တွေ့ရကြုံရ HR ဘဝ ပထမပိုင်း
https://steemit.com/myanmar/@thetnaingmin/ety-ya-kan-ya-hr-baw
တွေ့ရကြုံရ HR ဘဝ ဒုတိယပိုင်း
https://steemit.com/myanmar/@thetnaingmin/2atubm-ety-ya-kan-ya-hr-baw
ကျမ ဆရာ့ရုံးခန်းထဲဝင်ဖို့ တံခါးကို ဖွဖွလေးနှစ်ချက်ခေါက် အသာဖွင့်ပြီးဝင်လာခဲ့တယ် ဆရာက သု့ကွန်ပျူတာကိုဘဲသည်းကြီးမဲကြီးကြည့်ပြီးဘအလုပ်လုပ်နေလေရဲ့ ကျမလည်း ဆရာလို့ခေါ်လိုက်တယ်
"အော်သမီး လာ ဒီမှာတခါတည်းကြည့်သွားအုန်း"
"ဟုတ်ဆရာ"
ကျမလည်းပြောပြောဆိုဆို ဆရာနောက်ဘက်နားမတ်တပ်ရပ်ပြီး ကွန်ပျူတာကိုကြည့်လိုက်တယ်
"ဒီဟာက COE ဒီကုမ္ပဏီ စတင်ဖွဲ့စည်းချိန်ကစပြီး ဘယ်လိုဖွဲ့စည်းပြီး ဘယ်လို လုပ်ဆောင်မယ် ဆိုတာတွေပေါ့ ဒါတွေကအရေးကြီးတယ် ဝန်ထမ်းတွေခန့်မယ် တခြားဟာတွေ စာချုပ်စည်းမျဉ်းစည်းကမ်းတွေ အစိုးရကထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီအောင် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင် ရေးဆွဲထားတာပေါ့ "
"ဟုတ်ဆရာ"
"အေး ခုတစ်ချို့ အလုပ်သမားရေးရာ ပြသနာလေးတွေဆို ဒီထဲမှာလဲ ဘယ်လိုလုပ်ရမယ်ဆိုတာ တရားဝင်ပါပြီးဖြစ်လိမ့်မယ်"
"ဟုတ်ကဲ့ပါဆရာ"
"ခု ဒီကုမ္ပဏီကလော်ရာတွေနဲ့ တိုင်ပင်ပြီး စာချုပ်ပြင်ဆင်ဖို့ တင်ထားတာရှိတယ် ဆရာတို့အနေနဲ့ကတော့ အရင်နှစ်ကစာချုပ်ဟောင်းကိုဘဲ ကိုးကားပြီး တင်ပြလိုက်တယ် အလုပ်သမားများအနေနဲ့ ဘာတွေတင်ပြမယ် ဘာတွေပြင်ဆင်ဖို့တင်ပြမယ်ဆိုတာမသိသေးဘူး"
"ပြီးတော့ နှစ်နှစ်တစ်ကြိမ် ပြင်ဆင်မယ့် မြို့နယ်ညိနှိုင်းဖြန်ဖြေရေးအဖွဲ့ကိုလဲ ပြန်ပြင်ဆင်ဖို့လိုမယ်"
"ဟုတ်ဆရာ အရင်တုန်းကပို့ထားတာက Cancel ဖြစ်သွားမှာပေါ့နော်"
"ဒါပေါ့ နောက်ဟာကအတည်ဘဲလေ အဲ့ဒီတော့ ဒီအလုပ်ရှင်ဘက်က နှစ်ဦးနဲ့ အလုပ်သမားဘက်က နှစ်ဦးကို စာရင်းတောင်းပြီး မြို့နယ် အလည ကိုပို့ဖို့လိုမယ် အဲ့ဒါကို ဒီတပါတ်အတွင်း အပြီးပို့လိုက်ပါ"
"ဟုတ်ဆရာ"
ကျမလည်း လက်ထဲက ဆရာလက်မှတ်ထိုးရန် လိုအပ်သော စာရွက်စာတမ်းများအားသေချာစစ်ဆေးပြီး လက်မှတ်ထိုးရန် ဆရာစားပွဲပေါ်တင်ထားလိုက်တယ်။
"အေးအေးထားခဲ့အုန်း ခု HOD အစည်းအဝေးရှိတယ် အချိန်နီးဘီသွားကြစို့"
"ဟုတ်ကဲ့ဆရာ"
ကျမလဲ လက်စွဲတော် စာအုပ်ကိုပိုက်လျက် ဆရာ့နောက်မှ လိုက်ထွက်လာခဲ့ပါတယ်
အစည်းအဝေးခန်းရောက်တော့ ဌာနပေါင်းစုံက ဌာနမှူးတွေ စုံနေသလောက်ရှိပါဘီ ဆရာက သူ့အတွက်သတ်မှတ်ပေးထားသော ခုံတွင်သွားရောက်ထိုင်လိုက်ပြီး ကျမကသူနောက်ကကပ်လျက်ခုံမှာ ပုံမှန်အတိုင်းဘဲ နေရာယူလိုက်ပါတယ်
