ဟီး အီးအီး´´
ပြောပီကော ကျနော့လီတာ ဆရာကြီးကိုအောင့ဖြင့် အတော် အတွေ့အကြုံစုံပါတယ်ဆိုနေမှ။
ခင်ဗျားကော သူ့နေရာကခံစားကြည့် ကြက်သီးဖျန်းဖျန်းထသွားမယ်မို့လား။ တကျပ်ကြေးလောင်းထားပါတယ်ဆို။
``ငွေရောင်းနှင်းစက်လေးတွေဖြန်းတဲ့ပန်းလို....အိုး......အို့.....အို...´´
ဖုန်းကလာပြန်ပီ။
``ဟုတ်ကိုအောင် ကျနော်ရောက်တော့မယ် ok´´
ဆက်ရန်
MSC 005
That Ko Zaw