VSLA
လွန်ခဲ့သော သုံးနှစ်ကျော် လေးနှစ်က ကျနော် ရပ်ကွက်ထဲက World Vision Center က ငွေစုခြင်းအကြောင်း ဟောပြောပေးမလို့ လာနားထောင်ပေးပါဆိုသောကြောင့် သွားဖြစ်ခဲ့တယ်။ အဲ့ဒီမှာ VSLA ဆိုတဲ့ ရပ်ရွာအခြေပြု ကိုယ့်အားကိုယ်ကိုး ငွေစုငွေချေး အဖွဲ့ငယ်လေးတွေအကြောင်းကို စသိခဲ့ရတယ်။
VSLA အရှည်ကောက်က Villager Saving and Loan Associate လိုခေါ်ပါတယ်။
ဒီအဖွဲ့တွေရဲ့ရည်ရွယ်ချက်က အခြေခံလူတန်းစားတွေစုနေရာရပ်ကွက်အတွင်း ငွေစုခြင်းအလေ့အထဖြစ်ပေါ်လာအောင်နဲ့ ဆီတိုး၊ ရေတိုး၊ နေပြန် ဆိုတဲ့ အတိုးနှုန်း မြင့်မားလှစွာသော ချေးငွေများယူကာ အတိုးနွံ့ထဲကနေ ရုန်းမထွက်နိုင်တာမျိုး ထပ်မဖြစ်အောင် ကူညီပေးခြင်းဖြစ်ပါတယ်။
ကျနော်တို့ ကျေးလက်တွေ/ဆင်းရဲသားရပ်ကွက်တွေမှာ နေ့ပြန်ပေးသူတွေ၊ ငွေချေးတဲ့အဖွဲ့အစည်းများစွာ ရှိကြပါတယ်။
ဆင်းရဲသားတွေဆိုတဲ့အတိုင်း တနေ့ ဝင်ငွေနဲ့ထွက်ငွေ မျှတစွားမသုံးနိုင်တိုင်း ဘယ်ကနေချေးရမျလိုက်ရှာပီး နေ့ပြန်တွေ စတင်ယူပါတယ်။ ထိုမှစ အကြွေးစတင်ပါပီး 20% အတိုးပေးရပါပီ။
စားဖို့မှအနိုင်နိုင်ပါဆိုတော့ နေ့စဉ်သွင်းရတဲ့ နေ့ပြန်ကို ပေးဖို့ အပိုငွေကမထွက်လာ။ ဒါနဲ့ ပဲပြုတ်သည် အကြော်သည် အဝတ်လျော်သူမှအစ ချေးငွေထုတ်ပေးတဲ့အဖွဲ့တခုဆီက ငါးယောက်တစုစု ချေးငွေထပ်ထုတ်ပီးတော့ နေ့ပြန်ကိုထိုးဆပ်ရပြန်တယ်။ နောက်ထပ် တလ 3% ထပ်ပေးရပြန်ပါပီ။ ထိုအဖွဲ့ကိုဆပ်ချိန်ရောက် လာတော့ နောက်တဖွဲ့ကနေ ထပ်ချေး။ အရင်အဖွဲ့ကို ထိုးဆပ်။ ဒီလိုနဲ့ ရသမျှငွေ ဟိုဘက်ပေးလိုက် ဒီဘက်ကိုပေးလိုက်နဲ့ နောက်ဆုံးတော့ ပိုလာတာဆိုလို့ အတိုးတွေပဲ လည်ပင်းနှစ်လာပါတော့တယ်။ ပြေးမလားသေမလားပဲ ရှိပါတော့တယ်။ သို့သော် အတိုးက တဖွဲ့ 3%နဲ့ ငါးဖွဲ့ခြောက်ဖွဲ့ဆိုသော် အချိန်တွေကုန်တာ မြန်လွန်းတယ် ဆိုပြီးဖြစ်နေရကြတယ်။