ဌာနများမှ အစည်းအဝေးတက်ရန်လာကြသောသူများတွင် ဌာနမှူးများကိုယ်တိုင်ပါဝင်လာသည်ကိုတွေ့ရှိရသဖြင့် ယခုအစည်းအဝေးသည် GM ကိုယ်တိုင်တက်မည့်အစည်းအဝေးဖြစ်မည်ဟု ခန့်မှန်းရသည်
ငါးမိနစ်ခန့်အကြားတွင် ကျမထင်ထားသည့်အတိုင်း GM ကိုယ်တိုင်လာရောက်ပြီး အစည်းအဝေးစတင် သက်ဆိုင်ရာဌာနမှူးများက သူတို့အမြင်တွေတင်ပြကြ အချင်းချင်းညှိနှိုင်းကြပြီးနောက် အစည်အဝေးမှ ဆုံးဖြတ်ချက်တစ်ခုချ၍ အတည်ပြုကြ နောက်ဆုံးတစ်နာရီခန့်အကြာတွင်အစည်းအဝေး ပြီးဆုံးသွားပါတယ်။ ကျမလည်း အစည်းအဝေးတွင်တက်ရောက်သူများ ပြောဆိုခြင်းများ တင်ပြခြင်းများကို အကုန်မှတ်တမ်းယူရန် အကြမ်းရေးလာခဲ့ရပါသည်။ နောက်မှအချောသေချာပြန်ရိုက် အစည်းအဝေးမှတ်တမ်းအဖြစ်သိမ်းဆည်းထားရန်လဲလိုအပ်တယ်လေ။
ဆရာနဲ့ရုံးခန်းပြန်ရောက်တော့ ဝန်ထမ်းတစ်ဦးကရုံးခန်းမှာစောင့်နေလေရဲ့
ထုံးစံအတိုင်းကျမဆီလာတဲ့သူဆိုတာသိလိုက်ပါတယ်
"ဟုတ်ကဲ့ပါကိစ္စများပါလဲရှင်"
"ကျတော်ဆိုင်ကယ်စတန်းမှာထားတာ ဆိုင်ကယ်ပျောက်သွားလို့"
"ရှင်"
"ဟုတ်ပါတယ်ဆရာမရေ မပြောချင်ပါဘူးဗျာ ဖြစ်ပုံက ဒီလိုဆရာမရဲ့"
ဟုအစချီးပြီး သူဘယ်အချိန်က ဘယ်နေရာမှာဆိုင်ကယ်ထားခဲ့ကြောင်း ဆိုင်ကယ်ဘယ်အချိန်ကပျောက်သွားတာဖြစ်နိုင်ကြောင်း အဲဒါကုမ္ပဏီအနေနဲ့ ဘယ်လိုဖြေရှင်းပေးမည်လဲ ဟု အစအဆုံးဇာတ်ကြောင်းအားနားထောင်ပြီး "ဟုတ်ကဲ့ကုမ္ပဏီအနေနဲ့ကတော့ ဘာမှတာဝန်ယူမပေးနိုင်ပါဘူး တာဝန်ကျလုံခြုံရေး နဲ့ အခြားစုံစမ်းစရာတွေကို လုံခြုံရေးအရာရှိနဲ့ တိုင်ပင်ပြီး ကြိုးစားဆောင်ရွက်ပေးပါမယ်"
အစရှိသဖြင့် မည်သို့လုပ်ကိုင်သင့်ကြောင်း မည်သို့ပူပေါင်းဆောင်ရွက်သင့်ကြောင့် အစရှိသဖြင့် အကောင်းဆုံးဖြစ်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးရှင်းပြပြီး နာရီဝက်ခန့် အကြားတွင်ထိုသူပြန်သွားပါတယ်။
ကျွန်မလည်း ယနေ့ဆောင်ရွက်ခဲ့တာတွေ ဆက်လက်ဆောင်ရွက်ရန်ကျန်တာတွေနဲ့ မည်သူများနှင့်ဆက်သွယ်ပြီး မည်သို့လုပ်ဆောင်ရန်အစရှိသည်များကို အသေးစိတ် daily report / record မှတ်တမ်းတင်ပြီးချိန်တွင် ရုံးဆင်းသွားကြသည့် အသံများကြောင့် ရုံးဆင်းရန် ပြင်ဆင်ပြီး ကျမ၏တစ်နေ့တာအလုပ်များ ပြီးဆုံးတိုင်လေသတည်း။
ကိုယ်တိုင်ရေးသားကြောင်း အာမခံပါသည်။
Post Writer : Thet Naing Min()
From Myanmar
Photo Credit google Image
MSC-129