သဘာဝဆိုတဲ့သဘောက ကမ္ဘာကြီး နဲ့အတူပေါ်လာတာဖြစ်လိမ့်မယ်။ဘယ်သူမှ တီထွင်ဖန်တီးခြင်းမရှိဘဲနဲ့ ဒီအတိုင်းလေး အချိန်တန်ရင် ဖြစ်ပေါ်လာတတ်တယ်။ လူတွေက တင်စားကြတယ် သဘာဝအလှတရားကြီးကို ဘယ်အလှမှမမှီဘူးတဲ့လေ။ အမှန်ပင် လူတွေဘယ်လောက်ပင်အကောင်းဆုံး ဖန်တီးထားတယ်ပဲပြောပြော သဘာဝကိုမှီပြီး ဖန်တီးကြတာပါပဲ။ဒါကြောင့်လည်း သဘာဝအလှတရားကို မမှီနိုင်တာထင်ပါရဲ့။ သဘာဝမှာ အလှတရားတွေရှိသလို ဘေးဒုက္ခပျက်ဆီးခြင်းတွေလည်းရှိတယ်။
ဘယ်အရာမှမတည်မြဲဘူး သဘာဝက ဖျက်ဆီးသွားနိုင်တယ်။ ကျွန်မတို့မြန်မာနိုင်ငံမှာ သဘာဝကဘေးတဲ့ဒုက္ခကို အတော်လေး အလူးအလဲခံရတယ်။ အခုလို မိုးတွင်းမှာဆို လမ်းတွေပျက်တာပဲကြည့်လေ။ ဘယ်မြို့မှာ ရေကြီးလို့ ဒုက္ခသည် တွေဖြစ်ကုန်ကြပြီ။ ဒီလို့ပါပဲ သဘာဝကို ဘယ်သူမှမဆန့်ကျင်နိုင်ဘူး။ အိုမြန်မာရေ့.....ခင်ဗျားရင်ဆီးခံအုံးပေါ့ဗျာ။