အွန်လိုင်းငွေရှာခြင်းဆိုတဲ့ ပင်လယ်ကြီးထဲ
မှာ မြုပ်တစ်ချီ ပေါ်တစ်လှည့် ကူးခပ်ရင်း
တစ်ခါတစ်လေ ဟိုကမ်းကပ်လိုက် ဒီဘက်ကမ်း
ကမ်းကပ်လိုက်နဲ့ အဆင်မပြေတာက ခပ်များ
များပါ။ ကျနော့်အနေနဲ့ အွန်လိုင်းပေါ်က
ငွေရှာတဲ့ နေရာမှာ သိပ်အများကြီးမျှော်လင့်
မထားခဲ့ပါဘူး။ ကိုယ်သုံးတဲ့ ဖုန်းဘေလေး
တစ်လစာလောက်များကာမိရင်ဖြင့် မဆိုးပေဘူး
ဆိုတဲ့ အတွေးနဲ့ လမ်းကြောင်းရှာလိုက်
လျှောက်လိုက် လုပ်နေခဲ့တာ ၂၀၁၄ လောက်
ကတည်းကဆိုပါတော့။ တကယ်တမ်း
ဖုန်းဘေဖိုးရဖို့နေနေသာသာ အချိန်ကုန်
ခါးကုန်း မျက်စိမှုန်ဘဝကိုရောက်လုနီးပါပဲ။
ဒါပေမယ့်လည်း တစ်ကြိမ်တစ်ခါတော့
လမ်းတန်းနိုင်ကောင်းရဲ့ ဆိုတဲ့မျှော်လင့်ချက်နဲ့
ဆက်လက်ရှာဖွေရင်း cryptocurrency
mining ဘက်ကိုရောက်ရှိလာခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်ကကျနော့်ရဲ့ ဆောင်းပါး "အွန်လိုင်းခရီး (၆) "
( https://steemit.com/myanmar/@thettinaung/aynlongkhyai-6)
မှာရေးခဲ့သလိုပါပဲ mining ကို
လေ့လာရင်း စမ်းတစ်ဝါးဝါး အစပျိုးခဲ့ရပါ
တယ်။ အခုလည်း စမ်းတစ်ဝါးဝါးပါပဲ
ရေရေရာရာတော့ မသိသေးပါဘူး ။ ဒါပေမယ့်
ကျနော့်ရဲ့ i3 laptop လေးနှစ်လုံးနဲ့ console
mining လုပ်ဖြစ်ခဲ့ပုံအကြောင်းလေးကို
သိသလောက်ရေးသားတင်ပြပါ့မယ်။
တော်တော်များများကတော့ သိပြီးသား
ဖြစ်ကောင်းဖြစ်ပေမယ့် Post တစ်ခုအဖြစ်
ယူဆပေးစေချင်ပါတယ် :D ။ ပြီးခဲ့တဲ့
အပတ်ကတော့ minergate pool mining
လုပ်ပုံအကြောင်းကို ရေးသားပြီးခဲ့ပါပြီ။
အခုတစ်ခေါက်တော့ minergate console
mining ပါ။ Mining newbie များအတွက်
သာဖြစ်ပါတယ် . . . သိသာလောက်တဲ့
အကျိုးအမြတ်မရှိဘူးဆိုပေမယ့် CPU
mining လုပ်ခြင်းကို အတွေ့အကြုံရချင်
ရင်ဖြင့် စမ်းသပ်ကြည့်လို့ရပါတယ်။ Core i3
laptop လေး ၂ လုံးနဲ့ကို အမြင့်ဆုံး 70 H/s
လောက် Hashrate ရပါတယ် ။ 24 hr တစ်လ
လုံး မနားပဲRun မယ်ဆိုရင် .00876 xmr ရမယ်
ခင်ဗျ။ လက်ရှိပေါက်ဈေး 230$ နဲ့တွက်ကြည့်
တော့ တစ်လကို 2 $ လောက်တော့ရမယ်ခင်ဗျ
😁😁😁😁
ကျနော်တို့အနေနဲ့ Crypto Mining
လုပ်တော့မယ်ဆိုရင် mining hardware
ရယ် mining software ရယ် wallet ရယ်
မရှိမဖြစ်လိုပါတယ်။ ဒီနေရာမှာ mining hardware ဆိုတာကတော့ ကျနော့်ရဲ့
laptop လေးပဲဆိုပါတော့ဗျာ ။ Wallet
တစ်ခုရှိဖို့လိုပါတယ် . . . ကျနော်က
Monero mining လုပ်မှာဖြစ်လို့ Monero
wallet လုပ်ရမှာပါ ။ ပထမတော့ BTC wallet
တွေဖြစ်တဲ့ Coinbase တို့ Blockchain .info
တို့လို Website ထဲသွားပြီး အကောင့်ဖွင့်လိုက်
ရင် wallet တစ်ခုရတယ်ထင်ပြီး Monero
Wallet ကိုလိုက်ရှာနေခဲ့မိပါတယ်။ ဒါပေမယ့်
Monero wallet တစ်ခုပြုလုပ်ဖို့ အဲဒီလောက်
မလွယ်ခဲ့ပါဘူး ။ Cold wallet တွေရော
Hot wallet တွေရော ပြီးတော့ Ledger nano
wallet ဆိုတာတွေရော တွေ့ခဲ့ပြီး ဖတ်လေ
ရှုပ်လေ သေချာနားမလည်ခဲ့ပါဘူး။ နောက်
တော့ ရှာရင်းဖွေရင်း Reddit .com ရဲ့ thread တွေမှာ wallet
ပြုလုပ်နည်းကိုတွေ့ခဲ့ရပါတယ်။
ကျနော်အသုံးပြုခဲ့တဲ့ wallet က
monero-wallet-cli ပါ ။ Command line
တွေနဲ့သုံးရတဲ့ wallet ပါ။ အဆိုပါ wallet
ပြုလုပ်နည်းကို youtube မှာလည်း တင်ထား
ပါတယ်။
Video credit ; Ginger Ale on youtube
