ကျွန်မရုံးကို ခါတိုင်းအချိန်ရောက်လေ့ရှိပါတယ်၊ ပြောရရင်တော့ ရုံးချိန်ထက် ၁၀ မိနစ်အမြဲစောလေ့ရှိတာပေါ့၊ ရုံးရောက်တခါးကိုဖွင့်ပြီး လက်ပ်တော့လေးကိုဖွင့်ပြီး ဒီတိုင်းပြစ်ထားလိုက်တယ်၊ ဟုတ်တယ်လေ တစ်ခြားလုပ်စရာတွေ အရင်လုပ်ရအုန်းမယ်မဟုတ်လား၊ ကပ်လျက်ကဆရာ့အခန်းကို သော့ဖွင့် သန့်ရှင်းရေးသမားတွေမလာခင် ကိုယ်ကအရင်သန့်ရှင်းရေးလေးဘာလေးလုပ်၊ ဆရာ့အခန်းထဲမှာ ရေနွေးအိုးလေးမီးခလုပ်ဖွင့် ဆရာကမနက်ဆို ကော်ဖီသောက်နေကျဆိုတော့ ၊ စားပွဲပေါ်က စာအုပ်တွေပြန်စီ ပြန်ထပ် မနေ့ကမပြီးသေးတဲ့ဆရာ့အလုပ်တွေကို သေချာပြန်စစ်၊ ဒီနေ့လုပ်ရမည့် အလုပ်တွေကို သေချာအစီစဉ်တကျရေးထားတဲ့ စာရင်းစာရွက်ကို သေချာပြန်စစ်၊ ဟိုဟာလေးလုပ် ဒါလေးလုပ်နဲ့ ဆရာလာတော့မယ့်အချိန်ဆိုရောက်တယ်ဆိုတာ စိတ်က ခန့်မှန်းပြီးသားလေ၊ အခန်းအပြင်ထွက်ပြီး ဆရာကားရပ်တာနဲ့ ဆရာ့ အိတ်လေးပြေးယူဖို့ ပြေးဘီပေါ့၊
“Morning ဆရာ”
“Morning သမီးရေ”
ဆရာကရှေ့က ခပ်သုတ်သုတ်သွားတော့ နောက်ကခပ်သွက်သွက်လေး မပြေးရုံတစ်မယ်လိုက်ခဲ့ရတာပေါ့။
ဆရာက သူ့စားပွဲမသွားခင်ဧည့်ခန်းကစားပွဲမှာ ထိုင်ပြီး သတင်းစာတစ်စောင်ကို ယူဖတ်နေလေရဲ့ ၊ ကျွန်မလည်း အဆင်သင့်လုပ်ထားတဲ့ ကော်ဖီကို ချပေး၊ ပြီးတာနဲ့ ဆရာအိတ်ထဲက ကွန်ပျူတာကိုထုတ် ပါဝါကြိုးတပ် ပါဝါဖွင့် အဆင့်သင့်ဖြစ်အောင် လုပ်ထားရတာပေါ့၊
“သမီးရေ မနေ့က အခွန်ရုံးက ကိစ္စ အဆင်ပြေသွားဘီလား”
“ဟုတ်ကဲ့ဆရာ သမီး အေးအေးမွန်ကို လိုချင်တဲ့ဖောမက်အတိုင်း ဆွဲပေးထားပါတယ် သူက လစာစာရင်းထဲကနေ တစ်လချင်းစီထဲက အခွန်ဆောင်ရတဲ့သူတွေကိုရွေးနုတ်ပြီး အစဉ်အတိုင်းဖြစ်အောင် ဖော်မြူလာဆွဲပေးထားခဲ့ပါတယ်ဆရာ”
“အော် အင်းအင်း ဒါဆို လူမှုဖူလုံရေးက လစဉ်ထည့်ဝင်ကြေးသွင်းတာနဲ့ ပုံစံအတူတူဘဲပေါ့”
