နေပူပူ အချိန်ကောင်းချိန်ဝယ်
တို့ရွာသူ သူငယ်ချင်းများရယ်
တောင်းကိုယ်ဆီ ခေါင်းကိုမှောက်လို့
ပဲနှောက်ကောက်(ပဲသီစိမ်း)ထွက်ကြပြန်
ရပ်ရွာအရေး သတင်းစုံအောင်
သတင်းတွေဖလှယ်ကြရင်း ရုန်းကန်ရပြန်။
ထိန်လင်းရောင်ဝါအောက်မှာ
ယှဉ်ပြိုင်ကာကောက်ရင်း
နားချိန်ဝယ် အရင်လိုမဟုတ်တော့
ဟမ်းဖုန်းကိုယ်ဆီ ထုတ်ကာ ဖုန်းပြောနေကြ။
ဟို..တချိန်တို့တွေ မောင်ရင်းနှမအလား ကျီစယ်ကာရန်ဖြစ်ရင်း
ချစ်ခင်မှုတွေ တိုးပွားလာကြ
တာဝန်အပြီး အပြန်လမ်းမှာ
အော်ဟစ်ကာ သံပြိုင်ဆိုရင်း
နှုတ်ဆက်နေကြ....
အခုချိန်ဝယ် တမ်းတသည်မှာ
အရင်က တို့ဘဝ။