သဘာဝပတ်ဝန်းကျင်ညစ်ပတ်နေတာတွေ့မိတော့လဲ စိတ်ပျက်မိတာအမှန်ပါ ။
ယခုလို လှပစွာထိန်းသိမ်းထားတဲ့ပတ်ဝန်းကျင်ငယ်လေးကိုတွေ့ရ ဖတ်ရတော့လည်း စိတ်ထဲချမ်းမြေ့ရပါတယ် ။
Japan နိုင်ငံရဲ့တချို့ရပ်ကွက်တွေမှာ ရပ်ကွက်ပတ်ပတ်လည်မြောင်းတွေကို သန့်ရှင်းထားကြပြီး ငါးအလှတွေထည့်မွေးထားတာကို ဖတ်ရှု့ရပါတယ် ။
သူတို့ဆီက ရေဆိုးထွက်တဲ့ပိုက်တွေကို မြေကြီးထဲမြှုပ်ထားလေ့ရှိပြီး အလှငါးမွေးဖို့ ရေမြောင်း သက်သက်လုပ်ထားခြင်းဖြစ်ပါတယ် ။
မြန်မာတွေအနေများတဲ့ Nakai ဆိုတဲ့ ရပ်ကွက်မှာလည်းရှိတယ်လို့ သိရပြီး ရပ်ကွက်ရေမြောင်းတွေမှာတွေ့ရသလို နယ်ကတည်းခိုဆောင်တွေမှာလည်းအလှမွေးထားတာတွေ့ဖူးတယ်လို့ လဲ ဖတ်ရပါတယ် ။
ခုလိုလေးတွေမြင်ရတော့ ကို့ မြန်မာပြည်မှာသာဆိုရင် ဆိုတဲ့ အတွေးစိတ်ကူးလှလှလေး ခနတော့ဖြစ်မိတာပေါ့ ။ အများလှပသာယာဘို့ အတွက် ကိုယ်ထူကိုယ်ထနဲ့ ကိုယ့်အိမ်ကို သန့်ရှင်းစွာရှင်းလင်းပြီး တဆင့်ချင်းဖြစ်တဲ့ တအိမ်မှသည် တရပ်ကွက်သို့  စည်းလုံးစွာ ပြောင်းလဲ
နေထိုင်ရင်းမှ မြို့ နယ် တိုင်းနှင့် တနိုင်ငံလုံးအထိ ပြောင်းလဲလှပလာမှာဖြစ်ပါတယ် ။ ကြည့်ရမြင်ရသူတွေအဖို့ လဲ ကျက်သရေရှိရှိနဲ့ သန့်သန့်ရှင်းရှင်း ရောဂါကင်းစေမှာပါ ။
all photos credit # facebook news
MSC 027