ကျွန်နော်၏ ပိုင်ဆိုင်ထားသော တက်ဘလက်လေးဖြစ်ပေါ်လာပုံ အဆင့်ဆင့် ( ၃ )
ကျွန်နော်မောင်သူရသည် 8.2.2018 ကြာသာပတေးနေ့ ပရိုမိုးရှင်း၌ ပို့စ်တင်ပြနိုင်ခြင်းမရှိခဲ့ပါခင်ဗျာ။ထိုအတွက်ကြောင့် ချစ်သောမိတ်ဆွေ အပေါင်းတို့အား ဤစာမျက်နှာပေါ်မှတဆင့် တောင်းပန်စကားအနည်းငယပြောကြားလိုက်ပါရစေခင်ဗျာ။အဘယ်ကြောင့် ပို့စ်တင်ပြနိုင်ခဲ့ခြင်းမရှိသည်ဆိုသော် အကြောင်းမှာက စိတ်၏ဖြစ်ပျက်ခြင်းနှင့်တကွ မိမိ၏ ခန္ဒာကိုယ်ကျန်းမာရေး အနည်းငယ် ချို့တဲ့ခဲ့ခြင်းကြောင့် ပုံမှန်ပို့စ်တင်ပြလာခဲ့ခြင်းမှ ၎င်းနေ့ရက်၌ ပို့စ်တင်ပြနိုင်ရန် မိမိ၏ တာဝန်ပျက်ကွက်ခဲ့ခြင်းကြောင့် များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်ခင်ဗျာ။ထို့အတွက်ကြောင့် လိုရင်းနှင့်တိုတိုပြောဆိုရမည်ဆိုလျှင်ဖြင့် ကျွန်နော်ဖြစ်သူမောင်သူရအား နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်စကားဆိုကာ ပြောကြားရင်ဖွင့်လိုက်ပါတယ်ခင်ဗျာ…………………………………………။
ယခု ကျွန်နော်ရေးသားတင်ပြမည့်အကြောင်းအရာကတော့ မပြီးဆုံးနိုင်သေးသော ကျွန်နော်၏ ပိုင်ဆိုင်ထားသော တက်ပလပ်လေးဖြစ်ပေါ်လာပုံ အဆင့်ဆင့် အပိုင်း( ၃ )သို့ ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ထိုအကြောင်းကို ဆက်၍ ရင်ဖွင့်ရေးသားရမည်ဆိုသော် ဂျောင်ပိတ်မိနေသော လူတစ်ယောက်သည် မိမိလွတ်မြောက်ရာ ထွက်ပေါက်တစ်ခုခုကိုတော့ ရှာဖွေနေတက်ကြသည်။ထို့ကြောင့် ကျွန်နော်မောင်သူရသည် ထိုနေ့က ပရိုမိုးရှင်း၌ ပို့စ်တင်ပြနိုင်ရန်အတွက် မည်သို့သောကြံစည်မှုများနှင့် အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်ကို ကျွန်နော်မောင်သူရမှလွဲ၍ အခြားမည်သူမှ သိရှိနိုင်လိမ့်မည်မဟုတ်ပေ………………။
အပိုင်း(၁)နှင့်အပိုင်း(၂)ကိုဖတ်ရှုလိုပါကအောက်ပါlinkတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ
https://steemit.com/myanmar/@thura/etynena-e-pongsaongtaaetha-tkbalkel-yapasep-lapundefined-asangsang-2
ကျွန်နော်မောင်သူရ၏ ကြံစည်ပြုလုပ်ခဲ့ခြင်းများကို ပြန်လည်စဉ်းစားကြည့်လိုက်သောအခါ၌ ထိုစဉ်ချိန်အခါက ကျွန်နော်လုပ်ကိုင်ဆောင်ရွက်နေသော အပြင်အလုပ်မှ ရရှိလာသော ငွေကြေးတို့သည် မိမိစားဝတ်နေရေး ဝမ်းတစ်ထွာအတွက် ဖြေရှင်းနိုင်ဖို့ရန်အတွက် အလျင်မှီအောင် ရှာဖွေနေရသော အချိန်အခိုက်အတန့်လေး ဖြစ်နေခဲ့ပါသည်။မိမိ၌ ချွေတာ၍ စုမိထားသော ငွေကြေးအချို့မှာ အပိုင်း(၁) အပိုင်း(၂)၌ ရေးသားတင်ပြခဲ့ပြီးသည်ဖြစ်သော လက်ကိုင်ဖုန်လေး ရုတ်တရက်လွတ်ကျရာမှ သုံးစွဲလို့မရနိုင်တော့တဲ့အထိ ထိုအဖြစ်အပျက်တို့ မဖြစ်ပေါ်ခင် ဆယ်ရက်လောက်ခန့်က ကျွန်နော်၏ မိဘနှစ်ပါးကို မူဆယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် လွဲပြောင်းကန်တော့ခဲ့ပါသည်။ထို့ကြောင့် ၎င်းအချိန်တွင် ကျွန်နော်မောင်သူရ ၌ အရေးပေါ်ကိစ္စသုံးစွဲးနိုင်ရန် အပိုငွေများမရှိခဲ့ပါဘူးခင်ဗျာ…………………………………။
