ယနေ့ ခေတ်နည်းပညာတွေနဲ့ ပတ်သက်လာရင် ဂျပန်တွေထက်သာအောင်လုပ်နိုင်တဲ့
နေရာ အနည်းငယ်သာရှိပါလိမ့်မယ်။ ကျနော်တို့ အလုပ်လုပ်ရင်အသုံးပြုနေတဲ့
Laptops တွေကို ဘယ်နေရာကထုတ်လုပ်တာပါလဲ? Toshiba ကုမ္ပဏီကတော့
အဲဒါတွေကို အရေအတွက်အမြောက်အများ ထုတ်လုပ်ရောင်းချတဲ့ ပထမဆုံး
ကုမ္ပဏီဖြစ်ပါတယ်။ သင်စာရိုက်တဲ့အခါ သုံးတဲ့ emoji တွေကရော? . . . ဂျပန်တွေ
တီထွင်ခဲ့တာပါပဲ။ ပြောရရင် Forbes မဂ္ဂဇင်းရဲ့ စစ်တမ်းတစ်ခုအရ
ကမ္ဘာ့တီထွင်ဆန်းသစ်မှုအရှိဆုံး ကုမ္ပဏီတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ဂျပန်နိုင်ငံမှာ
အခြေစိုက်ပါတယ်တဲ့ဗျာ။
သို့ ပေမယ့် ဂျပန်တို့ ရဲ့ပြောင်မြောက်လှတဲ့တီထွင်ဆန်းသစ်မှုတွေကို လူတွေက
အမှုမဲ့အမှတ်မဲ့ နေလေ့ရှိကြပြီး ဆီလီကွန်တောင်ကြားလို ၊ တဲလ်အဗစ်လို နေရာ
မျိုးက ကိစ္စတွေကပဲ ပိုပြီးစိတ်ဝင်စားစရာကောင်းပုံထင်ရပါတယ်။အခုဖော်ပြပေး
မယ့် ဂျပန်တို့ ရဲ့တီထွင်ဆန်းသစ်မှု (၅) ရပ်ကတော့ အထက်ပါအချက်ကို ချေဖျက်
ပြပါလိမ့်မယ်။တကယ်ဆို ဂျပန်တွေက ကမ္ဘာကြီးကို လက်ဆောင်ပေးခဲ့တဲ့ထဲမှာ
ကာရာအိုကေတို့  ၊ ပိုကီမွန်တို့ ၊ အသင့်စားခေါက်ဆွဲခြောက်တို့ တင်မကပါဘူး။
၁။ Bullet Train (1964)
Hikari No.(1) ဆိုတဲ့ ပထမဆုံးကျည်ဆန်ရထားကို မပြေးဆွဲခင်က
ဂျပန်နိုင်ငံရဲ့ မြို့ကြီး နှစ်မြို့ဖြစ်တဲ့ တိုကျိုနဲ့ အိုဆာကာကို ရထားနဲ့  ခရီးသွား
ကြမယ်ဆိုရင် နေ့ တစ်ပိုင်းလောက် အချိန်ကုန်ပါတယ်။ ဒါပေမယ့် ၁၉၆၄
ခုနှစ်အောက်တိုဘာမှာ တစ်နာရီ ၂၁၀ ကီလိုမီတာ အမြန်နှုန်းရှိတဲ့ ၄င်းရထားကို
ပြေးဆွဲပြီးနောက်မှာတော့ အဆိုပါခရီးစဉ်အတွက် ကြာမြင့်ချိန် ၄ နာရီလောက်အထိ
လျော့ကျသွားခဲ့ပါတယ်။ယနေ့ ခေတ်မှာတော့ နည်းပညာတိုးတက်လာမှုနဲ့ အတူ
အချိန် ၂ နာရီခန့်သာ ကြာမြင့်ပါတော့တယ်။ မကြာမီမှာ ဒီခရီးစဉ်အတွက်
ကြာမြင့်ချိန် ၁ နာရီခန့် အထိ လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။
၂။Pocket Calculator (1970)
ကျနော်တို့  အပြင်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့  ညစာသွားစားကြပြီ
ဆိုပါတော့ ၊ ပြီးတော့ . . ငွေရှင်းတော့မယ် ဘေစာရွက်ရောက်လာပြီဆိုရင်
ကျနော်တို့ ပထမဆုံးလုပ်တတ်ကြတာက ဟန်းဖုန်းလေးကိုထုတ် ၊
Calculator Application လေးကို ဖွင့်မိတတ်ကြတာပဲ မဟုတ်လား. . .
