မြန်မာစတီးမစ်၌ စာရေးခြင်းဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်နေကြသော ကျွန်နော်ရိုသေလေးစားထိုက်သူအပေါင်းနှင့်တကွ ကျွန်နော်သည် မြန်မာစတီးမစ်၌ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် စာရေးပြီးပို့စ်တင်ခြင်းအလုပ်ကို စတင်လုပ်ကိုင်သည့်နေ့မှစ၍ ကျွန်နော်ရေးသားတင်ပြခဲ့သောပို့စ်များအား သနားခြင်းနှင့်အတူ လိုက်ပါကူညီအားပေးခဲ့ကြသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနှင့် ကျွန်နော်သိသူ မသိသူ အားလုံးတို့အား ဤပို့စ်လေးမှတဆင့် အထပ်ထပ် အကြိမ်ကြိမ် ကျေးဇူးများစွာ တင်ရှိပါကြောင်းကို နှစ်ထောင် ဆယ်ရှစ် နှစ်သစ်မင်္ဂလာဦးဆုံး နေ့ကောင်းရက်မြတ်၌ ကျွန်နော်တို့အားလုံး မျှော်လင့်ရည်မှန်းချက်ကြီးစွာ အားကိုးအားထားပြုနေရသော မြန်မာစတီးမစ်သည် ကမ္ဘာပေါ်၌ နောက်နှစ်ပေါ်င်းများစွာ တည်တန့်ခိုင်မြဲပြီး ၎င်းစင်မြင့်ပေါ်တွင် ကျွန်နော်တို့အားလုံးအတူတူ ကူညီလက်တွဲကာ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ပြီး ဖြတ်သန်းလျှောက်လှမ်းသွားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နေ့ရက်တိုင်းဟာ (မင်္ဂလာ)ပါလို့ ကျွန်နော်အနေဖြင့် ဤရက်မြတ်နေ့လေးမှစတင်၍ နှုတ်ဆက်စကား ဆိုလိုက်ပါတယ်ခင်ဗျာ။
ကျွန်နော်၏ရင်ဘတ်ကြီးကို ဖွင့်ဟခြင်းနှင့်အတူ ကျွန်နော်ရေးသားတင်ပြချင်မိသော အကြောင်းအရာလေးကတော့ ဘယ်နေ့ဘယ်ရက်မည်သည့်လပိုင်းကဆိုတာကို ကျွန်နော်သည် အတိအကျမသိရှိ မမှတ်မိနိုင်တော့လည်း ထိုနေ့ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အကြောင်းအရာလေးကို စဉ်းစားတွေးတောကာ မှတ်မိနိုင်သလောက် ရေးဖွဲ့သီကုံး၍ ပြန်လည်ရင်ဖွင့်တင်ပြရမည်ဆိုလျှင်ဖြင့် ကနဦးအစပထမ၌ ကျွန်နော်သည် မြန်မာစတီးမစ်တွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် စာရေးသားပြီး ပို့စ်တင်ခြင်းဖြင့် ဝင်ရောက်ပါဝင်ခဲ့သည့် ဟိုအရင် တစ်ချိန်က ကျွန်နော်သည် အထက်၌ ရိုက်ကူးတင်ပြထားသော ဓါတ်ပုံလေးထဲက ဖုန်းလေးတစ်လုံးဖြင့် စာရေး စာရိုက်ခြင်းကို ထက်သန်သောစိတ်တို့နှင့်အတူ (myanmar steemit newbies )page၌ ရေးသားတင်ပြမည့်ပို့စ်ကို linkချ၍ ပရိုမိုးရှင်းအစီအစဉ်တွင် နေ့စဉ်နေ့တိုင်းလို ပါဝင်တင်ပြခဲ့ပြီး ဝင်ရောက်လုပ်ကိုင်ခဲ့သောကျွန်နော်(မောင်သူရ)လေးတစ်ယောက်ပင် ဖြစ်ပါသည်။