ပြေးဖို့ရာကလည်း ငွေစုငွေချေး အဖွဲ့တွေမှာ ချေးငွေထုတ်ရင်ဖြင့် ငါးယောက်တဖွဲ့စုထုတ်ရပါတယ်။ အချင်းချင်း အာမခံမှသာထုတ်ပေးတာပါ။ တယောက်ပြေးရင် ကျန်တဲ့လေးယောက်က စိုက်ဆပ်ရပါတယ်။ ဒီလိုနဲ့ ကိုယ်ပိုင်လုပ်ငန်းများလုပ်နိုင်ရန် ဖွံ့ဖြိုးတိုးတတ်ရန်ဆိုပီး အဖွဲ့တွေမှ ထုတ်ပေးသောအတိုးနည်းချေးငွေများသည်ကား မြန်မာလူမျိုးတို့၏ ခြင့်ချိန်နိုင်စွမ်းနည်းပါးကာ ကုလားဖန်ထိုးဆပ်နေသောကြောင့် အတိုးကြီးချေးငွေဖြစ်လာရသည်။ စပါးပေးသော်လည်း မကြိတ်တတ်သောကြောင့် ဆန်မဖြစ်ပဲ အမှိုက်ဖြစ်လာရသည်။
ဒါကို မြင်လာတော့ ခဏက ကျွန်တော်ပြောတဲ့ VSLA အဖွဲ့ငယ်တွေကို လုပ်ဖို့ ကျနော်တို့ရပ်ကွက်အတွင်းက CBO အဖွဲ့မှ ဟောပြောကြသည်။ ဒါနဲ့ ကျနော်လည်း VSLA အဖွဲ့လေးတဖွဲ့ ထူထောင်ဖြစ်ခဲ့သည်။
VSLA အဖွဲ့ မထူထောင်ခင် သူရဲ့လုပ်ဆောင်ချက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ရပါတယ်။
အဖွဲ့ဖွဲ့ဖို့ကတော့ VSLA ဘောင်အတွင်းကပဲ မိမိတို့အရပ်ဒေသနဲ့ကိုက်ညီအောင် စည်းမျဉ်းဆွဲကပါတယ်။
ထို့နောက် အဖွဲ့အစည်းဆိုသည့်အတိုင်း
| No. | တာဝန် | လုပ်ငန်း |
|---|---|---|
| ၁ | ဦးဆောင် ၁ | အဖွဲ့အရေးကိစ္စများဆုံးဖြတ်ရန် |
| ၂ | ဦးဆောင် ၂ | စာရင်းကိုင်ရန် |
| ၃ | ဘဏ္ဍာထိန်း | ငွေသေတ္တာ ထိန်းသိမ်းရန် |
| ၄ | သော့ကိုင် ၁ | သော့အမှတ် ၁ သော့ထိန်းသိမ်းရန် |
| ၅ | သော့ကိုင် ၂ | သော့အမှတ် ၂ သော့ထိန်းသိမ်းရန် |
| ၆ | သော့ကိုင် ၃ | သော့အမှတ် ၃ သော့ထိန်းသိမ်းရန် |
ရွေးချယ်ရပါတယ်။
အဖွဲ့တဖွဲ့ဖွဲ့ရန် လူဦးရေ 15ယောက်မှ 29 အတွင်းရှိရပါသည်။ ဆုံးဖြတ်ရန်ခက်ခဲသောအနေအထားတွင် မဲခွဲဆုံးဖြတ်ရသောကြောင့် လူအရေအတွက်ကို စုံဂဏန်းဆိုလျှင် အဖွဲ့ဝင်တစ်ယောက်ထပ်ရှာရပါသည်။
လုပ်ဆောင်သည့်ပုံစံမှာ
အဖွဲ့တစ်ခုသည် 15 ရက်တကြိမ် ငွေစုရပါသည်။
