ရစ်ချတ် ရဲ့ ရွေးချယ်မှု
“ ဒီမှာ ဟေ့လူ . . . ခင်ဗျားဆီက ရဲနံ့ ရတယ်
ကျုပ် နဲ့ ဝေးဝေးသွားနေစမ်းပါ”
ထိုလူက ဒရိုင်ဘာ ဘေးခုံဘက်ကို ပတ်သွားပြီ
ကားတံခါးကို ဆွဲဖွင့်လိုက်ပါတယ်။ ရှက်ဂီ မတ်ခနဲ
ဖြစ်သွားပြီး အံ့သြသွားပါတယ်။ ကားတံခါးကို
သူသေချာပေါက် လော့ချထားခဲ့တာပါ။
ထိုလူက သူ့ ဘေးခုံမှာ ဝင်ထိုက်လိုက်ပြီး
လက်ဆွဲအိတ်ကို ပေါင်ပေါ်တင်ထားလိုက်ပါတယ်။
“သောက်ဂွပဲကွာ”
“တိတ်တိတ်နေစမ်း” ထိုလူမှ ကြမ်းတမ်းစွာ
ပြောလိုက်သည်တွင် ရှက်ဂီ့ နှုတ်ဖြားမှစကားလုံး
တွေဟာ သူမပြောခဲ့သည့်အလား ရပ်တန့် ကုန်သည်။
“မစ္စတာ ဆီးဝပ် ၊ ခင်ဗျားကို ဘာမှထိခိုက်အောင်
မလုပ်ပါဘူး” ထိုလူမှ ဒေါသထွက်နေပုံရတဲ့
လေသံနဲ့  ဆက်ပြောပါတယ် “ဒါပေမယ့်
ခင်ဗျား က အဲဒီလို ဖြစ်အောင်လုပ်နေတယ် . .
သိပ်ကို အန္တရာယ်များတဲ့ လုပ်ရပ်ပဲ . . . ကဲ . .
ကျေးဇူးပြုပြီး ကျုပ်ကို အချိန်ခဏပဲပေး . . .
ဒါဆို ကျုပ်တို့ ရဲ့ အလုပ်ကိစ္စတွေ အပြီးသတ်လို့ 
ရပြီ”
ထိုလူမှ လက်ဆွဲသေတ္တာရဲ့ သော့ဂဏာန်းတွဲ
တွေကို မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်လိုက်ပြီး
သော့တွေကို ဖွင့်နေပါတယ်။ ထိုစဉ်မှာပဲ
ရှက်ဂီ ခင်ဗျာ ကိုယ့်အသံကိုယ် နောက်တစ်ခါ
ကြားလိုက်ရပြန်တယ်။
“နေပါအုံး . . . ခင်ဗျားက ဘယ်သူလဲ” သူမချင့်မရဲ
မေးလိုက်သည်။
“ကျနော့်ကို လီယိုနာ့ဒ်လို့ ခေါ်လို့ ရပါတယ်” ထိုလူရဲ့ အသံက
ညှင်သာသွားပြန်သည်။
“ဘယ်သူ . .” ရှက်ဂီ ထပ်မေးမိပြန်တယ် . .
“ကျုပ်ကို ခေါ်ရမယ့် နာမည် ပြောပြပြီးပြီ . . .
ခင်ဗျား အနေနဲ့ ဒီလောက်ပဲ သိဖို့ လိုအပ်သလို
. . . နောက်ထပ် ဒီထက်ပိုပြီး သိရမှာ မဟုတ်ဘူး”
လီယိုနာ့ဒ် လက်ဆွဲအိတ်ကို ဟရုံလေးဖွင့်ပြီး အထဲက
မနီလာ ဖိုင်တစ်ဖိုင်ကို ဆွဲထုတ်လိုက်ပါတယ်။
ရှက်ဂီ ဖိုင်တွဲကိုကြည့်ရင်း မုန်းတီးကြောက်ရွံ့ စွာနဲ့ 
“ကျုပ်ဘာအပေးအယူမှ လုပ်မှာမဟုတ်ဘူးနော် . .
ခင်ဗျား သိထားတယ်လို့ ထင်နေတာတွေကိုလည်း
သောက်ဂရုမစိုက်ဘူး”
လီယိုနာ့ဒ် စကားစမပြောခင် အသက်တစ်ချက်
ရှူသွင်းလိုက်တယ် . . . . ပြီးနောက်
အေးဆေးစွာပဲ “ရစ်ချတ် ဆီးဝပ် . . .
ကျုပ်က ရွေးချယ်ရတဲ့ အရာတွေနဲ့  အလုပ်လုပ်
တဲ့ သူပါ . . . ကျုပ်တို့ အားလုံး ဒီလိုပါပဲ
မနက်စာ ဘာကိုစားမယ် . . . ဒီအမျိုးသမီး
နဲ့ ချိန်းဆိုဖို့  မေးကြည့်ရင်ကောင်းမလား . . .
တစ်ယောက်ယောက်ကများကျုပ်ကို ပြသနာ
ဖြစ်အောင်လုပ်နေလား . . .”
ရှက်ဂီ ထိုင်ခုံပေါ်မှာ ထိုင်ရင်း ဖင်တကြွကြွ
ဖြစ်သွားတယ် . . .
လီယိုနာ့ဒ်ကတော့ ပိုမို ညှင်သာစွာနဲ့ ဆက်ပြော
ပါတယ် . . . “တစ်ချို့ ရွေးချယ်မှုတွေကြောင့်
ကျုပ်တို့ ဘဝတွေမှာ မတူညီတာတွေ ဖြစ်လာ
ကြတယ် . . .တစ်ချို့ ရွေးချယ်လိုက်တဲ့အရာတွေ
ကြောင့် ကျုပ်တို့ ဘဝထဲမှာ နက်နက်ရှိုင်းရှိုင်း
ပြောင်းလဲကုန်တယ် . . အများအားဖြင့်
ဘယ်ရွေးချယ်မှုက ဘာတွေကို ဖြစ်ပျက်သွားစေ
လဲဆိုတာ ကျုပ်တို့ မသိကြဘူး . . . တစ်ချိန်ချိန်မှာ
ရဲတပ်ဖွဲ့ ရဲ့ သတင်းပေးတစ်ယောက်ကို မူးယစ်ဆေး
ရောင်းမိရင် ထောင်နန်းစံရမယ်ဆိုတာတော့
နားလည်ထားတယ် . . . ဒါပေမယ့်လည်း
တစ်ချိန်မှာ ဘယ်လို ရွေးချယ်မှုကြောင့် ကိုယ့်ဘဝ
ဟာ ရက်နဲ့  လနဲ့ နှစ်နဲ့ ချီပြီး ပြောင်းလဲ
သွားနိုင်တဲ့ အကျိုးရလဒ်တွေ ဖြစ်မယ်ဆိုတာ
ကျုပ်တို့ မသိနိုင်ဘူး . . . ကျုပ်ပြောတာကို
နားလည်ရဲ့လား”
ဆက်ရန် . . . . .