ကော်နီရဲ့ ရွေးချယ်မှု
သူမဖိုင်တွဲကိုငုံ့ုကြည့်ပြီး ဖွင့်လိုက်ပါတယ် . . .
ပထမဆုံးစာရွက်က ဗလာစာရွက်ပါ ။
“ဒီစာရွက်က ဘာမှထွေထွေထူးထူး မဟုတ်ဘူး
ထားရမယ့် ရွေးချယ်မှုပေါ့”
သူမ ရေရွတ်ရင်း ပြောလိုက်ပါတယ်။
ကော်နီ ထိုစာရွက်ကို ဆွဲထုတ်ပြီး ဘေးမှာ
ချထားလိုက်ပါတယ်။ ဒီလူပြောနေတဲ့ထဲမှာ
အမှန်တရားတစ်စုံတစ်ရာများပါခဲ့ရင် သူမကတော့
တစ်ခုခုကို သေချာပေါက်ရွေးချယ်ရမှာပါ။
သူမ ဒုတိယစာရွက်ကို ဖတ်ကြည့်နေစဉ်
သက်ပြင်းတစ်ချက်ရှိုက်မိသွားပါတယ်။
ဟိုအရင် အထက်တန်းကျောင်းမှာတုန်းက
အဖြစ်အပျက်တစ်ခုပါ။ ကျောင်းမှာအတော်လေး
ရေပန်းစားတဲ့  ကျောင်းဘောလုံးအသင်းက
ကောင်လေးနှစ်ယောက်ပေါ့ သူမနဲ့ သူငယ်ချင်း
ဖြစ်သူကို ကျောင်းလစ်ပြီး အပြင်ထွက်လည်ဖို့ 
ချိန်းပါတယ်။ သူငယ်ချင်းဖြစ်သူက သွားမယ်လို့ 
ပြောပြီးနေပါပြီ ၊ ကော်နီကတော့ ငြင်းလိုက်ပါတယ်။
ထိုကောင်လေးနှစ်ယောက်က သူမရဲ့ သူငယ်ချင်းကို
ဆေးခြောက်တွေတိုက် ယစ်မူးအောင်လုပ်ပြီး
သူတို့ အလိုရှိတဲ့အတိုင်း အသုံးချခဲ့ကြတယ်။
သူငယ်ချင်းနှစ်ယောက်ရဲ့ခင်မင်ရင်းနှီးမှုလည်း ပျက်စီးခဲ့ရပြီး၊
ကော်နီလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့  အပြစ်မကင်း
သလို ခံစားခဲ့ရပါတယ်။တကယ်လို့ များသူမသာ
အတူလိုက်သွားခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲလို့ 
အမြဲတွေးနေခဲ့ပါတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ် ထိုကိစ္စတွေ
ကို တားဆီးနိုင်ခဲ့လိမ့်မယ်လို့ ယုံကြည်နေမိပါတယ်။
ဒုတိယစာရွက်က အဖြစ်ဟာဆန်းပြားသလောက်
တတိယစာရွက်မှာတော့ သာမန်ပဲဖြစ်ပါတယ်။
အထက်တန်းပြီးတော့ သူမ လုပ်ငန်းခွင်ထဲ
တန်းဝင်လိုက်ရပါတယ်။ တက္ကသိုလ်တက်ဖို့ ဆိုတာ
ဘယ်တုန်းကမှ သူမရဲ့ ရွေးချယ်ပိုင်ခွင့်
မဟုတ်ခဲ့ပါဘူး။ ပထမဆုံးအလုပ်အဖြစ် ဧည့်ကြိုအလုပ်
လုပ်ခဲ့ရတာပါ။ စာရွက်မှာရေးထားတဲ့ နေ့ မှာ သူမဟာ
အလုပ်ကနေ ၁၀ မိနစ်စောပြီးထွက်လာခဲ့တယ်။
ဘတ်စ်ကားမှတ်တိုင်ကို သွားမလို့ ပြင်နေစဉ်မှာပဲ
လူတစ်ယောက်ဟာ ရုံးထဲကို ဝင်သွားပါတယ်။
သူမ ဘတ်စ်ကားစောင့်နေတုန်း ထိုလူပြန်ထွက်လာ
ပြီး ဘေးဘယ်ညာတစ်ချက်ကြည့်ကာ တခြားလူတစ်ယောက်
မောင်းတဲ့ ကားပေါ်တက်ပြီးထွက်သွားတာကို
မြင်လိုက်ပါတယ်။နောက်ရက်မှာတော့ ရုံးခန်းကို
ရဲတွေ ဝင်ရောက်စီးနင်းခဲ့ကြပါတယ်။ တစ်ခြားဝန်ထမ်းတွေ
လိုပဲ သူမကိုလည်း မေးခွန်းတွေမေးခဲ့ကြတယ်။
သူများတွေနဲ့ မတူတာက သူမဘာတစ်ခုမှ မသိတာပါပဲ။
သူမရဲ့ ထွက်ဆိုချက်ယူပြီးတဲ့အချိန်မှာ ရဲတွေက
သူမကို နောက်ထပ်မမေးကြတော့ပဲ သွားခိုင်း
လိုက်ပါတယ်။
တတိယစာရွက်ကို ကြည့်ရင်း သူမမေးလိုက်ပါတယ်
“ဒီကိစ္စက ကျမရဲ့ဘဝကို ပြောင်းလဲစေခဲ့တာလား”
“ဟုတ်တယ်” လီယိုနာ့ဒ် ရဲ့လေသံဟာ ညှင်သာပေမယ့်
ဟိန်းဟောက်ပြောတာထက် ကြောက်ဖို့ ကောင်းတယ်
