မနေ့က Facebook မှာ ဆရာတင်လှိုင်ဦး ပုဂံအမှတ်တရပုံတွေတင်တော့ ပုဂံမှာဆုံခဲ့ကြတာလေး ပြန်သတိရတယ်ဗျာ။
ဘာလိုလိုနဲ့ ပုဂံမှာ MSC Gathering လုပ်ခဲ့တာ 7 လကျော် 8လ ရှိခဲ့ပီ။ Gathering မှာ တခါမှမမြင်ဘူးတဲ့ မိတ်ဆွေတွေများစွာကို တစုတစည်းထဲတွေ့ရခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် online ပေါ်မှာခင်ခဲ့မင်ခဲ့တာကြာပေမယ့် အပြင်မှာမတွေ့ဖူးသူတွေ အများကြီးကိုတွေ့ခဲ့ရတယ်။
အခုမှစတွေဖူးပေမယ် ငယ်ပေါင်းကြီးဖော်လို ရင်းရင်းနှီးနှီး စနောက် ရယ်မောပျော်ရွင်ခဲ့ရတာမှတ်မှတ်ရရပါ။
တခုမကောင်းတာက အားလုံးထန်းရည်ဝိုင်းမှာ ပျော်ပျော်ရွင်ရွင်နဲ့ အာဝဇွန်းရွင်နေပေမယ့် ကျနော်တစ်ယောက်သာ ငုတ်တုတ်လေး တစ်ယောက်ထဲရေချည်းသောက်နေရတာ အခုပြန်တွေးရင်တောင် ဝမ်းနည်းနေတုန်းပဲ။ ရေးရင်းတောင် ဝမ်းကနည်းလာပြန်ပီ။
ပုဂံကိုလာလည်ရင်း အမှတ်တရဓာတ်ပုံတွေရိုက်ကြတော့ ကျနော်လည်း အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေရိုက်ဖြစ်ခဲ့တယ်။ သူများတွေ ပြန်တင်တော့ ကိုယ်လည်း ပြန်တင်လာချင်တယ်။
ဓာတ်ပုံကလည်း သေချာမရိုက်တတ်တော့ ကိုယ်တတ်သမျှသော အနုပညာလေးနဲ့ ရိုက်ထားရတာပေါ့။
ကျနော့ အမှတ်တရပုံလေးတွေကို sleeping beauty လို့ အမည်ပေးထားပါတယ်။ ခံစားကြည့်ပါဦး။
Not for sale ပါနော်။
အဲ့လိုဓာတ်ပုံလေးများရိုက်ချင်ရင်တော့ဖြင့် တောင်ကြီး Gathering ပွဲလေးကို ဖြစ်အောင်လာခဲ့ပါ ကျနော် အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင်ရိုက်ပေးပါ့မယ်။
ကျနော်က ပုဂံကျောင်းကို မကြာခဏသွားဖြစ်တယ်။ တခေါက်က ပုဂံကျောင်းကိုရောက်နေတုန်း ကွပ်ပျစ်ပေါ် မိသားစုတစုလာထိုင်နေကြတယ်။ အဲ့အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက်က စကားလာပြောရင်း စပ်မိစပ်ရာ တန့်ကြည်တောင်၊ လောကနန္ဒ၊ တုရွင်းတောင်၊ ရွှေစည်းခုံ စွယ်တော်လေးဆူ တရက်နဲ့ဖူးတဲ့အကြောင်းတွေရောက်သွားတယ်။ တူသောပစ္စည်း တူသောဆုတောင်းနဲ့ဆုတောင်းရင် ပြည့်တယ်ပြောကြတာပါပဲ။
အဲ့ဦးလေးနဲ့စကားပြောနေရင်း ဟိုဘက်သစ်ပင်နားမှာထိုင်နေတဲ့ ခပ်ဝဝ အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်ထလာပီး အဖေ ပါဝါဘဏ့်ပါသေးလားလာမေးတော့မှ လူပုံစံကြည့်ပီး ``-------´´လို့ ခေါ်ကြည့်လိုက်တာ။ ဟုတ်ပဗျာ MSCကထွက်သွားတဲ့ ဟိုလီဗာဗူးFan ဖက်တီးပုပ်ဖြစ်နေတာကိုးဗျ။
MSC က ထွက်ပီးမှ Gathering လာတဲ့ ခလိန်းလေ။
``ဟား ကိုသက်ကြီး ဒီဘာလာလုပ်တာလဲတဲ့´´
