ဒဏ်ရာများ နဲ့ လူ
ကြုံတွေလာခဲ့တဲ့ ဘဝလမ်းတစ်လျှောက်မှာ တွေကြုံ လာရတဲ့ကိစ္စတွေ များလွန်လွန်းလို့ နောက်ကျောဘက်မှာ ဒဏ်ရာတွေ အပြည့်ဖြစ်နေပါပြီ။
လူ့သဘော ၊ လူ့ ဆန္ဒ ၊လူ့သဘာဝ ၊နောက်ကျော ဓားနဲ့ထိုးတာတွေ........ဟန်ဆောင်မျက်နှာတွေ အစရှိတာတွေနဲ့အသားကျလာခဲ့တယ်။
တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်နိုင်ဖြစ်လာတယ်။
ဘာလို့.....ဘာလို့လူ့အသိုင်းအဝိုင်းက ကောက်ကျစ်စဉ်းလဲမူ့တွေနဲ့ပြည့်နှက်နေတာလဲလို့.......
အင်အား မကြီးမားတောင် လိုက်လျောညီထွေ ဖြစ်ပြီး ကြီးနိုင်ငယ်ညှင်း လုပ်တက်ဖို့လိုတဲ့ လောကကြီးမှာ
မတက်သာလို့ နင်းမိသွားခဲ့တဲ့သူတွေ ဒဏ်ရာအနည်းဆုံးဖြစ်အောင်တော့ကြိုးစားခဲ့ပါတယ်။
ကိုယ်တိုင်လဲ ခံနိုင်ရည်ရှိအောင် ကြိုးစားထားခဲ့တယ်။
ဒါပါဘဲ ဘဝဆိုတာ ဒဏ်ရာ ဒဏ်ချက်တွေ နဲ့အတူ သင်ခန်းစာပါ ပေးတဲ့ ကျောင်းတော်ကြီးပါ။
ကဗျာ တွေ၊စာတွေ ထဲကလို့ အရမ်းလှပတဲ့ ကမ္ဘာကြီးလို့ မထင်လိုက်ပါနဲ့ လက်တွေ့ ဘဝကြီးဟာ သားရဲတွင်းကြီးလို ခက်ထန်ရက်စက်မူတွေနဲ့ ပြည့်နှက်နေတဲ့ မာဟာတွေသီကုံးထားတဲ့ အတုအယောင်လောကကြီးမှန်းကို တွေ့မြင်ရပါလိမ့်မယ်။
Photo credited by google