စိတ်စေရာ အပိုင်း ( ၁ ) Link -
(https://steemit.com/myanmar/@thettinaung/sitesyaa )
ကျနော့်ရဲ့ဘဝကတော့သစ်လွင်တဲ့ အစပြုခြင်း
တွေနဲ့ . . . . . . .
ဘဝဟာချိုမြိန်ခဲ့ပါတယ် . . . . .
Eve နဲ့အတူတူရှိနေခြင်းဟာ တကယ့်ကို သုခဘုံ
ပါပဲဗျာ . . . ဇနီးဟောင်းနဲ့တုန်းက တစ်ခါမှမရခဲ့
ဘူးတဲ့ ခံစားချက်မျိုး ခုမှရတယ်လို့ထင်တာပါ
ပဲ။ ကျနော်နဲ့ Eve နှစ်ယောက်သားမှာ မိတ်ဆွေ
တွေကလည်း ပေါများလှပါတယ် ပြီးတော့
ကျနော့်ရဲ့မိဘဆွေမျိုးတွေကလည်း သူမကို
ချစ်ကြတယ် ။ကလေးတွေကိုယ်၌ကလည်း
Eve ကိုသဘောကျကြပါတယ်။
ဒါပေမယ့် ဇနီးဟောင်းဖြစ်သူကတော့ . . .သူမ
သစ္စာဖောက်ခံလိုက်ရတယ်ဆိုပြီး Eve နဲ့တွေဖို့
အမြဲရှောင်နေလေ့ရှိပါတယ်။ကျနော်ကလည်း
သူမကို ပို ပိုပြီးတော့ကို မုန်းတီးမိတော့တာပါပဲ။
ကလေးဆန်လွန်းပြီးမရင့်ကျက်တဲ့မိန်းမ . .
လူမှုရေးဆိုတာကိုမသိတဲ့ မိန်းမ . .
ကျနော့်အပေါ်လည်း နားလည်မပေးတတ် . .
ကျနော့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုကိုလည်း
ဘယ်တုန်းကမှ မစဉ်းစားပေးခဲ့တဲ့မိန်းမ . . ။
အဲဒါနဲ့ ကျနော်လည်း Eve နဲ့ ၂ယောက်သား
ရိုက်ထားတဲ့ပုံတွေကို Facebook ပေါ်
ပလူပျံအောင် တင်ပစ်လိုက်တယ်ဗျာ ။ သူမ
ဘယ်လို ခံစားရမလဲတော့ မသိဘူး . . ဂရုလည်း
စိုက်မနေတော့ပါဘူး ။ကျနော့်မှာ Eve နဲ့အတူတူ
ဘဝအသစ်တစ်ခုပိုင်ဆိုင်ထားပြီလေ . .
အရမ်းကိုလန်းဆန်းတက်ကြွခဲ့ရပါတယ်။
Eve နဲ့ကျနော် ၆ နှစ် ၇ နှစ်လောက် လက်တွဲ
ဖြစ်ခဲ့ပါတယ် . . ဒါပေမယ့်လက်မထပ်ဖြစ်ခဲ့ပါ
ဘူး။ လက်ထပ်တယ်ဆိုတာ ကျနော်တို့
အတွက်အရေးမပါဘူးလို့ ယုံကြည်ခဲ့ကြပါတယ်။
ကျနော့်အနေနဲ့လည်း ဇနီးဟောင်းနဲ့ အတူတူ
ဒီ ၁၅ နှစ်အတွင်းမှာ ဒီအိမ်ထောင်အတွက်ပဲ
ကိုယ်တတ်စွမ်းနိုင်သမျှ အချိန်တွေ ခွန်အားတွေ
အရာအားလုံး ပေးအပ်မြုပ်နှံခဲ့ပြီးမှ . . .
အဆုံးသတ်မှာ အချည်းနှီး ဖြစ်ခဲ့ရတာပါပဲ။
ဒီလောက်ထိ ပေးဆပ်ခဲ့ကြတာတောင်မှ
အိမ်ထောင်တစ်ခုကို တည်မြဲစေတဲ့ အကြောင်း
တရားတစ်ခုမှ ရှိမလာခဲ့ဘူး။ အခုတော့လည်း
Eve ဟာကျနော့်ရဲ့ အနာဂတ်ပါ ။ ကျနော့်ရဲ့
ဘဝတစ်လျှောက်လုံး ဘေးမှာရှိမယ့် လူဟာ
Eve ပါပဲ ။
နောက်ဆုံးတော့လည်းဗျာ Eve နဲ့ နှစ်ယောက်
သား ဘယ်လောက်ပဲ သာယာခဲ့စေဦးတော့
သူမကို ဘယ်လိုပဲကြွေခဲ့ကြွေခဲ့ . . .
