အပိုင်း ၁ ၏linkပါခင်ဗျာ…https://steemit.com/myanmar/@thura/etynenaaety-etynenasitku-etynenakhanyundefinedk-etynenaaety-ayakundefined-apong-1-bee0a941451e9
ကျွန်နော်အတွေး ကျွန်နော်ခံယူချက် ကျွန်နော်အတွေ့အကြုံနှင့်ခံစားမှုအပိုင်းအစများ အပိုင်း ၂
ကျွန်နော်ဘဝလေးကပဲ ခါးသီးနေလို့လား…ဒါမှမဟုတ် ကျွန်နော်ကပဲ ညံ့ဖျင်းနေလို့လား…ဒါမှမဟုတ် ရှေ့ဘဝကုသိုလ်ကံကပဲ နည်းခဲ့လို့လား…ဒါမှမဟုတ် ချမ်းသာတဲ့မိဘ ဆွေမျိုး အတိုင်းအဝိုင်းကြားထဲမှာ မွေးဖွားကြီးပြင်းလာခြင်းမရှိလို့ပဲလား…ဒါမှမဟုတ် မိဘက ငွေကြေးမချမ်းသာလို့ ဆင်းဆင်းရဲရဲနဲ့ ဘဝကို လှုပ်ရှားရုန်းကန်နေရတာလား……ဒါမှမဟုတ်…ဒါမှမဟုတ်…ဒါမှမဟုတ်……………………….?
ရိုးသားပါ ကြိုးစားပါ အခက်အခဲဆိုတာအခိုက်အတန့်လေးပါ။
အလုပ်ကိုကြိုးစားပြီးလုပ်သော် တစ်နေ့အောင်မြင်ပါမည်။သို့ပေမယ့် ကြိုးစားတိုင်းလည်း အောင်မြင်မှုမရရှိနိုင်ပါ။အဘယ်ြောင့်ဆိုသော် ဥာဏ်ပညာမပါပဲ လုပ်ကိုင်ဆောင်ရွက်သောအလုပ်သည် မည်မမျှပင်ပန်းကြီးစွာဖြင့် လုပ်ကိုင်ဆောင်ရွက်စေကာမှု ကြိုးစားသလောက် ခရီးမပေါက်ပဲ အောင်မြင်မှု မရှိနိုင်ချေ။
ကျွန်နော်သည် မွေးဖွားကြီးပြင်လာ၍ လူဆိုသည့်အဓိပ္ပါယ်ကို သိရှိလာသည့်အရွယ်မှစ၍ မိဘ ညီအကိုမောင်နှမ ဆွေမျိုးသားချင်းတို့၏ သွန်သင်ဆုံးမမှုကို ခံယူ၍ ရိုးသားခြင်းဆိုသည့် ဆောင်ပုဒ်လေးကို လက်ကိုင်စွဲကာ တစ်ဖြေးဖြေးနှင့် ကျွန်နော်ဘဝလေးသည် ရှင်သန်ကြီးပြင်းလာခဲ့ပါတယ်။အမေပြောသည့်စကား ယခုချိန်အထိမှတ်မိနေစဲပါ(သူများပစ္စည်းဆိုလျှင် အပ်တိုတစ်ချောင်းကိုပင် မယူခဲ့မိပါစေနှင့်)တဲ့………
ကျွန်နော်ရိုးသားခဲ့ပါတယ်…ကြိုးကြိုးစားစားနှင့် အလုပ်တွေကိုမရပ်မနား လုပ်ခဲ့ပါတယ်။ပင်ပန်းကြီးစွာနှင့်အလုပ်တွေကိုလုပ်ပြီး ရိုးသားကြိုးစားကာ ငွေကိုချွေသာသုံးစွဲခဲ့ပါတယ်။ငွေဆိုတာမရှိရင် မူဆယ်မြို့ တရုတ်နယ်စပ်၌ ကျွန်နော်ဘဝ ရှင်းသန်ရပ်တည် လှုပ်ရှားနိုင်ဖို့ မလွယ်ကူလှပါဘူး။အပေါင်းအသင်း မိတ်ဆွေ သူငယ်ချင်းဆိုတာ ကျွန်နော်အတွက် မရှိသလောက်ရှားပါတယ်။သေးရေး ရှင်ရေးကိစ္စ ဖြစ်စေ| အခက်အခဲတစ်စုံတရာ တွေ့ရှိနေသည်ဖြစ်စေ ကိုယ်ဖြစ်ရင်ကိုယ်ခံရမည့် ကူညီသူမဲ့နေသောသူတစ်ယောက်ပါလေ။ဒါပေမယ့် ယနေ့ချိန်အထိ စိတ်ဓါတ်မကျပဲ ဘဝကိုရဲရဲတောက်စိတ်ဓါတ်တို့နှင့် အခက်အခဲတွေကို အပြုံးမပျက် ရင်ဆိုင်ဖြေရှင်း ကျော်လွှားကာ လှုပ်ရှားရုန်းကန်နေစဲပါလေ…………………
ဆက်၍တင်ပြပါဦးမည်။သီးခံ၍ဖတ်ရှုပေးကြပါဦးခင်ဗျာ………………
auther:
photo:my
msc:066