ငွေစုရာတွင် အစုနဲ့ခွဲထားပီး အနည်းဆုံး 1စုမှ 5စု စုရပါသည်။ 1စု၏ တန်ဘိုးငွေပမာဏကိုတော့ အဖွဲ့မှတိုင်ပင်ပီး 1000 ကျပ်ကနေ 5000ကျပ် အတွင်း သက်မှတ်ထားရပါသည်။
ဥပမာ တစ်စု 3000ကျပ် ဆိုပါက ထိုဆယ့်ငါးရက်တပတ်တွင် မိမိသည် 1စု 3000ကျပ်မှ 5စု 15000ကျပ်အထိ စုနိုင်ပါသည်။
လူတိုင်းစုနိုင်သော ငွေပမာဏဖြစ်သည်။
ကျနော့အဖွဲတွင်တော့ အနည်းဆုံး 1စု မှ မစုလျှင် ဒဏ်ငွေ 500ကျပ်သက်မှတ်ထားသည်။ ဒဏ်ငွေတပ်ခြင်း မတပ်ခြင်းက အဖွဲ့မှသတ်မှတ်ထားရသည်။
15ရက်မှသာလျှင် တကြိမ် ငွေစုချိန် meeting
တက်ရပါသည်။ ပျက်ကွက်လိုလျှင်တော့ ခေါင်းဆောင်ကိုအကြောင်းကြားရပါသည်။ မိမိထည့်ရန်လိုအပ်သောစုငွေကိုတော့ ယုံကြည်ရသူနှင့်ထည့်ပေးလိုက်လို့ရပါတယ်။ အရှုပ်အရှင်းရှိသော် မလာသူ၏တာဝန်သာဖြစ်သည်။
အကြိမ်တိုင်းအကြိမ်တိုင်းတွင် စုငွေအပြင် သာရေးနာရေးရန်ပုံငွေအတွက် တစ်ယောက်လျှင် 500ကျပ်စီသီးသန့်ထည့်ဝင်ထားကြသည်။
အကယ်၍ အဖွဲ့အတွင်းမှ တဦးတစ်ယောက်သော်ငှင်း မိသားစုဝင်တစ်ဦးတစ်ယောက်သော်ငှင်း နာရေးရှိပါက ထိုရန်ပုံငွေမှထောက်ပံကြလေသည်။ ထောက်ပံကြေးကိုလည်း အဖွဲ့စည်းမျဉ်းဆွဲစဉ်ကတည်းက သတ်မှတ်ထားရသည်။
4 ကြိမ် နှစ်လခန့်စုပီးသော် ငွေလိုသူများ မိမိ၏စုငွေပမာဏ၏ သုံးဆခန့် စတင်ချေးလို့ရပါတယ်။
ထိုသို့ချေးရာတွင် မည်သည့်စီးပွားရေးတိုးချဲ့ရန်၊ မည်သည့် ပစ္စည်းဝယ်ယူရန် ရေးသားကာ
လက်ဗွေ လက်မှတ် အသိသက်သေနှင့်တကွ ဖောင်တင်ရပါသည်။
ပြန်ဆပ်ရန်ကား
ဥပမာ မိမိစုငွေသည် 60000ကျပ်ရှိပါက 180000ကျပ်ကို အတိုးတလ 3%ဖြင့် စတင်ချေးလို့ရပါပီ။ ထိုသို့ချေးပါက တလ 65400 ကျပ်တိတိ သုံးလ ပြန်သွင်းရပါမည်။
အဖွဲ့အနေနဲ့မှလည်း ဝန်ဆောင်ခဟုခေါ်သော အတိုးများအား သက်သက်ခွဲကာ သိမ်းဆည်းထားရပါသည်။
ထိုသို့ တဖတ်က ချေးငွေဆပ်ရင်း စုငွေလည်း မပျက်မကွက်ဆက်ထည့်နေရပါမည်။
ထိုသို့ဖြင့် တနှစ်ပြည့်သော် ရရှိသောဝန်ဆောင်ခ ဒဏ်ကြေး လက်ကျန်လူမှုရေးရံပုံငွေ အားလုံးကိုပေါင်းပြီး