Eve အတူရှိရခြင်းဟာ ဘယ်လိုပဲ
ပျော်ရွှင်ရပါစေဦးတော့ . . . ပျားရည်ဆမ်း
ကာလဟာ အဆုံးသတ်ဖို့ဖြစ်လာခဲ့ပါတယ်။
Eve နဲ့ကျနော်တို့ စပြီးတစ်ကျက်ကျက်
ဖြစ်လာခဲ့ပါတယ်။ ရန်ပွဲလေးတွေလည်း
တစ်စတစ်စ ပေါ့ဗျာ ။
တစ်ညပေါ့ဗျာ ၂ နာရီလောက်ကြီး
ဟိုတွေးဒီတွေးနဲ့ ကိစ္စရပ်တစ်ခုကို ရှင်းရှင်း
လင်းလင်းကြီး သဘောပေါက်ခဲ့ရပါတယ်။
ကျနော့်ဘဝရဲ့ အရေးပါတဲ့ အမျိုးသမီးတစ်ယောက်ကို
လက်လွှတ်လိုက်ရတယ်တယ်ဆိုတာ
သိမြင်လာရပါတော့တယ် . . . ကျနော့်အတွက်
ပထမဆုံး မိသားစု ကျနော့်အတွက် ပထမဆုံး
အိမ် ဆိုတဲ့အရာကိုဖန်တီးပေးခဲ့တဲ့
အမျိုးသမီးကို ဆုံးရှုံးလိုက်ရပါပြီ။
ကျနော်သာ ဇနီးဟောင်းအပေါ် Eve ကို
ပြောဆိုဆက်ဆံသလိုမျိုး ဆက်ဆံခဲ့မယ်ဆိုရင်
Eve အတွက်ပေးလိုက်ရတဲ့အချိန်တွေကို
ကျနော့်ဇနီးအပေါ်မှာသာ ပေးအပ်ခဲ့မယ်ဆိုရင်
သူမသည်လည်း လှပစွာပွင့်ဖူးတဲ့ ပန်းလေးတစ်
ပွင့် အဖြစ်ပွင့်လန်းလာမှာပါ။
သူမရဲ့မကောင်းကြောင်းတွေ သူမအပေါ်
အဆိုးမြင်မိတဲ့အကြောင်းတွေကို
ကျနော့်မိတ်ဆွေ ဆွေမျိုးတွေကို
မပြောခဲ့မိရင် သူတို့ကလည်း သူမအပေါ်
မကောင်းမြင်ကြမှာ မဟုတ်ပါဘူး ။
သူမဟာလည်း ကိုယ့်ကိုယ်ကိုယုံကြည်စိတ်
ကင်းမဲ့ပြီး သိမ်ငယ်နေတဲ့ဇနီးတစ်ယောက်
ဖြစ်လာမှာ မဟုတ်ပါဘူး ။ ကျနော့်စိတ်ရဲ့စေရာ
အတိုင်းသူမကိုတွန်းပို့ ခဲ့မိတယ်။ကျနော့်ရဲ့
မောဟတွေက ပုံဖော်ခဲ့တဲ့အတိုင်း သူမဖြစ်လာခဲ့တယ်ဆိုတာ ကျနော်မမြင်ခဲ့မိ
ဘူးဗျာ။အဲဒါကလည်း သူမလိုချင်တဲ့
သူမနဲ့ထိုက်တန်တဲ့ကျနော့်ရဲ့ဂရုစိုက်မှုတွေ အချစ်တွေ သူမအတွက် အချိန်တွေကို
ကျနော်မပေးခဲ့လို့ သူမဟာ
အဲဒီလိုဖြစ်သွားခဲ့တာပါ။
အရင်တုန်းက ကျနော့် ဇနီးအပေါ်
ချစ်ခဲ့တယ် ဂရုစိုက်မှုတွေ ပေးခဲ့တယ်လို့
ထင်ခဲ့ပါတယ် ။ တကယ်တမ်းမှာ
ပြန်တွေးလိုက်ရင် သူမအပေါ် ဘယ်တုန်းကမှ
ဂရုမစိုက်ခဲ့ဖူးဘူး ။ သူမဘာလိုချင်တယ်
ဆိုတာ တစ်ခါမှ အလေးထားပြီးမစဉ်းစား
ခဲ့ဖူးဘူး။ သူမကို ကျနော်နဲ့ သဘောထား
ချင်းမတိုက်ဆိုင်တဲ့ လူပဲဆိုတဲ့အတွေးလေး
တစ်ချက်တည်းနဲ့ အိမ်ထောင်တစ်ခုကို
