ဘာဖြစ်လို့ ဘာသာပြန်ခြင်းကို လေ့လာရတာလဲ ? ဘာသာပြန်ဆိုခြင်းဟာ အရေးပါတာ ကြောင့်လား . . ဘာ့ကြောင့် ၄င်းက အရေးပါတာလဲ?
ဒီဘာသာရပ်ဟာ ကြီးမားပြီး ရှုပ်ထွေးလွန်းလှတဲ့အတွက် သင်ခန်းစာတစ်ရပ်၊ စာတစ်မျက် နှာ ၊ ဝါကျတစ်ကြောင်းတည်းဖြင့် ဖော်ပြခြင်းငှာ မစွမ်းသာပါဘူး။ယင်းကို အဲ့လောက်ထိ ဇာ မချဲ့ ပဲ လျှော့ချပြီး မေးကြည့်ပါမယ်: ဘာသာပြန်ဆိုခြင်းဟာ ကျနော့်တို့ ရဲ့ ဘဝ ၊ ကျနော် တို့ ရဲ့ လောကကို ဘာတွေများ အထောက်အပံ့ဖြစ်စေပါသလဲ? ဒါကိုက အတော်ကျယ်ပြန့်  တဲ့ မေးခွန်းတစ်ခုဖြစ်နေပါပြီ။
နောက်တစ်မျိုး ပြောင်းပြီးမေးကြည့်ရအောင်။ ဘာသာပြန်ခြင်းဆိုတာ မရှိခဲ့ရင် ကျနော်တို့  ရဲ့ နိုင်ငံရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ဘဝတွေ၊ ကိုးကွယ်ယုံကြည်မှု ဘာသာအယူဝါဒနဲ့  စပ်ဆိုင်တဲ့အတွေ့ အကြုံပေါင်းများစွာ၊ ကျနော်တို့ ကြိုက်နှစ်သက် ကြ တဲ့ အနုပညာ စာပေတွေ ၊ အသုံးပြုနေကြတဲ့ နည်းပညာရပ်တွေနဲ့  ကျနော်တို့ ရဲ့ ဘဝကြီး ဘာတွေများ ဖြစ်နေလိမ့်မလဲ?
မနုဿဗေဒ ပညာရှင်တွေရဲ့ လေ့လာမှုတစ်ရပ်အရ ဒီကမ္ဘာပေါ်မှာ လူသားတွေရဲ့ ဘာသာ စကားပေါင်း ၆၀၀၀ ကျော်ရှိပါတယ်။အဆိုပါ ဘာသာစကားတွေရဲ့ ဘယ်လောက်များများ ကို စာဖြင့်ရေးသားထားတယ်ဆိုတာ မသိရပါဘူး။၆၀၀လောက်ရှိမယ်လို့  ဖြစ်နိုင်ဖွယ် မှန်း ဆ ကြည့် ပါမယ်။ လူတစ်ယောက်ဟာ ဘာသာစကား ဘယ်လောက်များများကို ဖတ်နိုင် မလဲ? လက်ဘနွန်လူမျိုး ဘာသာဗေဒ ပညာရှင်တစ်ယောက်ကတော့ မတူညီတဲ့ ဘာသာ စကားပေါင်း ၄၀ ကို ဖတ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါတစ်ကယ့်ကို အံ့သြဖွယ်ရာပါပဲ။
သို့ ပေမယ့် ကျနော်တို့ အများစုဟာ ဘာသာစကား နှစ်ခု ၊ သုံးခုလောက်ကို ဖတ်နိုင်ဖို့ အ တွက်တောင် ခက်ခဲနေပါလိမ့်မယ်။ဘာသာပြန်ဆိုခြင်းဆိုတာသာ မရှိခဲ့ရင် ပါရမီအရင့်သန် ဆုံး ဘာသာဗေဒ ပညာရှင်တွေ အတွက်တောင် သူတို့ မသိတဲ့ ဘာသာနဲ့ ရေးသားထားတဲ့ အကြောင်းအရာတွေ ၊ အတွေးအခေါ်တွေနဲ့ ခံစားချက်တွေကို ဖတ်ရှု လေ့လာသင်ယူဖို့ ဆို တာ မဖြစ်နိုင်လောက်ပါဘူး။ ၁၆ ရာစုနှစ်မှာ ဂျော်ဒါနို ဘရူနို ပြောခဲ့တာကတော့ - သိပ္ပံ ပညာရပ်အားလုံးဟာ ဘာသာ ပြန်ဆိုခြင်းမှ တစ်ဆင့် ဆင့်ပွားသွားကြတာဖြစ်ပါတယ်။ ယင်းဘာသာပြန်ဆိုခြင်းမှတစ်ဆင့် လေ့လာသင်ယူမှု အခက်အလက်တွေ ဖွံ့ ဖြိုးလာစေခဲ့ တယ်လို့ ဆိုပါတယ်။တက္ကသိုလ်တစ်ခုရဲ့ ဘာသာစကားတစ်ခုဖြင့် သုတေသနလုပ်ထားတဲ့ ရလဒ်တွေကို အခြား ဘာသာစကားအသုံးပြုသူ သုတေသီတွေ အဖို့  ဘာသာပြန်ပေးပြီး သုတေသနလုပ်စေမယ် ဆိုရင် လေ့လာစူးစမ်းခြင်းအရာမှာ ဆန်းသစ်ပြီး သာလွန် သွား နိုင်ပါတယ်။ဘာသာပြန်ဆိုခြင်းသာမရှိရင် သူတို့ အနေနဲ့  ၄င်းအဖွဲ့ ဝင်တွေရဲ့ သုတေသန ပြုခြင်းမှ အကျိုးကျေးဇူးရှိ မှာမဟုတ်သလို သူတို့ တွေရဲ့ ညဏ်ကွန့် မြူးမှုကိုလည်း ရမှာ မဟုတ်ပါဘူး။
ဂျိမ်းစ် ဘုရင်ရဲ့ ကျမ်းစာကို ဘာသာပြန်သူတွေဟာ ၁၇ ရာစုမှာ ဘာသာပြန်ခြင်းလုပ်ငန်းပြီး နောက် ကျမ်းစာဖတ်သူတွေဆီ ရေးခဲ့တာကတော့- “ဘာသာပြန်ဆိုခြင်းဟာ အလင်းရောင် တွေ ဝင်လာဖို့  ပြတင်းပေါက်တွေပွင့်စေခဲ့ပြီ ၊ အစေ့အဆံကိုသာ စားသုံးနိုင်ဖို့  အဖုံးအကာ တွေကို ကျေပျက်စေခဲ့ပြီ ၊ ပိုမိုမြင့်မြတ်တဲ့နေရာသို့  မျှော်ကြည့်ဖို့  လိုက်ကာတွေ ဖယ်သိမ်း စေခဲ့ပြီ ၊ ရေစင်ကို ရရှိဖို့  ရေတွင်းအဖုံးကိုပယ်ရှားစေခဲ့ပြီ” - ဂျိမ်းစ် ဘုရင်ရဲ့ သမ္မာကျမ်းစာ ကိုဘာသာပြန်သူများ။ ဘာသာပြန်ဆိုခြင်းဆိုတာမရှိခဲ့ရင် အင်္ဂလိပ်စကားပြောသူတွေဟာ အလင်းရောင်နဲ့ ထိတွေ့ ခွင့်ရမှာမဟုတ်သလို ၊ ရေစင်ကိုလည်း ရမှာမဟုတ်ပါဘူး။
ထို့ အတူပါပဲ ၁၆ ရာစုက သမ္မာကျမ်းစာကို ဂျာမန်ဘာသာသို့  မာတင်လူသာရဲ့ ပြန်ဆိုမှု ဟာ ဂျာမနီနိုင်ငံမှာ ကိုးကွယ်ယုံကြည်ခြင်းတွေရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆောင်းကျဉ်းပေးခဲ့ ရုံသာမက ဂျာမန်ဘာသာစကားကိုလည်း ပြန်လည်သက်ဝင်နိုးကြွစေခဲ့ပြီး ဂျာမန် အမျိုး သားရေး ကိုတောင် ရှင်သန်တက်ကြွစေခဲ့ပါတယ်။(မာတင်လူသာ (၁၄၈၃-၁၅၄၆)- သမ္မာကျမ်းစာကို ဂျာမန်ဘာသာသို့  မာတင်လူသာရဲ့ ပြန်ဆိုမှု ဟာ ဂျာမနီနိုင်ငံမှာ ကိုးကွယ်ယုံကြည်ခြင်းတွေရဲ့ ပြုပြင်ပြောင်းလဲမှုကို ဆောင်းကျဉ်းပေးခဲ့ ရုံသာမက ဂျာမန်ဘာသာစကားကိုလည်း ပြန်လည်သက်ဝင်နိုးကြွစေခဲ့ပြီး ဂျာမန် အမျိုး သားရေး ကိုတောင် ရှင်သန်တက်ကြွစေခဲ့ပါတယ်။)
တကယ်တမ်းတော့ လူသားတွေရဲ့ ဘဝနယ်ပယ်တိုင်းမှာ ဘာသာပြန်ခြင်း ဆိုတာ အဓိကဇာတ် ကောင်အနေနဲ့ ပါဝင်နေတယ်ဆိုတာ ကျနော်တို့ သိမြင်နိုင်ပါတယ်။
ရှေးခေတ်ဂရိလူမျိုးတွေရဲ့  အတွေးအခေါ်၊ ဝိဇ္ဇာနဲ့ သိပံ္ပ ပညာရပ်ဆိုင်ရာစာအုပ်တွေကို လက်တင်ဘာသာသို့ ဘာသာမပြန်ခဲ့ဘူးဆိုရင် ရောမအင်ပါယာကြီးနဲ့ ရောမယဉ်ကျေးမှု သမိုင်းဟာ တစ်မျိုးပြောင်းလဲသွားပါလိမ့်မယ်။
