အားလုံးဘဲ မင်္ဂလာပါခင်ဗျ ပီးခဲ့တဲ့ ပရိုတစ်ပါတ်ကျော်က ကျွန်တော်အလုပ်မအားသဖြင့် မိမိ၏သက်ဆိုင်ရာ SL ဖြစ်သူ ညီမကြည်ထံ ယခုတပါတ်ပရို မတင်နိုင်ကြောင်းခွင့်သွားရောက်တိုင်ကြားခဲ့ပါတယ်။ ကြည်မှ ဘာအရေးကြီးသလဲ ပရိုက တစ်ပါတ်ဆိုတစ်ပါတ် ကြိုးစားပြီးတင်စေချင်တယ် တဲ့ ဒါနဲ့ ကျွန်တော်ကလည်း တခြားတော့မဟုတ်ပါဘူး မိမိဖခင်မျက်စိသွားပြမှာဖြစ်လို့ပါ ဒါကြောင့်ပါဆိုပြီး ပြောခဲ့ပါတယ် ကြည်ကလဲ ကြိုးစားပြီးတင်ပါလို့ပြောခဲ့လို့ ကျွန်တော် အားလုံးထက် နောက်ကျပြီးမှ နောက်ဆုံးမှ ပရိုတင်နိုင်ခဲ့ပါတယ်။ တင်ပြီးတော့လည်း ဗုတ် နဲ့ မန့်ပြည့်အောက် Group 3 မှ အဖွဲ့ဝင်များမှ ကူညီပေးခဲ့ကြလို့ Group 3 တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ကြောင်းလက်စနဲ့ ပြောကြားပါရစေ။
ကျွန်တော်၏ဖခင်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်သဖြင့် မျက်စိမှာအတော်ပင်မှုန်နေဘီဖြစ်ရာ မြင်းမူမြို့နယ် မှာရှိတဲ့ နိုင်ငံကျော် ထီးဆောင်းမှ အခမဲ့ဆေးရုံးကို သွားရောက်ပြသခဲ့ပါတယ်။ ကျွန်တော်နေထိုင်ရာ မုံရွာမြို့နယ်မှ နံနက် ၆ နာရီကျော်ကျော်ခန့်က ကားလေးဖြင့်သွားရောက်ခဲ့ရာ နံနက် ၈ နာရီ ခွဲကျော်ကျော်ခန့်တွင် ထီးဆောင်းသို့ရောက်ရှိခဲ့ပါသည်။
ဦးစီးဦးဆောင်ပြုသည့်ဆရာတော်များ
ရောက်သွားချိန်တွင် မျက်စိပြသရန် စောင့်ဆိုင်းနေကြသော မျက်စိလူနာများကို တွေ့လိုက်ရသောအခါ အတော်အံ့သြသွားပါသည်။ ကြီးငယ်ရွယ်လတ် အစုံပါဘဲ တွေ့ရသည်မှာ စိတ်မချမ်းမြေ့စရာပင်ဖြစ်တော့သည်။ ကျွန်တော်တို့သည် ပထမအဆင့်အဖြစ် စာရင်းသွင်း စာအုပ်လုပ်ရန်တန်းစီစောင့်ဆိုင်းကြရပါသည်။ တန်းစီစောင့်ဆိုင်းပြီး စာအုပ်လုပ်ပေးစဉ် လာရောက်ပြသသော မျက်စိလူမမာများအား မျက်စိလူနာတစ်သိန်းပြည့်အမှတ်တရ အဖြစ် ပြက္ခဒိန်နှင့် ဆေးရုံဓါတ်ပုံများလူတိုင်းအား လက်ဆောင်ပေးပါသည်။ စာအုပ်လုပ်ပြီးပါက နောက်တစ်ဆင့်အဖြစ် မျက်စိစမ်းသပ်ခန်းတွင် ထိုစာအုပ်ကို ထပ်ကါ မျက်စိစမ်းသပ်ရန် စောင့်ဆိုင်းကြရသည်။ ထိုသို့စောင့်ဆိုင်းနေစဉ်တွင် အတွင်းမှ မြန်မာဆရာမလေးများက နာမည်ခေါ်ခြင်း၊ လူနာများကို ဖေးမကူညီတွဲပြီးသေသေချာချာ တွဲကါ ထိုင်ခုံများပေါ်သို့ ထိုင်ခိုင်းပြီး စမ်းသပ်စစ်ဆေးကြသည် အပြင်ပိုင်းအမြင်ကိုသာစစ်ဆေးကြခြင်းဖြစ်သည်။
ထိုမှတစ်ဆင့် စစ်ဆေးပြီးနော် နောက်အခန်းတွင် နိုင်ငံခြားမှ (ဘယ်နိုင်ငံမှဆိုသည်ကိုတော့ သေချာမသိရှိပါ) မျက်စိဆရာဝန်များက ကွန်ပျူတာများဖြင့် စမ်းသပ်စစ်ဆေးကြသည်။ ထို့နောက် ခွဲစိတ်ရမည့်လူနာဆိုပါက မည်သည့်ရက်တွင် ခွဲစိတ်ရမည်ဟု ခွဲစိတ်ရမည့်ရက်အား စာအုပ်ထဲတွင်သေချာရေးပေးထားသည်။ ခွဲစိတ်ရန်မလိုပါက ဆေးညွှန်ပေးသည်။ အချို့မှာ အရေးပေါ်မဖြစ်မနေခွဲရမည်ဆိုပါကလည်း ချက်ချင်းခွဲစိတ်ရန် ပြင်ဆင် ခွဲစိတ်ပေးသည်။ အချို့မှာမူ ခွဲစိတ်ပြီး ပြန်လာပြသရန် ရက်ချိန်းပေးသဖြင့်ပြန်လည်ပြသရန်လာခဲ့ကြသောလူနာအဟောင်းများလည်းပါရှိသည်ကို တွေ့ရှိခဲ့သည်။
လာရောက်ပြသကြသည့် မျက်စိဝေဒနာသည်များ စောင့်ဆိုင်းနေစဉ်
ထိုမျက်စိဆေးရုံကို ဆရာတော်များမှဦးဆောင်ဖွင့်လှစ်ခဲ့ကြောင်း၊ စတင်တည်ထောင်စဉ်က ထိုင်းမှ မျက်စိဆရာဝန်မကြီးမှလည်း ကူညီပေးခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်မှစ၍ဆရာဝန်ဆရာမကုန်ကျစရိတ်များ ဆေးဖိုးဝါးခကုန်ကျစရိတ်များအားလုံးကို သြစတေးလျားမှ ဇနီးမောင်နှံ တို့မှ လှူဒါန်းကြောင်း ကိုလည်းသိရှိခဲ့ရပါသည်။ အကယ်၍ မျက်စိပြသလိုသူများ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီဆောင်းကျေးရွာတွင်တည်ရှိသော ထိုမျက်စိဆေးရုံကို လမ်းညွှန်လိုက်ရပါတော့သည်။ အချို့အချက်အလက်များ မှားယွင်းပါက ကျွန်တောမလေ့လာရန်လိုအပ်သောကြောင့်ဖြစ်ကြောင်း ထိုဆေးရုံတွင် အချိန်ယူကာ လေ့လာခွင့်မရခဲ့သောကြောင့်ဖြစ်ပါကြောင်း ကြိုတင်တောင်းပန်ပါရစေခင်ဗျာ။
Myanmar Steemit အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။
Post Writer : Thet Naing Min ()
From Myanmar
Photo Credit facebook & me
MSC-129