အဲဒီ လက်စွဲတော် ကိရိယာလေးရဲ့ မူလဘူတကတော့ ဂျပန်တွေ စတင်
တီထွင်ခဲ့တဲ့ အိတ်ဆောင်ဂဏန်းပေါင်းစက်လေးကနေ တစ်ဆင့်ချင်း
ဖြစ်လာခဲ့တာပါ။
အစောပိုင်းတီထွင်ခဲ့တဲ့ ဒီဇိုင်းက စားပွဲပေါ်တင်ပြီးအသုံးပြုဖို့ အတွက်ပါတဲ့ . . .
အဲဒါကို အပြင်ကိုယူသွားမယ်ဆိုရင်တော့ သင့်မှာ အိတ်ထောင်ကြီးကြီး
လိုအပ်ပါလိမ့်မယ် ။ ဒါပေမယ့် စားသောက်ဆိုင်ကို ပေသီးခုံကြီးဆွဲသွား
တာထက်စာရင် အဲဒါလေးသယ်သွားတာကပဲ ပိုအဆင်ပြေမှာပါ။
၃။Walkman (1979)
ဂီတလောကကို ပထမဆုံးဆန်းသစ်ပြောင်းလဲပေးလိုက်တဲ့ ပစ္စည်းက
Ipod လို့ ထင်နေပါသလား ? ဒါဆိုရင်တော့မှားပါတယ်။ . . .
Apple ရဲ့အဆိုပါထုတ်ကုန်ဟာ ၂၀၀၁ ခုနှစ် ဈေးကွက်ထဲမှာ ရေပန်းမစားခင်
ကတည်းက ဂီတရေစီးကြောင်းဟာ အရှိန်အဟုန်နဲ့ ပြောင်းလဲဖွံ့ ဖြိုးခဲ့ပါပြီ။
အစောပိုင်း ဆယ်စုနှစ်တွေမှာ ဂျပန်တွေရဲ့ ဖန်တီးမှုတစ်ခုဖြစ်တဲ့
Sony’s Walkman ရဲ့ကျေးဇူးတွေပါပဲ။ Walkman မပေါ်ခင်က အပြင်မှာ
လမ်းလျှောက်ရင်း သီချင်းလေးနဲ့ ငြိမ့်ချင်တယ်ဆိုရင် အိတ်ဆောင်
ရေဒီယိုလေးတစ်လုံးယူသွားရုံကလွဲပြီး အခြားနည်းလမ်းမရှိပါဘူး။
မိမိကြိုက်နှစ်သက်တဲ့ ကိုယ်ပိုင်သီချင်းတွေကို နေရာမရွေး ယူဆောင်သွားပြီး
နားထောင်နိုင်တယ်ဆိုတဲ့ စိတ်ကူးဟာ ဂီတလောကကိုပြောင်းလဲပေးခဲ့ပါတယ်။
ဝါတန်တက္ကသိုလ်ရဲ့ မားကက်တင်းဘာသာရပ်ကို သင်ကြားပေးသူ
Americus Reed က AdWeek သတင်းစာနဲ့  ပြောဖြစ်ခဲ့ရာမှာ -
“ဒါက ရွေ့ လျားနိုင်စွမ်းပါပဲ - သီချင်းတွေကိုကိုယ်နဲ့ မကွာ ယူဆောင်သွားနိုင်တယ်
ဆိုတဲ့ အယူအဆဟာ တကယ့်ကိုကြီးကျယ်ခဲ့ပါတယ်။”
၎။ Blue LED Light (Early 1990s)
၁၉၉၀ ခုနှစ်များရဲ့ အစောပိုင်းကာလတွေမှာ ဂျပန်သိပ္ပံပညာရှင်များဖြစ်တဲ့
Isamu Akasaki, Hiroshi Amano နဲ့ Shuji Nakamura သုံးဦးတို့ ဟာ
ဆီမီးကွန်ဒပ်တာတွေကနေ အပြာရောင်အလင်းထုတ်လွှတ်မှုကို
