ဒီမနက်ခင်းလေးမှာ မောင်သူရသည် စာရေးပြီးပိုစ်တင်မယ်လို့ စိတ်ကူးရှိပါသော်လည်း စိတ်ကူးသာရှိသည် လက်တွေ့၌ ပိုစ်တင်နိုင်ရန်အတွက် ဦးနှောက်ထဲမှ စာတစ်လုံးမှ ထွက်ရှိလာခြင်းမရှိပေ…………
ထို့ကြောင့် စာရေးဖို့အကြံမထွက် ဒါနဲ့မောင်သူရသည် မိမိလက်ရှိထိုင်နေသော အနီးနားရှိ၌ ရှိသော ကြောင်းလေးတစ်ကောင်၏ ပုံရိပ်တွေကိုသာ ဓါတ်ပုံရိုက်၍ ပို့စ်တစ်ခုအဖြစ် တင်လိုက်ပါတော့သည်……………
အထက်၌တင်ပြထားသောပုံကို ရ ရှိနိုင်ရန်အတွက် မောင်သူရသည် ထိုကြောင်လေးကိုစကားတစ်ခွန်းလောက် ပြောဆိုလိုက်ရပါသည်။ပူစီရေ ငါ့ကိုလှည့်ကြည့်ပါ ငါမင်းကို ဓါတ်ပုံရိုက်ပြီး စတီးမစ်မှာတင်ချင်လို့ပါဟု မောင်သူရပြောလိုက်သောအခါ ထိုကြောင်လေးသည် မောင်သူရ၏ပြောလာသောစကားကို နားလည်နေသလိုပါပဲဗျာ ထိုသို့ခေါ်ဆိုလိုက်သည်နှင့် ထိုကြောင်လေးသည် မောင်သူရအားပြန်ကြည့်လိုက်သောအခါ မောင်သူရသည် ထိုကြည့်နေသော အကြည့်တစ်ချက်ကို အမိအရ ဓါတ်ပုံလေးတစ်ချက်ကို အလျှင်အမြန်ရိုက်ချလိုက်ပါတော့သည်……………
"ချလောက်"
ဒီတစ်ပုံနဲ့တင် မောင်သူရကျေနပ်စိတ် မရှိနိုင်သေးသောကြောင့် နောက်ထပ်တစ်ပုံရိုက်လိုက်ပြန်ပါသည်…………
"ချလောက်"
ပထမပုံကိုရိုက်တုန်းကတော့အဆင်ပြေသလိုပင် နောက်ထပ်ပုံကိုရိုက်မယ်လုပ်တော့ ထိုကြောင်လေးသည် ရှက်စိတ်ဝင်သွားသည် ထင်ပါတယ်ဗျာ………
ရုတ်တရက် ထလာတော့ မောင်သူရသည် ထိုပုံရိပ်လေးကို ရိုက်လိုက်ပြန်ပါသည်………ယခုပုံလေးကတော့ ထိုကြောင်လေးသည် သူအားဓါတ်ပုံရိုက်လိုက်သောကြောင့် ရှက်စိတ်ဝင်ကာ ထိုနေရာမှထ၍ မောင်သူရမမြင်နိုင်သော နောက်တစ်နေရာရာကို သွားလိမ့်မယ်လို့တော့ မောင်သူရထင်မြင်ယူဆမိလိုက်ပါသည်……………………
ဒါနဲ့ထိုကြောင်လေး သည် မိမိ၏မျက်စိရှေ့က ထွက်ခွာမသွားသေးခင် ထွက်ခွာသွားဖို့ဆိုင်းပြင်နေသောအချိန်တွင်းမှာပင် နောက်ထပ်တစ်ပုံ ထက်မံရိုက်လိုက်ကာရေးသားတင်ပြလိုက်ပါတော့သည်…………
"ချလောက်"
ထိုကြောင်လေးထွက်ခွါမသွားခင်၌ မောင်သူရကိုတော့ အကြည့်လေးတစ်ချက်လောက်တော့ ကြည့်သွားတယ်ဗျာ………
ထိုအကြည့်က မောင်သူရကို ထိုကြောင်လေးက မည်မျှသံယောဇဉ် ရှိနေကြောငါးကိုတော့ မောင်သူရနှင့် ထိုကြောင်လေးမှတစ်ပါး အခြားမည်သူမှမသိရှိနိုင်ပါ………………
စာရေးလို့မရတော့ စိတ်ကူးထဲပေါ်လာတာကို ရေးချတင်လိုက်ရပါသောကြောင့် သီးခံဖတ်ရှုပေးကြပါမိတ်ဆွေအပေါင်းတို့ခင်ဗျာ……………
Author:
Photo:my