လို့ ထင်ရပါတယ်။
ဒီစာရွက်ကြောင့် သူမအံသြရပါတယ်။ သူမမှတ်မိသလောက်
ရုံးကနေ စောစီးစွာ ထွက်လာတဲ့ကိစ္စက ဘာမှပြောပလောက်တဲ့
ကိစ္စတော့မဟုတ်ပါဘူး။ ရဲတွေလည်း လာကြည့်ပြီး သူမကို
စစ်ဆေးခဲ့တယ်။ကုမ္ပဏီကတော့ ပိတ်သိမ်းသွားရပြီး
သူမလည်း အလုပ်သစ်တစ်ခုရှာဖွေခဲ့ရတယ်။
၁၀ မိနစ်လောက် စောထွက်ခဲ့တာက ဒီလောက်ထိ
ပြောင်းလဲစရာအကြောင်းတော့ မရှိပါဘူး။
“မရွေးချင်တဲ့ စာရွက် ၂ ခုကို ဖိုင်ထဲ ပြန်ထည့်ပေးရ
ပါမယ်” သူမမေးတော့မယ့် မေးခွန်းကို ပြန်ဖြေရင်း
ပြောလိုက်ပါတယ်။
“ဒါပဲလားရှင်”
“ဒါပါပဲ”
စာရွက်အလွတ်ကို သူမ ဖိုင်တွဲထဲ ပြန်ထည့်ထား
လိုက်တယ်။ သူမရဲ့ လက်ရှိဘဝမှာဆက်နေဖို့ 
အကြောင်းရင်းတော့မရှိပါဘူး။နောက်စာရွက်နှစ်ခု
ကတော့ သူမကို စနိုးစနှောင့်ဖြစ်စေပါတယ်။
တစ်ခုက သူမကြောင့် ဘယ်အတိုင်းအတာထိ
ဖြစ်သွားခဲ့တယ်ဆိုတာ သိနေလို့ စိတ်အနှောင့်
အယှက်ဖြစ်ရပါတယ်။ထိုကိစ္စအတွက် သူမ
လိပ်ပြာမသန့် ဖြစ်ခဲ့တာ နှစ်တွေ ဘယ်လောက်တောင်
ကြာနေပြီလဲ? ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်
ကို ဒဏ်ရာတွေ ဖြစ်စေပြီး ဆုံးရှုံးခဲ့ရလို့  ငိုခဲ့ရတာ
ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲ?
နောက်စာရွက် တစ်ခုကတော့ သူမဘာမှရေရေ ရာရာ
မသိတဲ့ ကိစ္စဖြစ်နေတာကြောင့် ဇဝေဇဝါ ဖြစ်ရပါတယ်။
သူမ ဘာမှကျူးလွန်မထားတဲ့ ကိစ္စတစ်ချို့ ကြောင့်
လုပ်ထားတဲ့သူတွေနဲ့ တန်းတူ ဒုက္ခရောက်ခဲ့ရပြီး
လောကဓံရဲ့ ရိုက်ချက်တွေဟာလည်း သူမအတွက်
လုံလောက်နေပါပြီ။ဒါဆို ထို ၁၀ မိနစ်ဆိုတဲ့ အရာ
လေးမှာ သူမအတွက် ထိတ်လန့် စရာတွေ ရှိနေပြီပေါ့။
ဒါ့ကြောင့် ကိုယ့်အတွက်ပဲ ကိုယ်ပဲ စဉ်းစားရတော့
မှာပါ။ စာရွက်ကို ဖိုင်တွဲထဲ ပြန်ထည့်လိုက်ပါတယ်။
“ဒီတစ်ခုကို ရွေးမယ်” သူငယ်ချင်းကို စွန့် လွတ်မိ
ခဲ့တဲ့ နေ့ ကို ရည်ညွှန်းရင်း သူမပြောလိုက်ပါတယ်။
လီယိုနာ့ဒ် က “ ကိုယ်တို့ ထပ်တွေ့ ကြတော့မှာ
မဟုတ်ဘူး”
ကော်နီ ဘာမှ ပြောဖို့ အချိန်မရလိုက်ပဲ ထိုင်နေတဲ့
စားပွဲကနေ ရုတ်တရက် ပျောက်ကွယ်သွားပါတယ်။
လီယိုနာ့ဒ် စာရွက်တွေ ဖိုင်တွေကို ပြန်စုစည်းပြီး
လက်ဆွဲသေတ္တာထဲ ထည့်လိုက်ပါတယ်။
“ဒါကတော့ ရက်စက်မှုပဲ” သူ့ နောက်ကျောဘက်မှ
အသံတစ်သံထွက်ပေါ်လာပါတယ်။
သူလှည့်မကြည့်ပဲ ပြန်ပြောလိုက်တယ်
“ဟုတ်ရဲ့လားဗျာ . . . တစ်ချို့ ကတော့ ဒါကို
ကြင်နာမှုလို့  ပြောကြမှာပါ”
“ရှင် ပြောမှာမလား”
“ဟုတ်တယ် ၊ မာကီရှာ ၊ ကျနော်ကတော့
ဒီအတိုင်းပဲ ပြောမယ်” သူ တည်ကြည်စွာ
ပြောလိုက်ပါတယ်။
သူ မတ်တပ်ရပ်ပြီး သူမဘက်လှည့်ကာ
မျက်နှာချင်းဆိုင်လိုက်ပါတယ်။အနား
အနီးကပ်သွားတော့ သူမ လန့် သွားပါတယ်။
ဒါနဲ့ သူမ ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီး
ညှင်သာစွာ ပြောလိုက်ပါတယ် . .
