နေညိုရင် အလွမ်းတွေပိုတယ်တဲ့။အမှန်ပင် တစ်နေ့သာဖြတ်ကျော်ခဲ့ပေမယ့် နေညိုချိန်ဆို ငိုချင်လာတယ်။နေ့ခင်းအချိန်တွေက လူကပုံမှန်ပဲ နေညိုရင်မရတော့ဘူး။တာဝန်ကျေပွန်စွာထမ်းဆောင်သွားတဲ့နေမင်းကြီး အနားယူတော့မယ် အချိန်က ဘာလို့အဲ့လောက် ကျွန်မကို အလွမ်းတွေပိုစေလဲမသိပါဘူး။ မယ်မယ်ရရ လွမ်းစရာရှိလို့လားမေးပြန်ရင် မရှိပါဘူးလို့ပဲဖြေတယ်။တကယ်လည်း ဘာကိုလွမ်းနေတာလဲ ရေရေရာရာမသိပါဘူး။ ၁၂နာရီကြာ ပျောက်ကွယ်သွားမယ့် နေမင်းကြီးကိုလွမ်းနေတာလား??အမေ့အိမ်ကိုပဲလွမ်းနေတာလား??ဘာကိုလွမ်းမိနေပါလိမ့်နော်။ နေမင်းကြီးကိုကြည့်လေလေ အလွမ်းတွေတိုးလေလေ။ တစ်ခဏတာ တိတ်ဆိတ် သွားခြင်းက ငါ့ကို ငြိမ်ပြီးကြည့်နေတယ်။
မလှုပ်မယှက် အလွမ်းဒဏ်ခံနေရတဲ့ငါကလည်း မျက်ရည်လေးတွေဝဲပြီး နေမင်းကြီးကို နှုတ်ဆက်နေတယ်။ ဘာပဲဖြစ်ဖြစ် ဘာသက်ရောက်မှုမှမရှိဘဲ ငြိမ်သက်နေတဲ့ ငါ့ရဲ့ အချိန်တိုတွင်းလေးက ပြန်တွေးလိုက်ရင် ပြုံအောင်လုပ်နိုင်သေးတာပဲ။ အဲ့လိုအလွမ်းကို နေညိုချိန်မှာပဲခံစားလို့ရတယ်ထင်ပါရဲ့ တစ်နေ့တာလုံး အလုပ်တွေကောင်းကောင်းလုပ်နေပြီမှ နေညိုချိန်ကျမှ ငါ့ဆီ အလွမ်းတွေအလိုလိုရောက်လာတယ်။ ကျေးဇူးပါ နေမင်းကြီးရယ်။မနက်ဖြန်ခင်ဗျား အလင်းတွေနဲ့ ကျွန်မကို ကြိုဆိုနေမယ်ဆိုတာ ကျွန်မသိတယ်။ ခင်ဗျားကြောင့်အလွမ်းတွေဖြစ်စေသလို ခင်ဗျားကြောင့် ကြည်နူးရပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတာဝန်ကျေပါတယ်။