ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လက်ဖက်ရည်ဆိုင်မထိုင်ဘူးသူဟူ၍ မရှိသလောက်ဟု ပြောရပေမည်။ အမျိုးသမီးအချို့ မထိုင်ဘူးသည်ကိုတော ကျွန်တော်လက်ခံပါသည်။ ကျွန်တော်တို့ ယောင်္ကျားလေးတော်တော်များများ ထိုင်ဘူးကြပေသည်။ ကျွန်တော်တို့ ကျောင်းသားဘ၀ က ပို၍ဆိုးသည်ထင်ပါသည်။ မနက်လင်းလာသည်နှင့် မျက်နှာသစ် ပြီးချက်ချင်း လက်ဖက်ရည်ဆိုင်သို့သွားခဲ့ကြသည်။ စသင်ခနနားချိန်တွင်လည်း လက်ဖက်ရည်ဆိုင်ခန ပြေးလိုက်သေးသည်။ ကျောင်းဆင်းသည်နှင့် အဆောင်ပြန်ရောက် ရေမိုးချိုးပြီးတာနှင့် လက်ဖက်ရည်ဆိုင်တန်းသွားကြသည်။ ညထမင်းစားပြီးသည်နှင့် လက်ဖက်ရည်ဆိုင်သွား စစ်တုရင်ထိုးနေခဲ့ကြသည်။ ဆိုင်သိမ်းမှပင် မိမိအဆောင်သို့ ပြန်ခဲ့ကြသည်။
ထိုစဉ်က ဖုန်းများမပေါ်သေးသည်ကို ကျေးဇူးတင်မိသည်။ လက်ဖက်ရည်ဆိုင်ထိုင်နေရင်းက အဖော်များစုံလာသောအခါ အချို့ကအမျိုးသမီးအဆောင်များသို့ သွားရောက် ဂစ်တာတီးကြရန်တိုင်ပင်ကြသည်။ လိုက်ချင်သူများက လိုက်သွားကြသည်။ မလိုက်လိုသူများက လက်ဖက်ရည်ဆိုင်မှာပင်ထိုင်၍ စပ်မိစပ်ရာ ဘယ်အတန်းက ဘယ်ကောင်မလေးက ဘယ်လိုချောကြောင်း၊ ဘယ်အဆောင်က ဘယ်ကောင်မလေးကတော့ ဘယ်လိုလှကြောင်း အစရှိသဖြင့် စပ်မိစပ်ရာပြောခဲ့ကြသည်ကို မှတ်မိသည်။
ယခုနောက်ပိုင်းတွင် ကျွန်တော်သည် လက်ဖက်ရည်ဆိုင်ကို သိပ်မထိုင်ဖြစ်တော့။ အချိန်မရသည်ကတစ်ကြောင်း၊ ထိုင်ပါကလည်း လက်ဖက်ရည်ကောင်းမှဘဲ သောက်ချင်သော ကျွန်တော့စိတ်ကြောင်းတစ်ကြောင်း ထို့ကြောင့် သိပ်မထိုင့်ဖြစ်ခြင်းဖြစ်သည်။ သို့သော် တစ်ရက် နှစ်ကြိမ်တော့ ထိုင်ဖြစ်သေးသည်။ တစ်ခါထိုင်လျှင် ဆယ့်ငါးမိနှစ်ထက်မပိုတော့၊ တဖြည်းဖြည်း အသက်အရွယ်ကြီးလာသောကြောင့်လားမသိ၊ အိမ်ထောင်ကျပြီး ကလေးချည်းထိမ်းနေရသောကြောင့်လားမသိ၊ အခြားစီးပွားရေးမလုပ်ဖြစ်သောကြောင့်လားမသိ တဖြည်းဖြည်းအချိန်မရတော့ပေ။ ယခင်ကလောက် အပေါင်းအသင်းမပေါသောကြောင့်လားမသိပေ။လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်သောအခါ အိမ်သို့ဖြစ်စေ ရုံးသို့ဖြစ်စေ ပါဆယ်လေးဆွဲလာတတ်ပြီး အိမ်၊ရုံးရောက်မှ သောက်ရတာပေါ့ဗျာ။
ကျွန်တော် လက်ဖက်ရည်ဆိုင်အကြောင်းကို လေ့လာကြည့်မိသည်။ ကိုယ့်နိုင်ငံက ကလည်းသိတဲ့အတိုင်းပင်၊ အလုပ်ကိစ္စပြောတာတွေ၊ အလုပ်ကိစ္စမပြောခင်ကတည်းက လာလက်ဖက်ရည်ဆိုင်သွားစို့ ၊ အေးအေး လာလက်ဖက်ရည်ဆိုင်မှသွားစို့၊ အေးအေး လက်ဖက်ရည်ဆိုင်ကစောင့်ကွာ ဒီလိုတွေချည်းများတယ်လေ။ ဟောဆိုင်ရောက်တော့လဲ လူပေါင်းစုံဘဲလေ တစ်ချို့က သူ့အပေါင်းအသင်းနဲ့သူ ဂိမ်းဆော့ကြတာဆူညံနေတာဘဲ၊ တစ်ချို့ကျတော့လည်း ဖေ့ဘုတ်ပေါ်က ဗဟုသုတတွေပြန်မျှပေါ့၊ အဲ အဲ့လိုလူတွေကတော့ရှားပါတယ်၊ တစ်ချို့လည်း စီးပွားရေးအကြောင်းပြောကြ၊ တစ်ချို့ လူကြီးတွေက သာရေးနာရေး ဘာသာရေးပေါ့၊ တစ်ချို့တွေကျ ဘောလုံးပွဲရှိလို့လာကြည့်၊ ဇာတ်လမ်းလာကြည့် ဒီလိုလူတွေကရှိသေးတယ်လေ။ အမျိုးမျိုးတွေ့ရတာပြောပါတယ်။
ဘာကြောင့်ဘဲထိုင်ထိုင် ကျွန်တော်တို့ဆီမှာ လက်ဖက်ရည်ဆိုင်ထွန်းကာလာတာကတော့ အမှန်ပါဘဲ။ နောက်လဲထွန်းကားနေမယ်ဆိုတာ လည်းအမှန်ပါဘဲ ကျွန်တော်တို့လည်း ဘီယာဆိုင်မထိုင်ဖြစ်လို့ကတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်အုန်းမှာ အမှန်ပါဘဲ ခင်ဗျားတို့လည်း အားရင် ကျွန်တော်နဲ့အတူလာထိုင်လှည့်ပါလားလို့ပြောချင်ပါတယ်။ ကွန်တော်နဲ့ထိုင်ရင်တော့ ကလေးထိမ်းရတာမလွယ်တဲ့အကြောင်းတွေ အိမ်ငှားခဈေးကြီးတဲ့အကြောင်းတွေ၊ အလုပ်ကဘယ်လိုရှုပ်တာဆိုတဲ့အကြောင်းတွေဘဲ ကြားရလိမ့်မယ်ဗျ။
Steemit အဖွဲ့သားများရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့ရင် ကျေနပ်ပါပြီ ကျေးဇူးတင်စွာဖြင့်
Post Writer : Thet Naing Min ()
From Myanmar
Photo Credit Facebook & google & by me
MSC-129