အဆုံးသတ်ပြစ်ခဲ့တယ်။ ကျနော့်ရဲ့ မိဘဆွေမျိုး
တွေ မိတ်ဆွေတွေကိုလည်း သူမကျနော်နဲ့
မသင့်တော်တော့တဲ့အကြောင်း
အယုံသွင်းခဲ့မိပါတယ်။
နောင်တတွေကို ပွေ့ပိုက်မိတဲ့ကျနော်ပါဗျာ။
အမှားကြီးမှားခဲ့တဲ့လူတစ်ယောက်ပါ။
ကျနော့်ကလေးတွေရဲ့အကောင်းဆုံး
အချိန်တွေကို စွန့်ပစ်ခဲ့မိတယ်။ သူတို့ရဲ့ မိသားစု
ဝင်အဖြစ် ငြင်းဆန်ခဲ့တယ်။ သူတို့ရဲ့အမေ
ကို ဘဝကိုတစ်ယောက်တည်း ရင်ဆိုင်စေ
ခဲ့တယ်။ ငွေကြေးအရ ကျနော့်ဘက်က
ထောက်ပံ့ပေးခဲ့တယ်ဆိုပေမယ့်လည်း
တစ်ခုလပ် ကလေးတွေအမေအနေနဲ့
ဘာတွေဘယ်လို လိုအပ်မယ်ဆိုတာ
အပြင်လူတစ်ယောက်ဖြစ်တဲ့ကျနော်
သိနိုင်မှာ မဟုတ်ပါဘူး။ရုံးပိတ်ရက်တွေမှာ
Eve နဲ့ကျနော်က စားကောင်းသောက်ဖွယ်
အသားကင်တွေစားနေချိန်မှာ
ကျနော့်ဇနီးကတော့ ပေါင်မုန့် ကြက်ဥတွေနဲ့ပဲ
နှစ်ပါးသွားနေခဲ့ရပါတယ်။
အဲဒီလိုတွေဖြစ်လို့လည်း သူမဘက်က
စောဒကတက်တာမျိုး တစ်ခါမှမရှိခဲ့ပါဘူး။
ကျနော်ပေးနေတဲ့ ပိုက်ဆံထက်ပိုပြီး
ရလို့ရငြား လုံးဝမတောင်းဆိုခဲ့ပါဘူး။
ကျနော် ကလေးတွေနဲ့လာ လာတွေ့နေတာကို
လည်း ပိတ်ပင်တားမြစ်တာမျိုး မလုပ်ခဲ့ပါဘူး။
စနေ တနင်္ဂနွေလိုရုံးပိတ်ရက်တွေဟာလည်း
သူမအတွက် အဓိပ္ပာယ်မရှိခဲ့ပါဘူး . . အဲဒီရက်
တွေမှာ ကျနော့်အမေက သူ့မြေးတွေနဲ့
အတူနေချင်တာကြောင့်ပါ။ Eve နဲ့ကျနော်
ဘဝတစ်ခုလျှောက်လှမ်းဖို့ သူမက စွန့်လွှတ်
ပေးခဲ့တယ်။ သူမအတွက်တော့ ခါးသီးဖွယ်
နေ့ရက်တွေပဲ ဖြစ်ခဲ့မှာပါ ။
ကျနော့်ဇနီးနဲ့ကျနော်ကလည်း တစ်ခြားစုံတွဲ
တွေလိုပေါ့ဗျာ . . ချစ်လို့ကြိုက်လို့ပဲ
ယူခဲ့ကြတာပါ။ အစပိုင်းတော့ အဆင်ပြေပြေ
နဲ့ ပျော်ပျော်ရွှင်ရွှင်ပါပဲ နောက်ပိုင်းမှာ
စိတ်တိုင်းမကျတာတွေဖြစ်လာတဲ့အခါ
ကျနော့်ဘက်က စွန့်ခွာပြေးခဲ့တယ်။
ကျနော့်အတွက် အရာအားလုံးကို
ပေးဆပ်ခဲ့တဲ့ မိန်းမတစ်ယောက်ကိုမှ
လမ်းခွဲခဲ့မိတယ် ဆိုတာ . . . အခုသိခဲ့ပါပြီ။
မောဟတွေဖုံးလွှမ်းနေခဲ့တဲ့ ကျနော်
အမှန်ကို မြင်နိုင်စွမ်းမရှိခဲ့ပါဘူး ။
ဆက်ရန် . . . . .
Ref ; (http://steem.link/EVIy9)