“ဟုတ် ဆရာ အတူတူပါဘဲဆရာ ဒါပေမယ့် လူမှုဖူလုံရေးက ၀န်ထမ်းတိုင်းထည့်ဝင်ကြတာရယ် အခွန်ကတော့ တစ်လလစာ လေးသိန်းကျော်မှ တစ်ခြားသက်သာခွန်တွေ နုတ်ပြီးပိုတာကို ဘယ်လောက်ရာခိုင်နှုန်းဆောင်ရမယ် ဆိုတာရယ်ဘဲ ကွာပါတယ်ဆရာ ဖော်မြူလာကအတူတူသုံးတာဘဲဆရာ”
"အေးအေး သမီးဖော်မြူလာရေးရင် ၀င်ငွေခွန်ဖြတ်ရမယ့် အကွက်မှာ သူရဲ့လစာလေးသိန်းကျော်တိုင်းဆိုပြီး ဖော်မြူလာသွားရေးလို့မရဘူးနော် သူရဲ့ တစ်နှစ်လုပ်ခလစာကော ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တစ်နှစ်ဝင်ငွေ သိန်းလေးဆယ့်ရှစ်သိန်း ကျော်မှ ဆောင်ရမယ်ဆိုတာကို လစာဖော်မြူလာမှာ ပြင်ဖို့လိုမယ်နော်”
“ဟုတ်ဆရာ ကျမသေချာပြန်စစ်ထားပါတယ်ဆရာ”
ဆရာက သတင်းစာကို မျက်နှာမလွဲဘဲ နားထောင်နေလေရဲ့ ၊ဆရာနောက်နားလေးကမတ်တပ်လေးရပ်ရင်း ဆရာဘာဆက်ပြောမလဲဆိုတာ နားစွန့်ရတာပေါ့။
"အော်အနည်းဆုံးလုပ်ခတောင် ကြေညာချက်ထွက်သွားဘီဘဲ”
“ဟုတ်ပါတယ်ဆရာ တစ်ရက်လုပ်ခ ၄၈၀၀ ကျပ်နဲ့အတည်ပြုသွားဘီဆရာ ကျမလည်း သတင်းစာထဲက ဟာကို မိတ္တူဆွဲခိုင်းထားပြီး reference လုပ်နိုင်အောင် တွဲခိုင်းထားပါတယ်ဆရာ”
ဆရာကခေါင်းလေးမသိမသာညိမ့်လိုက်ပြီး
"ဟိုအားကစားပွဲကိစ္စရော"
"ဟုတ် မနေ့က HOD Metting မှာ အားကစားကော်မတီဖွဲ့ပြီး သက်ဆိုင်ရာအားကစားနည်းအလိုက် အဖွဲ့ခေါင်းဆောင်တွေရွေးပေးလိုက်တယ်ဆရာ သူတို့ဖာသာသူတို့ဆက်လုပ်ကြရမယ်ပေါ့ အားကစားယူနီဖောင်းတွေလဲဒီနေ့ရောက်မယ်ဆရာ ရောက်ရင် အဆင်သင့်ဖြစ်အောင် Supply ဌာနက လူကိုကြိုမှာထားပြီး ဌာနခွဲတွေက လာထုတ်မယ့်သူတွေကိုလဲ အဆင်သင့်ဖြစ်အောင်လုပ်ခိုင်းထားပြီးပါပြီ ဆရာ"
"အေး ငါလဲမေ့နေတာ အားကစားဖွင့်ပွဲနေ့မှာပြောရမယ့် GM ရဲ့ အဖွင့်မိန့်ခွန်းလေး ပြန်ပြီး Overwrite လုပ်ရအုန်းမယ်"
"ဟုတ်ဆရာ သမီးလုပ်လိုက်ရမလား"
"နေနေ ဆရာဘဲလုပ်လိုက်မယ်"
"ဆရာ ဒါဆိုသမီးသွားခွင့်ပြုပါဆရာ"
"အေးအေးသမီး"