ကျွန်နော်မောင်သူရတစ်ယောက်တော့ အခက်တွေ့နေပြီ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်းကောင်းဆိုလို့ မူဆယ်မြို့၌ လက်ဆယ်ချောင်း ရှိသော် လက်ငါးချောင်းပင် ပြည့်အောင် အပေါင်းသင်းကောင်းကောင်းမရှိ လက်ရှိ၌ သူငယ်ချင်းကောင်း သုံးယောက် လေးယောက်ထက်မပိုပေ။ ထိုသူငယ်ချင်းတို့နှင့် စတင်ခင်မင်ရင်းနှီးသည့်အချိန်မှစ၍ တစ်ယောက်နှင့်တစ်ယောက်သည် မည်မျှပင် ငွေကြေးသုံးစွဲရန် အခက်ခဲတို့နှင့် ရင်ဆိုင်တွေ့ကြုံနေပါစေ သေရေးရှင်ရေးကိစ္စမှလွဲ၍ အကူညီ တောင်ခံခွင့်ချေ။ဤနေရာလေး၌ ကျွန်နော်၏ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်းတို့နှင့် ပတ်သတ်ပြီး အနည်းငယ်မျှရေးသားတင်ပြရသော်
အသိမိတ်ဆွေ သူငယ်ချင်းကောင်း နည်းပါးလွန်းလှသော ကျွန်နော်မောင်သူရသည် လက်ရှိ၌ ရင်နှီးစွာ ခင်မင်နေသည့် လေးယောက်ထက်မပိုသော သူငယ်ချင်း အပေါင်းသင်းတို့နှင့် စတင်ခင်မင်ရင်းနှီးသည့်အချိန်မှစ၍ တစ်ယောက်နှင့်တစ်ယောက်ဟာ ငွေကြေးအကူအညီ တောင်းခံခြင်းများ မပြုလုပ်ရန် ဂတိတွေ ကိုယ်စီထားခဲ့ကြသည်။ထိုသို့ထားရှိခဲ့ခြင်းကြောင့် လူမှုဆက်ဆံရေးဘက်တွင် အခက်အခဲမရှိ အဆင်ပြေစွာ ယနေ့အချိန်ထိ သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်းကောင်းများအဖြစ် တည်တန့်နေသည်ဟုသာ ကျွန်နော်အနေဖြင့် တစ်ဖက်သတ် လက်ခံထားမိပါသည်…………………………………………………။
ကျွန်နော်မောင်သူရသည် အခက်အခဲတွေကြားမှ ရုန်းထွက်နိုင်ခြင်းမရှိ ထိုအခက်အခဲမှ လွတ်မြောက်နိုင်ရန် ထွက်ပေါက်တစ်ခုကို တွေ့အောင်ရှာကြံရတော့မည်။ရှာခဲ့ပါသည် တွေ့ရှိခဲ့ပြီ ရှာဖွေသော် တွေ့ရှိနိုင်သည့် ဆိုစကားသည် မလွဲဧကန် မှန်ခဲ့ပြန်ပြီ ထိုအခါ ကျွန်နော်ပျော်ခဲ့မိသည် လုပ်ခဲ့သည် တွေဝေနေသောစိတ်တို့က်ု ဖြောက်ဖျက်ကာ သတိရှိစွာ ခိုင်မာသော ဆုံးဖြတ်ချက်တို့ကို ချမှတ်နိုင်ခဲ့သည် ဆုံးဖြတ်ချက်ချလိုက်သည့်အတိုင်း လုပ်ချလိုက်ပါတော့သည်……………………………………။
ကျွန်နော်၌ ရုတ်တရပ် မထင်မှတ်ကာ ကြုံတွေ့နေရသော ထိုအခက်အခဲကို လွယ်ကူစွာ ဖြေရှင်းနိုင်ရန် နောက်ဆုံးစဉ်းစားခဲ့သော နည်လမ်းသည် စာရေး ပို့စ်တင်ခြင်းမှ ရရှိလာသော ငွေစလေးကိုသာ ထုတ်ယူ လွဲပြောင်း ရောင်းချယုံမှတစ်ပါး တခြားမရှိနိုင်တော့ပေ။ကျွန်နော်သည် ထိုအကြံစည်ကို အချိန်အတော်ကြာသည်အထိ တွေဝေစိတ်များဝင်ကာ နောက်ဆုံး၌ ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပါသည်……………။
ဆက်၍တင်ပြခွင့်ပေးပါဦးခင်ဗျာ……………………
Author:
photo:my
msc:066