အဖွဲ့တခုလုံး၏ အစုနှင့်စားကာ တစ်စုလျှင် မည်မျှ အမြတ်ရသည်ထွက်လာပေသည်။
ကျနော်ပထမ တနှစ်က တစုလျှင် 660ကျပ်အမြတ်ထွက်ကာ
ဒုတိယနှစ် တစုလျှင်520 ကျပ်
တတိယနှစ် တစုလျှင် 560 ကျပ် အမြတ်ငွေထွက်ခဲ့သည်။
မိမိတို့ပေးခဲ့ရသော ဝန်ဆောင်ခများကို မိမိတို့အစုအလိုက်ပြန်ရသည့်သဘောဖြစ်သည်။ မည်သည့်အဖွဲ့အစည်း မည်သူ့ဆီမျှမချေးငှါးပဲ မိမိတို့ကိုယ်တိုင်စု မိမိတို့ အစုအတိုင်းသာပြန်လည်ခွဲယူကြသည့်သဘောဖြစ်သည်။
အခြားသော ငွေချေးအဖွဲ့အစည်းများနှင့်မတူညီသည်က အတိုးပေးရသော်လည်း ပြန်လည်ခွဲဝေယူရသည့်အပြင် နှစ်ကုန်တွင် မိမိ၏စုငွေသည် အသားတင်ကျန်ကာ အတိုးနွံနှစ်ခြင်း မရှိတော့ပေ။ အဖွဲ့ဝင်များမှလည်းမိမိတော့ ဒီနှစ်မည်မျှသုံးရသည် ဘာလေးဝယ်နိုင်လိုက်သည်ဆိုသော အသံများကြားရသဖြင့် ထိုအဖွဲ့လေးဖွဲ့ခဲ့မိသောကြောင့် ပိုမိုဝမ်းသာမိလေသည်။
ထို့အပြင် မိမိတို့ပေးရသော အတိုးသည် မိမိတို့အဖွဲ့အတွင်းသာ ရှိနေကာ မိမိသာ အစုများများစုလေလေ အတိုးမပေးရသလောက်သက်သာလေဖြစ်သည်။ ထို့ကြောင့် ယခု 20.3.2019 တွင် ကျနော်ခေါင်းဆောင်သော * အောင်မြင်သူ* ကိုယ့်အားကိုယ်ကိုးငွေစုငွေချေးအဖွဲ့လေးသည် လေးကြိမ်မြောက်နှစ်အတွက် စတင်တော့မည်ဖြစ်ရာ လူများထပ်မံပါဝင်ကြသောကြောင့် လူဦးရေ 29ယောက်ကျော်သွားသောကြောင့် အောင်မြင်သူ ၂ ဖွဲ့ရတော့မည်ဖြစ်သောကြောင့် မှတ်မှတ်ရရ VSLA အကြောင်း မျှဝေလိုက်ပါသည်။
ကျနော်တို့ MSC အနေဖြင့်လည်း ထိုပုံစံအတိုင်း steem fun အဖွဲ့လေးဖွဲ့ပီး steem စုကြရင်း ရရှိသောငွေကြေးနှင့် အများပိုင်လုပ်ငန်းများ လုပ်နိုင်လျှင်.......
(လိုအပ်သော ငွေထည့်သေတ္တာ၊ ဘောပင်၊ ဆော့ပင်၊ မှင်ဘူး၊ တဆိပ်တုံး၊ စာရွက်စာတမ်း၊ သော့၊ ပစ္စည်းပစ္စရအားလုံး world vision ကထောက်ပံပေးကာ အနီးကပ်အေးဂျင့်တစ်ယောက်က ကူညီစာရင်းကောက်ပေးသည်။ )
MSC 005
That Ko Zaw