စိတ်ကူး စိတ်ကူးနဲ့ တွေးနေမိတာလေးတွေပေါ့။
တကယ်တော့ ကျနော်တို့မှာပြဿနာလေးတွေရှိကြတယ်ပေါ့လေ။
တခါတလေ အိမ်နဲ့အဆင်မပြေဘူး
``တော်ပီကွာ မင်းနဲ့ဆက်မပြောချင်တော့ဘူး´´
ဆက်ပြောမိရင် ဆိုးလာမယ့်အနေအထားတွေလေ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုန်ကြပီဆိုမှတော့ အနိုင်လိုချင်လာကြတာချည်းပဲ။ ဖဝါဿ စကားတွေပြောမိမှာဆိုးတော့ မပြောတော့ဘူးထွက်လာခဲ့တယ်။
ဘယ်သွားမလည်း မေးစရာမလိုဘူး ကိုယ်တွေက ဘုံဆိုင်ပေါ့လေ။
အရက်သောက်လိုက်လို့ ပြေလည်သွားမှာမဟုတ်မယ့်အတူတူ အချိုရည်လည်း မသောက်ဖြစ်ဘူး။
ရင်ဖွင့်စရာသူငယ်ချင်းလေးဖုန်းဆက်မိတယ်။ သြော် အဝေးရောက်နေပါရောလား။
ကိုယ်စီကိုယ်င အလုပ်တွေနဲ့ကိုး။
ပုံလေးတွေတော့ပို့ရှာပါတယ်။
ငါလည်း မေမြို့မှာသောက်နေတာဆိုပီး ခွက်ပုံလေးတော့ပို့လိုက်ရှာတယ်။ နယ်လေးဝေးနေရတာကိုးဗျ။
တစ်ယောက်ထဲ ထားပါတော့ဆိုပီး အင်တာနက်ဖွင့် messenger လေးက ကတောင်ကတောင်။
ဟို စင်ကားပူးက အယ်ကိုကြီးက ပုံပို့ regal 12လေး။ ဟိုရန်ကုန်က ခိုခိုက ဆိပ်ကမ်းနားမှာလေလေးတဖြူးဖြူးနဲ့ myanmar နဲ့တဲ့။
ကောက်ရိုးတွေးမိတယ် လူတွေ အရက် ရေခဲချောင်းတို့ ဘီယာ ချိုချဉ်တို့မထုတ်ကြဘူး။ စွန်ဦးတီထွင်စီးပွားရေးဆိုတဲ့ gp တွေဝင်ကြည့်တော့လည်း တစ်ယောက်လုပ်မှ နောက်တစ်ယောက်လိုက်လုပ်ပြန်။ ဘာလို့ တကမ္ဘာလုံးကြိုက်နှစ်သက်ပီး ကမ္ဘာနဲ့ချီမထုတ်ကြလည်းမသိပါဘူး။
ကောက်ရိုးတို့ဆိုတာ တရပ်ကွက်ထဲနေလို့ အပြင်က သူငယ်ချင်းနဲ့ ဆုံချင်မှဆုံမယ် မနက်မိုးလင်းတာနဲ့ ဖုန်းဖွင့်ပီး မင်္ဂလာပါလုပ်ကြတာ။ online ပေါ်က သူငယ်ချင်းပိုများသေး။
အပြင်က သူငယ်ချင်းကကော အလုပ်သွား နောက် မိသားစု ကိစ္စဝိစ္စနဲ့ အားတဲ့အချိန်မတူတော့ မဆုံဖြစ်။ အရေးကြီးဖိတ်စရာ ပြောစရာရှိတာတောင် လှမ်းအော်ရင်ရတာတောင် ဖုန်းဆက်ချင်ဆက် မဆက်ရင် လိုင်းပေါ်က စာပို့ထားတာပဲ။
ဟျောင့် မနက်ဖြန်အားရင် ငါ့အိမ် 11လောက်လာခဲ့ဦး တို့ဘာညာပေါ့။
Online ပေါ်ကတော့ ဖုန်းဖွင့်တာနဲ့ လိုင်းပေါ်ရှိနေ တန်းဆုံပီလေ။
ဒါကြောင့် ဇူကာဘက်တို့ ညံ့နေတယ်ပြောချင်တာ။
ယောက်ျားလေးတွေရဲ့ သဘာဝတွေကျတော့ပိုတိုးချဲ့မလာဘူး။ ဖွန်ကြောင်တာကလွဲရင်ပေါ့။
ကျားများက လူစုံလာရင် ပုလင်းဖွင့်မလား
ဖဲထုပ်ဝေမလားပဲသီးသန့် သွားချင်တာ။
ကောက်ရိုးများ လေထန်ကုန်းလုပ်မိရင်လေ
ထိုင်ခုံသေးသေးလေးတွေနဲ့ ဖုန်းတင်စရာလေးတွေနဲ့
wifi video call ကိုသေချာလေးလုပ်ပေးပလိုက်မယ်။
Messenger ကနေ ဝိုင်းဖွဲ့ကြပေတော့ပဲ။ မစုံလို့ အတူမသောက်ရတာမရှိအောင် ချီးယားပေတော့ပဲ။
နောက် messenger မှာလဲ အကောက်ကောက်ပီး ဝိုင်းတည်ပေးပလိုက်မယ် မီးမတွေဘာတွေပေါင်ပီး ရိုက်ကြစမ်း။ ငါ့မီးမကြီးတင်တယ် အလိုက်ဆယ်သိန်းတွေဘာတွေနဲ့။
စကြနောက်ကြလို့ ရန်ဖြစ်လည်း ဖုန်းနဲ့ပဲ။ လူများလို့ စကားမများကြတော့ဘူး ပီးရော။
ဇူကာဘက် ညံ့ကိုညံ့တယ်။
😀😀😀😀😀😀😀
MSC 005
That Ko Zaw