ဆရာဆီက ခွင့်ပြုချက်ရတယ်ဆိုရင်ဘဲ ကျမ ဆရာ့ရုံးခန်းထဲမှ ထွက်လာခဲ့ပါတယ် ဆရာမေးသမျှ ပြောသမျှ အကုန်သိထားအောင်လုပ်ရတာလွယ်တော့မလွယ်လှဘူးပေါ့ ဆရာကသူများတွေထက်ပိုတော်တယ်
် ထက်တယ် စိတ်မြန်လက်မြန်ရှိတယ် တခါတလေ ကိုယ့်သမီးလေးလို့စိတ်ကထင်ရလောက်အောင် ရင်းနှီးပွင့်လင်းပြီး တစ်ခါတရံ တပည့်မလေးတစ်ယောက်လို စိတ်ရှည်လက်ရှည်ရှင်းပြတတ်တယ် တခါတရံတော့ သူဆက်နေတဲ့ဖုန်းတောင်နံရံပစ်ပေါက်တတ်တယ် ဆရာစိတ်ကအရမ်းမြန်တယ် ဘာဘဲဖြစ်ဖြစ်ဆရာ့ဆီမှာလုပ်ရတာ ပညာရတယ် အင်္ဂလိပ်စာအရေးအသား ဥပဒေရေးရာ အိုအစုံပါဘဲ တစ်ချို့ကိစ္စတွေဆို လိုက်တောင်မမီဘူးပေါ့ နေ့တိုင်းဆရာမေးသမျှဖြေနိုင်အောင် ဆရာပြောသမျှလိုက်မှတ်နိုင်အောင် ဆရာခိုင်းသမျှ လိုက်လုပ်နိုင်အောင်ဆက်ခိုင်းရတာလဲ တကယ်တော့မလွယ်ပါဘူး
HR ဆိုတဲ့လောကကြီးကလဲ ရှုပ်ထွေးတာပေါ့ ကျမတို့လုပ်နေတဲ့ Company ဆိုရင် အလုပ်သမားပေါင်းတစ်ထောင်လောက်ရှိတော့ ပြဿနာကလဲပေါင်းစုံပါဘဲ ဘာဘဲဖြစ်ဖြစ် ပညာရတယ်လို့ဘဲ စိတ်ထဲမှတ်ရတာပေါ့လေ
ကျမအခန်းထဲရောက်တော့ အခန်းထဲမှာ အခြားဝန်ထမ်းငါးယောက်လဲရောက်နေကြလေရဲ့ မိန်းကလေး ၄ ယောက်နဲ့ယောက်ျားလေးတစ်ယောက်ပေါ့ ယောက်ျားလေးကတော့သူ့စားပွဲမှာ အလုပ်စလုပ်နေလေရဲ့ ဟိုမိန်းကလေးလေးယောက်ကတော့ ထမင်းဂျိုင့် ထားတာလိုလို ခေါင်းဖြီးတာလိုလို အပေါ်အကျီင်္ချွတ်တာလိုလိုနဲ့ပေါ့ ကျမသက်ပြင်းကိုမသိမသာချရင်း ငါငယ်ငယ်ကလဲဒီလိုပါဘဲလားလို့တွေးမိတယ် သူတို့စားပွဲပါတ်လည် တစ်ပါတ်လောက်ပါတ်ဖို့လှမ်းခဲ့တယ် ဦးဆုံး မောင်ကျော်ရဲ့စားပွဲရှေ့ရောက်တော့ သူက "မောနင်းမမနွေး" လို့ ကျမကိုလှည့်တောင်မကြည့်ဘဲနှုတ်ဆက်လေရဲ့
"မောနင်းပါ မောင်ကျော်ရေ"
လို့ပြောပြီး ဘာလုပ်နေလဲလို့သူ့ကွန်ပျူတာကိုတစ်ချက်ကြည့်လိုက်တယ် သူ့လက်တွေကကီးဘုတ်ပေါ်မှာ ဟိုဟိုဒီဒီပြေးလွှားနေတာပေါ့
"အော်ဟို Investigation လား အေးအေးပြီးရင် မမကို Draft နဲ့အရင်ပြနော် "
"ဟုတ်မမနွေး"