လုပ်ဆောင်နိုင်ခဲ့ကြပြီး အလင်းရောင်နည်းပညာကဏ္ဍကို တိုးတက်ပြောင်းလဲ
စေခဲ့ပါတယ်။ဒီရှာဖွေတွေ့ ရှိမှုကနေမှတစ်ဆင့် စွမ်းအင်ချွေတာတဲ့ မီးသီးတို့ ၊
လျှပ်စစ်စွမ်းအားကို အလေအလွင့်မရှိထိထိရောက်ရောက်အသုံးပြုနိုင်တဲ့
ကွန်ပျူတာ မော်နီတာ၊ မိုဘိုင်းဖုန်း Screen ၊ တီဗွီ ဖန်သားပြင်တို့ ကို
ဖြစ်ပေါ်တိုးတက်စေခဲ့ပါတယ်။ သိပ္ပံပညာရှင်သုံးဦးတို့ ဟာ အဆိုပါတီထွင်မှု
အတွက် ၂၀၁၄ ခုနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ချီးမြှင့်ခံခဲ့ရပြီး
ယင်းကဲ့သို့  တီထွင်နိုင်မှုဟာ၂၁ ရာစုရဲ့ ပြောင်းလဲတိုးတက်မှု ဖြစ်စဉ်တွေမှာ
အဓိကစွမ်းဆောင်ရည်ဖြစ်စေတယ်လို့ ဖော်ပြခြင်းခံခဲ့ရပါတယ်။
၅။ Android Robots (2003)
တစ်ချိန်တစ်ခါက လူသားတွေလိုမျိုး လှုပ်ရှားပြောဆိုနိုင်စွမ်းရှိတဲ့
Androids လို့ ခေါ်တဲ့ မနုဿစက်ရုပ်တွေ ဖြစ်ပေါ်လာဖို့ ဆိုတာ
စိတ်ကူးယဉ်သိပ္ပံလောကမှာ အကောင်အထည်ဖော်နိုင်စွမ်း အကန့် အသတ်
တွေရှိခဲ့ပါတယ်။ ယနေ့ အချိန်မှာတော့ ဂျပန်တီထွင်သူတို့ ရဲ့ ကျေးဇူးကြောင့်
စိတ်ကူးယဉ် ဘဝကနေ လက်တွေ့ ဖြစ်လာခဲ့ပါပြီ။
၂၀၀၃ ခုနှစ်မှာ အိုဆာကာ တက္ကသိုလ်၊ Intelligent Robotics သုတေသန
ဌာနရဲ့ သုတေသီတွေဟာ Der 01 လို့ ခေါ်တဲ့ လူသားတွေလိုမျိုး စကားပြောနိုင် ၊
မျက်လုံးအဖွင့်အပိတ်လုပ်နိုင် ၊ အသက်ရှူနိုင်တဲ့ ပထမဆုံး စက်ရုပ်ကို
ထုတ်ဖော်ပြသခဲ့ပါတယ်။ ဒီစက်ရုပ်တွေကြောင့် နိုင်ငံအနှံ့ ပြောင်းလဲမှုတွေ
ဖြစ်ပေါ်စေခဲ့ပါတယ်။ ၂၀၁၅ နွေရာသီမှာတော့ ဝန်ဆောင်မှုအားလုံးနီးပါးကို
စက်ရုပ်တွေပဲ အသုံးပြုထားတဲ့ ဟိုတယ်တစ်လုံး နာဂါဆာကီမြို့ မှာ
ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒါမတိုင်ခင် နှစ်နှစ်လောက်က Kirobo ဆိုတဲ့
စက်ရုပ်ဟာ အာကာသထဲမှာ စကားပြောတဲ့ ကမ္ဘာ့ ပထမဆုံး
စက်ရုပ်အာကာသယဉ်မှူး ဖြစ်ခဲ့ပါတယ်။
Tranlated from original source link ( http://steem.link/original)