Monero Wallet တစ်ခုရရှိဖို့ ( https://getmonero.org/downloads/ ) ဆိုတဲ့
Website ကိုသွားပြီး မိမိကွန်ပျူတာနဲ့
သင့်တော်တဲ့ Wallet ကိုဒေါင်းလုပ်ဆွဲရပါမယ်။ (ပုံ-၁)
ကျနော်ကတော့ 32 bit window အတွက် command line wallet ကို ဒေါင်းလုတ်ဆွဲပြီး
desktop ပေါ်မှာ monero86 ဆိုတဲ့
folder နဲ့ထားလိုက်ပါတယ်။ (ပုံ-၂)
(၁)
(၂)
အဲဒီ folder ကိုဖွင့်လိုက်ရင် monerod. exe ဆိုတဲ့ file လေးကို video ထဲကအတိုင်း
double click လုပ်ပြီး Run လိုက်တာနဲ့
monero core စပြီး Run ပါပြီ ။ ဒါပေမယ့်
wallet အတွက် အကောင့်ဖွင့်ဖို့လိုပါသေး
တယ် ။ video ထဲကအတိုင်း တစ်ဆင့်ခြင်း
လိုက်လုပ်ကြည့်ခြင်းဖြင့် Wallet အကောင့်
ကိုရရှိနိုင်ပါတယ် ။ Wallet အကောင့်ရရှိ
ပြီးသွားပြီဆိုရင် မိမိရဲ့Wallet ဟာ ပုံထဲက
အတိုင်း monero blockchain တစ်ခုလုံး
ကို start synchronizing လုပ်နေပါပြီ ။
blockchain တစ်ခုလုံးကို download ဆွဲ
နေခြင်းဖြစ်ပါတယ်။ (ပုံ-၃)
(၃)
blockchain တစ်ခုလုံးကို download ဆွဲမယ်
ဆိုရင် 15 Gb လောက်ရှိပြီး HDD မသုံးပဲ
SSD နဲ့ အင်တာနက်လိုင်းကောင်း
ကောင်း ရှိမယ်ဆိုရင် ၉ နာရီလောက်
ကြာအောင် ဒေါင်းလုတ်ဆွဲရမယ်လို့
သိရပါတယ်ဗျ။ ကျနော်ကတော့ blockheight
1.5 သန်းကျော်ရှိတာကို 1.6 သိန်းကျော်လောက်
ထိပဲ ဒေါင်းလုတ်ဆွဲကြည့်ပြီး ဘေအရမ်းကုန်
တာနဲ့ ရပ်ထားလိုက်ရပါတယ်။ blockchain
တစ်ခုလုံးကို download ဆွဲပြီးပြီဆိုရင်တော့
start-mining ဆိုတဲ့ command နဲ့
အဲဒီ wallet ကနေပဲ mining လုပ်လို့ရပါပြီ။
blockchain တစ်ခုလုံးကို download
မဆွဲပဲ remote nodes လို့ခေါ်တဲ့
monero open nodes များနဲ့လည်း
wallet ကို syn လုပ်လို့ရပါတယ် ။
Blockchain တစ်ခုလုံးကို ၃ နာရီအတွင်း
syn လုပ်ပေးနိုင်ပါတယ် ။ ဒါပေမယ့်
start-mining command သုံးလို့ရပေ
မယ့် mining မလုပ်ပါဘူး။ အခြားတစ်
ယောက်ရဲ့ nodes ကိုသုံးတာဖြစ်လို့
Risk များပါတယ်။ ကျနော့်ကတော့
အရင်က transaction ပြုလုပ်ရာမှာ
အသုံးပြုခဲ့ပါတယ်။ ( http://viewdns.info/dnsrecord/?domain=node.moneroworld.com)
monero အတွက် remote nodes ရနိုင်တဲ့နေရာဖြစ်ပါတယ်။ (ပုံ-၄)
(၄) Monero Wallet အား remote nodes ဖြင့် synလုပ်နေပုံ
Monero wallet တစ်ခုရပြီးပြီဆိုရင်တော့
Monero တွေကိုဝယ်ယူသိမ်းဆည်းခြင်း
လွှဲပြောင်းခြင်းတွေ ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။
နောက်တစ်ပိုင်းကတော့ minergate
console mining software နဲ့ mine တူး
ခြင်းဖြစ်ပါတယ်။ ( https://minergate.com/downloads/console ) ကနေ မိမိ window
နဲ့ကိုက်ညီတဲ့ software ကို download
ဆွဲရပါတယ်။ ကျနော်ကတော့ 32 bit ကို
ဒေါင်းလုတ်ဆွဲလိုက်ပါတယ် ။ အဲဒီ page မှာပဲ
mining ဘယ်လိုလုပ်ရမလဲဆိုတဲ့ user guide
လေးကိုလဲ ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။(ပုံ-၅)
ဒေါင်းလုတ်ဆွဲလို့ရလာတဲ့ file လေးကို desktop ပေါ်တင်
ထားလိုက်ပြီး ဖွင့်လိုက်ရင်အောက်ပါအတိုင်း
တွေ့ရမှာဖြစ်ပါတယ် ။ (ပုံ-၆)
(၅)
(၆)
Notepad program ကိုဖွင့်ပြီး script တစ်ခု
ရေးရပါတယ်။
(minergate-cli -user thettin@gmail.com -
xmr 2)
ဆိုတဲ့ script လေးဖြစ်ပါတယ် ။
ဆက်ရန် . . . .