“ကျမသာဆိုရင်လည်း ဒီအတိုင်းပြောမိမှာပါပဲ . . .
အလုပ်ကိစ္စတွေရော ပြီးသွားပြီလား”
“ပြီးတော့မှာပါ”
သူ့ ကို ခပ်ကြာကြာလေး ကြည့်နေမိတယ် ပြီးတော့
သူမ မျက်လုံးထဲမှာ တစ်ခုခုကို နားလည်သဘောပေါက်
သွားတဲ့ အရိပ်အယောင်လေး ဖြတ်သန်းသွားပါတယ်။
“ရွေးချယ်ရမယ့်အရာတစ်ခုကို ရှင့်အနေနဲ့ 
တွန်းအားပေးစေခိုင်းလို့ တော့မရဘူး”
လို့  သူမခပ်တည်တည်ပြောလိုက်ပါတယ်။
“ကျနော်လည်း ဇွတ်အတင်းရွေးချယ်ခိုင်းတာ
တွေ လုပ်ရလိမ့်မယ်လို့ မထင်ပါဘူး”
သူ့ ကို ဟားတိုက်တဲ့ သဘောမျိုး သူမ
ရယ်မောလိုက်ပါတယ်။
“ကျမ ဖြစ်စေချင်တာ ဒါမျိုးပါပဲလေ”
လီယိုနာ့ဒ် လက်ဆွဲ သေတ္တာကို မပြီး စားပွဲပေါ်
တင်လိုက်ပါတယ်။ သော့ဂဏန်းတွေ လှည့်မနေ
တော့ပဲ ခလုတ်နှိပ်ပြီး သေတ္တာကို ဖွင့်လိုက်ပါတယ်။
အထဲကနေ ကထ္ထူစာရွက်ပုံစံ စာရွက်အထူတစ်ခု
ကိုဆွဲထုတ်လိုက်ပါတယ်။ ထိုစာရွက်ရဲ့ အောက်ခြေ
နားမှာ ချည်မျှင်နမူနာပြစာရွက်လိုမျိုး ချည်မျှဉ်
အထုံးလေးတွေပါပါတယ်။ ၄င်းကိုညှင်သာစွာ
ပါးစပ်နဲ့ မှုတ်လိုက်တဲ့အခါ အနီရောင်အထုံးလေး
တစ်ခုက အခြားအမျှင်တွေနဲ့ ငြိနေပြီး အချိန်
စက္ကန့် ပိုင်းလောက် ဝင်းလက်သွားပါတယ်။
တခြားအထုံးတွေထက် ပိုရှည်ပြီး အလုံးလည်း
ပိုကြီးပါတယ်။ လီယိုနာ့ဒ် ချည်မျှဉ်ထုံးလေးတွေကို
ကျော်ပြီး မာကီရှာကို ကြည့်ပြီး ပြောလိုက်ပါတယ်။
“ကြည့်လိုက်ပါအုံး”
သူမလက်တစ်ဖက် ဆန့် ထွက်လာပြီး သူ့ ကုတ်အင်္ကျီ
ပေါ်ကနေ တစ်ခုခုကို ဆွဲနှုတ်လိုက်ပါတယ်။ပြီးနောက်
အောက်ကို လွင့်ချလိုက်ပါတယ်။ တစ်လက်မလောက်
အရှည်ရှိမယ့် ချည်မျှဉ်ထုံးလေးတစ်ခုပါ
အပြာရောင် ဖျော့ဖျော့လေး . . . .။
ဤတွင် ကော်နီရဲ့ ရွေးချယ်မှု ပြီးသွားပါပြီ။
ဆက်ရန် . . . . .