ကျွန်နော်အတွေး ကျွန်နော်ခံယူချက် ကျွန်နော်အတွေ့အကြုံနှင့်ခံစားမှုအပိုင်းအစများ အပိုင်း ( ၃)
လူသားတို့၏ စိတ်အစဉ်သည် စက္ကန့် မိနစ် နာရီ လက်တံများ ပြောင်းလဲရွေ့လျားနေသလို ပြောင်းလဲတက်သည့် သဘောရှိကြပါတယ်…လိုချင်တက်မက်သည့်စိတ်တို့သည်လည်း လောဘ ဒေါသ မောဟတို့နှင့်အတူ လိုက်ပါ၍နေလေတော့သည်…။ဘဝဆိုသည်မှာ လှုပ်ရှားရုန်းကန်နေရခြင်းဖြစ်ပင်ဖြစ်သည်………………။
အချို့သောစာပေရှင်ကြီးများကတော့ ဘဝဆိုတာ တိုက်ပွဲပါတဲ့…………ဘဝဆိုသည်မှာ လှုပ်ရှားရုန်းကန်ခြင်းပါဟု အဓိပ္ပါယ်ဖွင့်ဆိုကြလေသည်…။ဒီလိုပါပဲ ကမ္ဘာပေါ်၌ ရှင်သန်ရပ်တည်၍ နေထိုင်ကြကုန်သော လူသားအားလုံးသည်လည်း ဘဝဆိုသည့်စကာလုံး၏ အဓိပ္ပါယ်ကို အမျိုးမျိုး ဖွင့်ဆို၍ မိမိရှင်သန်ရာ ဘဝလေးကို လျှောက်လှမ်းဖြတ်သန်းကာ သွားနေကြပေလိမ့်မည်……။လူသားတို့၏ စိတ်တို့သည်လည်း စကားလေးတစ်ခွန်းလောက်ကိုပင် အဓိပ္ပါယ်အမျိုးမျိုး ကောက်ချက်ယူ၍ ခံယူကျင့်သုံးတက်ကြသည့် အလေးအကျင့်သည်လည်း ရှိနေတက်ကြပေလိမ့်မည်…………………။
ဒီမှာ(မောင်သူရ)မင်းအနေဖြင့် ဘဝဆိုသည့်အဓိပ္ပါယ်ကို မည်သို့ဖွင့်ဆိုထားသလဲ…………ကျွန်နော်အားမေးမြန်းလာခဲ့သော်…ကျွန်နော်ချက်ခြင်းဖြေဆိုလိုက်မည့် ထိုစကာလုံး၏ အဓိပ္ပါယ် ဖွင့်ဆိုချက်က…ဘဝဆိုသည်မှာ လှုပ်ရှားရုန်းကန်ခြင်းပါဗျာ……………။
ထိုစကာလုံး၏ အဓိပ္ပါယ်ကို မည်သို့သော စာပေပညာရှင်ကြီးများက စတင်သုံးစွဲလာသည်ကို ကျွန်နော်မသိပေ……။ဘဝဆိုသည်မှာ လှုပ်ရှားရုန်းကန်နေရခြင်းဆိုသည့် စကားလုံးကို ကြိုက်နှစ်သက်၍ ခံယူချက်အဖြစ် ထားရှိ ကျင့်ကြံ သုံးစွဲ လက်ခံထားမိခဲ့ပါတော့လေသည်…………။
ထိုခံယူချက်ကိုထားရှိခဲ့သောနေ့မှစ၍ အေးချမ်းသာယာလုံခြုံစိတ်ချရသော မိဘရင်ခွင်အိမ်ငယ်လေးထဲမှ ထွက်ခွါကာ ဘဝကို လှုပ်ရှားရုန်းကန်လာခဲ့သည်မှာ ယနေ့ထိတိုင်ပါပဲဗျာ…………………………………။
ကျွန်နော်ဘဝလေးရဲ့ မည်သို့လှုပ်ရှားရုန်းကန်ခဲ့သည်ဆိုတာကို မှတ်မိသလောက် ရေးတက်သလိုလေးရေးချကာ ဆက်၍တင်ပြပါဦးမည်…………………။
ဆက်၍တင်ပြခွင့်ပြုပေးပါဦးခင်ဗျာ………………………
author:
photo:my
msc:066