ရှေးရောမခေတ်က ဖန်တီးခဲ့ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ လုပ်ရပ်တွေကို ဒေသန္တရ ဘာသာ စကားတွေအဖြစ် ပြန်ဆိုမှု မရှိခဲ့ကြရင် ဥရောပရဲ့ မဟာခေတ်ပြောင်းလဲမှုကာလကြီးဟာ တစ်မျိုးတမည် ဖြစ်ခဲ့ပါလိမ့်မယ်။
စက်မှုတော်လှန်ရေးပြီးနောက် ဥရောပနိုင်ငံတွေဟာ ပြိုင်ဘက်တွေအကြောင်း တတ်နိုင်သ မျှ သိနိုင်ဖို့ အရေး ဘာသာပြန်ခြင်းဟာ အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်။
အနောက်နိုင်ငံတွေရဲ့  လုပ်ကိုင်ဆောင်ရွက် မှုများအား ဘာသာပြန်ခြင်းမှတစ်ဆင့် ဂျပန်နဲ့ အနောက်နိုင်ငံတွေ အကြားကွာဟမှုကို သဘောပေါက်နားလည်ခဲ့ပြီး ၁၉ ရာစုမှာ ဂျပန်ဟာ ကမ္ဘာကြီးထံ တံခါးဖွင့်လှစ်ခဲ့ပါတယ်။
သမိုင်းကြောင်းတစ်လျှောက်မှာ ကမ္ဘာ့ စာပေလက်ရာတွေကို ဘာသာပြန်ပြုလုပ်ပြီး စာဖတ် သူတွေနဲ့ ထိတွေ့ စေနိုင်ခဲ့ပါတယ်။စာရေးဆရာတွေနဲ့ သူတို့ ရဲ့ လက်ရာမွန်တွေကို စာဖတ် သူများနိုင်သမျှ အများဆုံးဆီသို့ ရောက်ရှိစေနိုင်တာဟာ ဘာသာပြန်ဆိုလိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဝိဇ္ဇာပညာရပ်တွေ ၊ အတွေးအခေါ်၊သမိုင်းကြောင်း၊ စိတ်ပညာ ၊ ပညာရေး၊ လူမှုရေးဘာသာရပ်တွေနဲ့  အခြားဘာသာရပ်ပေါင်းများစွာနဲ့  ပတ်သက်လို့ လည်း အထက် ပါအတိုင်းပဲ မှန်ကန်မှုရှိပါတယ်။
တစ်ခြားသူတွေမှာရှိတဲ့  အတွေးအခေါ် အယူအဆသစ်တွေကို ပိုမိုလက်ခံလာဖို့  ၊ သင်ယူ တတ်လာဖို့ ၊ ကမ္ဘာကြီးနဲ့ ကိုယ့်ကိုယ်ကို ပိုမို ကောင်းမွန်စွာသိနားလည်အောင် စာနာတတ်လာဖို့ က သူတို့ ရဲ့ အတွေးအမြင်တွေ ၊ ရှုထောင့်တွေ၊ အတွေ့  အကြုံတွေနဲ့  ခံစားချက်တွေကို ဘာသာပြန်ဆိုမှုမရှိပဲ ကျော်လွန်ထိတွေ့  ခွင့်ရမှာ မဟုတ်ပါဘူး။
ယနေ့ ခေတ် တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာမှာ နိုင်ငံအချင်းချင်း အပြန်အလှန် ဆက်သွယ်ဆောင်ရွက်ဖို့ ၊ ကုမ္ပဏီတွေ လည်ပတ်ဖို့ ၊ ဆရာနဲ့ ကျောင်းသား တွေရဲ့ လေ့လာမှုနယ်ပယ်အသီးသီးမှာ နောက်ဆုံးပေါ် တိုးတက်မှုတွေကို သင်ယူဖို့ ၊ လူတိုင်းအ တွက် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့  သတင်းတွေ သိရဖို့ ၊ ပြီးတော့ ခရီးတွေ ထွက်မယ်၊ စာဖတ် မယ်၊ နိုင်ငံတကာ ရုပ်ရှင်တွေကြည့်မယ် စသဖြင့်အရာတွေ အတွက် ဘာသာပြန်ခြင်းဟာ ထူးကဲစွာ ဆက်လက်အရေးပါလျက်ရှိပါတယ်။
(Post တင်စရာမရှိလို့  သင်တန်းမှ Assignment လုပ်ထားတာကို တင်လိုက်ခြင်းဖြစ်ပါတယ်)
MSC - 105