"ဒါနဲ့ဟို Smart Card Printer ကိစ္စကော ဘယ်လိုလဲမောင်ကျော်"
"ဟုတ်မမနွေး အဆင်ပြေပါတယ် ဝန်ထမ်းတွေ အတွက်တော့အစဆိုတော့ နည်းနည်း အကျင့်မပါသေးဘူးဖြစ်နေတယ် ဒါပေမယ့် နောက်ပိုင်းတော့အဆင်ပြေသွားမှာပါ အဝင်တစ်ခါပြ အထွက်တခါပြဖို့မေ့မေ့နေကြတာပေါ့ ကျွန်တော်တောင်မနေ့ကညနေကအပြန် ကတ်ပြဖို့မေ့သွားသေးတယ်"
"အင်းဟုတ်ပါတယ်လေ အစဆိုတော့ နောက်တော့ကျင့်သားရသွားမှာပါ"
"ဟုတ်တယ်ဗျ"
"အဆောင်မှူးနဲ့ပြောထားတဲ့ဟာကော"
"ဟုတ် ကျွန်တော် ဆက်ပြောထားတယ်မမနွေး အဆောင်နေဝန်ထမ်းတွေထဲက တစ်ချို့က အခန်းပြောင်းချင်ကြတာတဲ့ သူတို့အတူနေချင်တဲ့သူနဲ့တွဲချထားပေးဖို့လေ ခုအဆင်ပြေသွားပါပြီ ပြီးမှ ကျွန်တော် အဆောင်နေတဲ့စာရင်းနဲ့ အခန်းချထားတာတဲ့ soft copy ပို့ထားလိုက်မယ်"
"okok မောင်ကျော်"
ရုံးမှာက ကွန်ပျူတာတိုင်း Network ချိတ်ထားတော့ အဆင်ပြေတယ်လေ
မောင်ကျော်စားပွဲကထွက်လာခဲ့တယ် မောင်ကျော်ကရုံးမှာတော်တောာ်အားကိုးရတဲ့ကလေးပေါ့ ကွန်ပျူတာလဲကျွမ်းသလို လူမှုဆက်ဆံရေးလဲကျွမ်းတယ် သူမသိတဲ့ဝန်ထမ်းမရှိသလို ဟိုးအောက်ခြေလုံခြုံရေး နေ့စား အလုပ်ကြမ်းသမားကနေ GM အထိအကုန်သူ့ကိုသိကြတယ် လူကခပ်ပျော်ပျော်သမားပေါ့ ရုံးမှာလဲ ယောက်ျားလေးဒီတစ်ယောက်ဘဲဆိုတော့ အစစအရာရာအောက်ခြေသိမ်းသူပါဘဲ
ကျမရဲ့ အားအကိုးရဆုံးတစ်ယောက်ပေါ့။
သူ့စားပွဲကနေနောက်တစ်ယောက်ဖြစ်တဲ့ အေးအေးသွဲ့ဆိုတဲ့ လူမှုဖူလုံရေးကိုင်တဲ့ကောင်မလေးဆီလျောက်လာခဲ့တယ် လူကခပ်သေးသေး မျက်နှာက ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ အမြဲချစ်စရာပြုံးပြုံးပြတတ်တယ်
"သွဲ့သွဲ့ မောနင်းနော်"
"ဟုတ် မမနွေး ဟီးး"
ဟော ဘာမှမပြောရသေးဘူး ရုပ်ကစပ်ဖြီးဖြီးနဲ့ ကျမရောက်လာတာနဲ့ သူက လုပ်လက်စအလုပ်တွေကို ချထားလိုက်တယ် သူ့စားပွဲပေါ်မှာလဲ စာအုပ်တွေကအစုံဘဲ မိတ္တူစက်ကလဲသူ့စားပွဲနဲ့ ကပ်လျက်မှာထားတာ သူဘဲအသုံးအများဆုံးဘဲလေ
