အားလုံးပဲ မင်္ဂလာပါရှင့်။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။အခုရာသီလေးကလည်း မိုးဥတုဖြစ်နေတော့ မိုးလေးကတဖွဲဖွဲနဲ့ မပြတ်ရွာနေတယ်။အဲ့လို အချိန်တွေဆို ကျွန်မသိပ်နှစ်သက်တာ။ဘာလို့လဲဆိုတော့ မိုးအေးအေးလေးမှာ စောင်လေးနဲ့ ကွေးပြီး နေရတာလောက် ဇိမ်ကျတာ မရှိဘူးလို့ ကျွန်မခံစားရလို့ပါ။အရမ်းပူတဲ့ နွေရာသီဆို နေ့တိုင်းလိုလို တောင့်တမိတာက မိုးအေးအေးမှာ စောင်လေးနဲ့ ကွေးနေလိုက်ရင် ဆိုတဲ့ အတွေလေးပါပဲ။သူများတွေကတော့ မိုးရာသီကို မကြိုက်ကြဘူး။ကျွန်မကတော့ ကြိုက်တယ်လေ။ကျွန်မပြောသလို ဇိမ်ရှိရှိနဲ့ နေလို့ရတာ သူပဲရှိတာလေ။နွေဆိုတော့ ပူလို့ မနေနိုင်၊ဆောင်းဆိုတော့ အေးလို့ ၂ရက် ၃ရက် ရေမချိုးပဲနေရပြန်။ ဒါကြောင့် အရမ်းပူတာလည်း ကျွန်မမကြိုက်ဘူး။အရမ်းအေးတာလည်း ကျွန်မ မနှစ်သက်ဘူး။အခုလို မိုးရာသီဘေးတော့ နှစ်သက်မိတာ အမှန်ပါ။ကျွန်မ မိဘတွေလည်း မိုးဦးဆို သူတို့ရဲ့ project စတင်ရတော့တယ်လေ။အခြားတော့ မဟုတ်ပါဘူး တောင်သူတွေဆိုတော့ စိုက်ရ၊ပျိုးရတာပေါ့။နွေမှာ နားခဲ့သမျှ မိုးရောက်တော့ လုပ်ရပြီလေ။အကြွေးတင်တာလေးတွေဆပ်ဖို့၊လိုအပ်တာလေးတွေ ဖြည့်ဆည်းဖို့ မိုးဦးကတည်းကစပြီး မိုးနှောင်းထိ တောင်သူဦးကြီးတွေ ဟာ သီးနှံအလှည့်ကျ စိုက်ပျိုးကြသည်။ဤသို့ စိုက်ပျိုးဖို့ ရွှေမိုး၊ငွေမိုး အသွင် မိုးတွေ မြေနူးအောင်ရွာမှ လုပ်ငန်းက စလို့ရသည်၊စိုက်လို့ ပျိုးလို့ရသည်။
ကျေးဇူးရှင် လို့လည်းပြောလို့ရပါတယ်။မိုးရွာမှ ပျိုးသာမှာ လေ။ မိုးရသီဆိုတော့ လမ်းပန်းဆက်သွယ်ရေးကတော့ နည်းနည်း ဒုက္ခတွေ့ရတာပေါ့။မိုးရွာတော့ လမ်းတွေပေါ်မှာ ဆိုင်ကယ်တွေ စီးလို့မရ၊စက်ဘီးတွေ စီးမရ ဆိုတော့ နည်းနည်တော့ ခက်ခဲတာပေါ့။တချို့ မိုးရာသီကို မနှစ်သက်တာလည်း အဲ့ဒီအချက်တွေကြောင့်လည်းဖြစ်မှာပါ။ကျွန်မအတွက်တော့ ကော်ဖီပူပူလေးဘေးမှာချပြီး နွေးနွေးထွေးထွေးနဲ့ ကွေးနေရတယ်လေ။စာအုပ်ရှိရင် စာအုပ်လေးဖတ်ပြီးနေရတာ သိပ်အရသာရှိတာ။ဤကဲ့သို့သော ဘဝကို ကျွန်မမိုးရသီတိုင်း ခုချိန်ထိ ခံစားခွင့်ရခဲ့သည်။အမေ့အိမ်ဆိုတော့ ဘယ်လိုပဲနေနေရသည်။အမေကဘာမှမပြောပေ။အလုပ်မလုပ်ဘဲ နေလည်း အမေတပြုံးပြုံးနဲ့ပင်။သူစိတ်ကူးထဲ သားတွေ၊သမီးတွေ အတူနေရတာကိုက ဘုရားပေးတဲ့ ဆုတစ်ခုဖြစ်နေသည်။နောက်နောင်တွေဆိုရင် အလုပ်တွေကိုယ်ဆီနဲ့ မိဘနဲ့ အဝေးမှာနေရတော့မှာတဲ့ ဆိုပြီးအမေပြောလေ့ရှိသည်။အမှန်ပင် ကျောင်းတွေပြီးလို့ ဘွဲ့တွေရပြီးရင် အလုပ်ကိုယ်ဆီလုပ်ရတော့မည်။မိုးရာသီရောက်ရင်လည်း အမေ့အိမ်လို နေလို့မရတော့ဘူး။မိုးအေးအေးနဲ့လည်း ကွေးချင်တိုင်းကွေးလို့မရတော့ဘူး။သေချာပါတယ် ကျွန်မ လွမ်းနေရတော့မှာ......မိုးရာသီလေးမှာ ဇိမ်ခတ်နေရတာရယ်၊ တပြုံးပြုံးအမြဲပြုံးနေတဲ့ အမေ့မျက်နှာကြီးရယ်ကိုလေ။သြော်....ဘဝ....ဘဝ....သူစေခိုင်းတဲ့အတိုင်း နေရအုံးမည်။အခုတောင် မနက်ဖြန်ဆို အိမ်နဲ့ ဝေးရတော့မယ်လေ။မိုးအေးအေးလေးနဲ့ ဒီစာလေးရေးနေရတာ ကျွန်မအတွက် အရာသာမတွေ့ဘူး။တကယ်တော့ ကျွန်မ မနက်ဖြန်အတွက် ကြိုတင်ပူဆွေးနေရလို့ ဖြစ်မယ်ထင်တယ်။အရင်လို ကွေးနေရပေမယ့် ကျွန်မမနှစ်သက်ဘူး၊ကျွန်မစိတ်တွေ ဆို့နှစ်နေတယ်၊ဝမ်းနည်းမှုတွေ ပြည့်နှက်နေတယ်။ ဘဝဆိုတဲ့ တိုက်ပွဲကို ကျွန်မတိုက်နေခဲ့တာကြပါပြီ။အနိုင်ရတဲ့ တစ်နေ့ ကျွန်မအရင်လို ဇိမ်ခတ်နေရတဲ့ အရသာလေး မရ ရအောင်ဖန်တီးမယ်။တပြုံးပြုံးနဲ့ မေ့မေ့မျက်နှာကြီး အဝကြီး ကြည့်ပစ်မယ်။ဒါ ကျွန်မ အတွက် .....
အားလုံးကို ကျေးဇူးတင်ပါတယ် ။
ဘဝတိုက်ပွဲ အနိုင်တိုက်နိုင်ပါစေ။အိမ်မက်တွေ အကောင်အထည်ဖော်နိုင်ကြပါစေ။