သူကများမေးရသေး ကျနော်က အဖေ့ကျောင်းဆိုတော့ အဖေနေမကောင်းဘူးကြားတာနဲ့ သွားသွားစောင့်ပေးနေရတာကိုး။
သူတို့မိသားစုလည်း ပုဂံလာလည်ရင်း ဘုန်းကြီးကျောင်းတွေပြည့်နေလို့ Gathering တုန်းကရောက်ဖူးထားတော့ ဒီကျောင်းကိုခေါ်လာခဲ့တာတဲ့။
တွေ့တွေ့ချင်းပဲ ကိုသက်လာဗျာ Tea သွားသောက်ရအောင် ဆိုတော့ ထွက်လာလိုက်တယ်။
Tea ဆိုင်ရောက်မှ ဆရာသမားက
ကိုသက်နဲ့တွေ့တာကံကောင်းတာပဲဗျာ ကျနော် ဆေးလိပ်သောက်ချင်တာ ခံတွင်းတွေကိုချဉ်လို့ အဖေနဲ့အစ်မတွေသိမှာစိုးလို့မသောက်ရဘူးဗျာ။ အခုလို Tea ဆိုင်ထွက်ရမှ သောက်ရတာပဲ ဆိုပြီး အငမ်းမရ ဆေးလိပ်မှာသောက်တော့တာပဲ။
ဒါဖြင့် တနေကုန် တလိပ်မှမသောက်ရသေးဘူးလားဆိုတော့
နေ့လည်က တစ်လိပ်သောက်တယ်။ အနံ့နံမှာစိုးလို့ တမာရွက်တွေခူးဝါးတာဗျာ ခါးလိုက်တာ ဆိုတော့ ကျနော်ခွက်ထိုးလန်အောင်ရယ်မိသည်။
Tea လေးသောက်ပီးပြန်လာတော့ ဆယ့်တစ်နာရီထိုးနေပီ။ ဘယ်သူမှမရှိကြတော့ဘူး။
ဆရာသမားက ကျနော်နဲ့ ကွပ်ပျစ်ပေါ်ထိုင်ပီး ဖုန်းပွတ်နေလေရဲ့။
နောက်တော့ ကျနော့ကိုလှမ်းပြောတယ်။
ကိုသက်အိပ်ချင်အိပ်နော် ကျနော်က ထိုင်ဦးမှာ အိပ်အိပ်ကျောင်းထဲဝင်အိပ်တဲ့။ ခပ်တည်တည်ပဲ။
ကျနော်လည်း ရပါတယ် မအိပ်သေးပါဘူးပဲပြောလိုက်တယ်။
ခဏကြာတော့ ဖျက်ခနဲ ထလာပီး တူန်တူန်ရီရီနဲ့လာမေးတယ်။
ကိုသက်ကိုသက် ဒီကျောင်းက သရဲ ခြောက်တယ်ဆိုဟုတ်လား။ အိပ်နေရင်းနဲ့ကို စောင်တွေဆွဲ ခြေထောက်တွေဆွဲတယ်ဆို ဟုတ်လားကိုသက်
ကျနော်လည်းခပ်တည်တည်ပဲ ဘယ်သူပြောလို့တုန်းဟ ဟုတ်တယလေ။ ဒီမင်းအပေါ်ကသစ်ကိုင်းပဲ ဆွဲကိုးချသေထားတာလေ ဆိုတော့
အောင်မလေးဗျ ဆိုပြီး ခန္ဓာကိုကြီးနဲ့မှမလိုက် တဆက်ဆက်တုန်ပြီး လူကိုဖတ်ထားတော့တာပဲ။
ကျနော့ကို ပြန်ပို့ပေးတော့ ပြန်ပို့ပေးတော့ အမလေး ဟိုမှာအရိပ်ကြီးလားမသိဘူး လုပ်ပါဗျာ ကျနော်အိပ်တဲ့နေရာပို့ပေးပါဗျာ
ကြောက်အားလန့်အားတွေဖြစ်တော့တာပဲ။
ကျနော့တသက် အဲ့လောက် သရဲကြောက်တဲ့သူမတွေ့ဖူးဘူး။ ဒီကစရုံစလိုက်တာ သူက ခုချက်ခြင်းလန့်ပီးမှုးလဲမယ့်အတိုင်းပဲ။
လုပ်ပါဗျာ လိုက်ပို့ပေးပါတဲ့။ ငိုသံကြီးနဲ့။
ဘာတဲ့ ခဏကတော့ဖြင့် ကိုသက်အိပ်ချင်ဝင်အိပ်လေ ကျနော်က ထိုင်ဦးမှာတဲ့ မိုးအလင်းထိုင်မယ့်ပုံနဲ့။
ဒါနဲ့ အဲ့ဝက်ပုပ်ကို ကျောပိုးမတတ်ခေါ်ပီး သူ့အဖေအိပ်နေတဲ့ ကားထဲသူအဖေဘေးပို့ပေးလိုက်ရတယ်။
တခါလားတွေ့လိုက်ရပါတယ် မှတ်မှတ်ရရပါပဲ ဝက်ပုပ်ရယ်။
ဘယ်သူလဲဆိုတော့ ဟိုနေ့က ဒီ app ရေးထားတယ်ဆိုတဲ့
မကွေးကဖိုက်တာ ဘာဘူfanကြီးပါ။
သူမရှိလို့ အတင်းတုပ်လိုက်ပါသည်။