"ဘယ့်လိုလဲ အကျိုးခံစားခွင့် တင်တာတွေအလျင်မီတယ်မို့လား"
"ဟုတ်မမနွေး အကုန်အဆင်ပြေပါတယ်"
"အေးအေး ဟို လူမှုဖူလုံရေးက သုံးလတစ်ကြိမ် ဆေးတောင်းတဲ့ကိစ္စရော အဆင်သင့်ဘဲလား"
"ဟုတ်မမနွေး ပြီးခါနီးပါဘီ ဆေးခန်းကဆရာဝန်က မမနွေးအားရင်ခနလောက် ကြွခဲ့ပါအုန်းတဲ့ လူနာတစ်ယောက်ခွင့်ကိစ္စလေး ဆွေးနွေးချင်လို့တဲ့"
"အင်း အင်း မမနွေးသွားလိုက်မယ်"
ပြောတာပြောရတာ ဆေးခန်းကိုသိပ်မသွားချင်ဘူး ဆရာဝန်ကလဲ လူနာနဲ့ထိပ်တိုက်မတွေ့ချင် တခါလာ HRကသူတွေကို လှမ်းလှမ်းခေါ် ကိုယ်နဲ့ထိပ်တိုက်တွေ့ခိုင်း တစ်ချို့ကိစ္စတွေကို ဝန်ထမ်းတွေနားလည်အောင် ရှင်းပြနိုင်ပေမယ့် တစ်ချို့ကျ သူတို့ကိုယ်တိုင်လဲ နားမလည် နားလည်အောင်လည်းမကြိုးစား ရှင်းပြတော့လဲမကြိုက် ဥပဒေစာအုပ်လေးဖတ်ပြမှ လက်ခံသွားကြတဲ့လူတွေလဲ တွေ့ရ အမျိုးမျိုးပါဘဲ
ဘာဘဲဖြစ်ဖြစ် ခနခနတွေ့ကြုံလာတော့ တော်တော်လည်း ဖြေရှင်းတတ်သလို ဥပဒေတွေလည်း တော်တော်အလွတ်ရနေဘီပေါ့
အင်းမဖြစ်သေးပါဘူး ခနနေရင်တော့ ဆေးခန်းသွားအုန်းမှဘာလို့တွေးမိရင်း နောက်တစ်ယောက် အေးအေမွန်ဆိုတဲ့စားပွဲရောက်တော့ သူကဦးအောင် နှုတ်ဆက်တယ် သူကအပြင်ဌာနဆိုင်ရာ အတွင်းကဌာနတွေနဲ့ဆက်ဆံတဲ့ စာဝင် စာထွက် အခွန်ကိစ္စ အာမခံ စတာတွေကိုတာဝန်ယူထားရတဲ့ ဒုတိယအားအကိုးရဆုံးသူလေးပေါ့ လူပုံစံက ခပ်ဝဝလေးနဲ့ဘယ်တော့မှ ဘာမှမလိမ်းတတ်တဲ့ ထူးထူးခြားခြားကလေးမလေးပေါ့ တစ်လနေလို့တစ်ကြိမ် သနပ်ခါးလိမ်း မိတ်ကပ်လိမ်းတာတွေ့ရခဲတယ် ရော့ဒါလုပ်ဆိုလို့ကတော့ လှည့်ကြည့်စရာကိုမလိုအောင်လုပ်တယ် ခနအားဘီ လုပ်စရာမရှိဘူးဆိုလို့ကတော့ ဖုန်းကိုပွတ်နေဘီပေါ့ ဆက်လက်ဖတ်ရှုပါရန်
ကျွန်တော်ချစ်သော HR ဖတ်ရှုလိုပါက https://steemit.com/myanmar/@thetnaingmin/kundefinednetaundefinedsetha-hr
Post Writer : Thet Naing Min()
From Myanmar
Photo Credit google Image
MSC-129