နေ့တစ်နေ့၏ ပူပြင်းလှသော နေရောင်ခြည်အောက်၌ ကျွန်နော်သည် သွားလာလှုပ်ရှား၍ အလုပ်လုပ်ကိုင်နေစဉ်တွင် ကျွန်နော်သွားလေရာ ယူဆောင်သွားလေ့ရှိသော ဘေးလွယ်အိတ်လေးထဲ၌ ဖုန်းမြည်အသံလေးအား ကျွန်နော်ကြားသိလိုက်ရသောအချိန်၌ ပခုံးတစ်ဖက်တွင် လွယ်၍ထားသော ဘေးလွယ်အိတ်ကို ရုတ်တရက် ဖွင့်ကာ ဖုန်းကိုကိုင်လိုက်ပါသည်။(hello)ကျွန်နော် (မောင်သူရ)လေးပါခင်ဗျာ…အမိန့်ရှိပါဟု အစချီပြီး အခြားတစ်ဘက်မှ ဖုန်းခေါ်ဆိုလာသူ၏ ပြောသမျှကို ဂရုတစိုက်နားထောင်ကာ အပြန်အလှန် ပြောဆိုပြီးချိန်နောက်၌ ဖုန်းကိုပိတ်၍ ကျွန်နော်၏ ဘေးလွယ်အိတ်ထဲသို့ အလျင်အမြန်ထည့်ရန်ခန္ဒာကိုယ်ကို ဟန်ချက်ပြင်လိုက်ပါသည်။ထိုအချိန်၌ ကျွန်နော်၏စိတ်သည် လုပ်လက်စ အလုပ်ပေါ်တွင် ပို၍စိတ်အာရုံ ရောက်ရှိလို့နေသလား မသိပေ……ဘေးလွယ်အိတ်ထဲသို့ထည့်ရန် ပြင်ဆင်လိုက်သော ခန္ဒာကိုယ်နှင့် လက်၏ဟန်ချက်မှာ ဖုန်းသည် အိတ်ထဲသို့မရောက်ရှိစဉ်မှာပင် လက်ထဲမှလွတ်ကျကာ ကျောက်ခဲများဖြင့်ခင်းထားသော ကားလမ်းမပေါ်ကို ကျရောက်သွားပါတော့သည်။ကျွန်နော်၏စိတ်သည် စိုးရိမ်တုန်လှုပ်ခြင်းနှင့်အတူ လက်ကိုင်ဖုန်းလေးအား ရုတ်တရက် ကောက်ကိုင်ကြည့်လိုက်သောအခါ ဖုန်း၏အပေါ်ညာဘက်ထောင့်တစ်နေရာတွင် အရှိန်ပြင်းသည့်ဒဏ်ကြောင့် ထိခိုက်ကျိုးပဲ့လို့သွားသည်ကို မြင်တွေ့လိုက်ပါသည်။စိုးရိမ်စိတ်ကြီးစွာဖြင့် ဖုန်းပါဝါကို ဖွင့်ကြည့်လိုက်သောအခါ ပါဝါပွင့်လာခြင်းမရှိပဲ အပေါ်၌ ရိုက်ကူးတင်ပြထားသောဓါတ်ပုံ ပုံစံလေးအတိုင်သာ ထပ်မံမြင်တွေ့လိုက်ရပြန်တော့လေသည်။
ထိုအချိန်တွင် ကျွန်နော်၏ နှုတ်ခမ်းမှ(တောက်)တစ်ချက်ခေါက်ယုံမှလွဲ၍ မိမိရဲ့ (သတိ)ဆိုတဲ့စိတ်လေး လွတ်ထွက်သွားခြင်းကြောင့်သာဟု စိတ်ကိုဖြေသိမ့်လိုက်ရသည်။ဖြေသိမ့်နိုင်သောစိတ်သည် လွယ်ကူစွာဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ကျွန်နော်၏ ထိုလက်ကိုင်ဖုန်းလေးဟာ ပြန်၍ ကောင်းခြင်း ရှိမရှိကို မျှော်လင့်လို့ရနိုင်တဲ့ အခွင့်အရေးလေး တစ်ခု ကျွန်နော်ထံတွင် ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။ထို့နောက် ကျွန်နော်သည် လုပ်ကိုင်စရာ လုပ်လက်စအလုပ်တို့ကို လုပ်ကိုင်ဆောင်ရွက်ပြီးနောက်၌ နေဝင်မိုးချုပ်ချိန်လောက်တွင် လေးလံသောစိတ်တို့နှင့်အတူ နေထိုင်ရာအိမ်သို့ ပြန်လာခဲ့ပါသည်။အိမ်သို့ ရောက်ရောက်ခြင်းအချိန်၌ အိမ်တခါးပေါက်ကို သော့ဖွင့်ကာ အိမ်အတွင်း စာရေးစားပွဲနှင့်အတူရှိနေသော ကျွန်နော်အမြဲထိုင်နေကြ ထိုင်ခုံရှည်လေးအား မီးပလပ်ခုံရှိရာဆီသို့ ယူဆောင်လာ၍ ခုံမြင့်ပေါ်သို့တက်ကာ တစ်အိမ်လုံးတွင် အဓိကဖြစ်သော မီးလင်းနိုင်ရန် မိန်းခလုတ်ကို ညင်သာစွာဖြင့် ဖြေးဖြေးခြင်း အပေါ်သို့ မ၍တင်လိုက်ပါသည်။(ဤနေရာတွင် ကျွန်နော်အနည်းငယ် ရေးဖွဲ့တင်ပြရမည်ဆိုလျှင် ကျွန်နော်သွားလာနေထိုင်လုပ်ကိုင်နေသော မူဆယ်မြို့တွင် လျှပ်စစ်မီးဝါယာကြိုးမှတဆင့် ရှော့ဖြစ်ကာ အိမ်များတွင် မီးကူးစက် လောင်ကျွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများ ရှိခဲ့ခြင်းကြောင့် နေအိမ်၌ လူမရှိသည့်အချိန်တွင် မီးပလပ်ပေါက်မှတက်ထားသော မီးဝါယာကြိုးများကိုဖြုတ်ပြီး မီးမိန်းခလုတ်ကိုအောက်သို့ဆွဲချ၍ မိမိတို့သွားလိုသော နေရာအသီးသီးသို့ စိတ်ချခြင်းများဖြင့် သွားရောက်လုပ်ကိုင်ကြသော ဓလေ့အကျင့်စရိုက်များ ထားရှိကြသည်ကို
သိရှိစေနိုင်ရန် ရေးဖွဲ့တင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။)သတိဆိုတာပိုသည်မရှိဟု ဆိုစကားအတိုင်းပေါ့ဗျာ။
ထို့နောက်ကျွန်နော်သည် ဘေးလွယ်အိတ်လေးထဲမှ လက်ကိုင်ဖုန်းလေးကိုထုတ်ယူ၍ ဖုန်းကိုမီးအားသွင်းကြည့်လိုက်ပါသည်။ဖုန်းပါဝါတက်လာခြင်းမရှိသောကြောင့် ဆယ်မိနစ်တစ်ခါ ဆယ်ငါးမိနစ်တစ်ကြိမ် မိနစ်သုံးဆယ် တစ်နာရီလောက် ဖုန်းပါဝါကို ဖွင့်ကြည့်သော်လည်း မည်သည့်ထူးခြားချက်မှ မရှိခြင်းကြောင့်
ဒေါသထွက်ခြင်းနှင့်အတူ စိတ်ပျက်အားငယ်ကာ ဘာကိုအပြစ်တင်လိုက်ရမည်ကို စဉ်းစားမရဖြစ်၍ စိတ်ခံစားချက် ဒီဂရီသည် ထိုနေ့ညတွင် အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့ရလေတော့သည်။
ဆက်၍တင်ပြခွင့်ပြုပါဦးခင်ဗျာ…………………
author:
photos:my
msc:066