ဆောင်းရာသီ အပိုင်း(၁)
ဆောင်းရာသီ တစ်ခုကိုကျော်ဖြတ်ပါတော့
မည်။သူသူတို့မြန်မာနိုင်ငံတွင်ဆောင်းရာသီ
နှင့်ပတ်သက်သော ပွဲတော်များစွာ ရှိပါသည်။
မြန်မာလ တန်ဆောင်မုန်းလဆိုသည်နှင့်
ရာသီ အကူးအပြောင်းက အေးစိမ့်စိမ့်နှင့်
အေးမြတဲ့ ဓာတ်ကို ရရှိပါတော့သည်။
တန်ဆောင်တိုင်လပြည့်နေ့မနက်
၎နာရီလောက်စောစောထပြီး
ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး
ဆွမ်းသပိတ်ထဲတွင် ဆွမ်းထမင်း အသီးစုံ
သစ်သီးယိုမျိုးစုံနှင့်ဖယောင်းတိုင် အမွှေးတိုင်
တို့ကို ထွန်းညှိပူဇော်ပြီး မော်လမြိုင်မြို့မှာ
ရှိတဲ့ ရပ်ကွက်အသီးသီးရှိရာ လှေဆိပ်တို့
တွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကို ရည်စူးပြီး
ဆွမ်းအိုးကို ရေထဲသို့ မျှောချပါသည်။
ရေထဲမျှော ချပြီးတာနဲ့တစ်ပြိုင်နက်
ကမ်းပေါ်သို့ တက်လာသည့်အချိန်တွင်
ရပ်ကွက်အတွင်းရှိ လူကြီး လူငယ်များက
ဒါနအလှူ ဖြစ်တဲ့ ကျွေးမွေးလှူဒါန်းသော
မနက်စာ မုန့်ဟင်းခါး ကြာဇံချက် ဆန်ပြုတ်
ခေါက်ဆွဲကြော် ကြာဇံကြော် အအေးမျိုးစုံ
လက်ဖက်ရည် ကအစ အစားစား ကျွေးမွေး
ကြတာကလည်း မြန်မာတို့ရဲ့ချစ်စရာဓလေ့
လေးပါရှင်။သူသူတို့သူငယ်ချင်းတစ်စုလည်း
မနက်စောစောထပြီး ဆွမ်းအိုးထမျှောရသော
ကြောင့် ဗိုက်ကလည်း ဆာပြီးဖြစ်၍စတုဒီသာ ကျွေးမွေးလှူဒါန်းသော အစားအစာများကို မြိန်ရည်ရှက်ရည် စားသောက်ပါတော့သည်။
စားသောက်ပြီးသည်နှင့် မော်လမြိုင်မြို့ရဲ့
တောင်ရိုးတန်း ခေါ် တောင်ပေါ်ဘုရားအားလုံးကို သူငယ်ချင်းတွေနဲ့အတူ လိုက်ဖူးဖြစ်ခဲ့
ပါတော့သည်။မနက်စာ စားပြီးသည်နှင့်
နေ့လည်စာပါကျွေးမွေးကြသော အလှူရှင်
များစွာရှိနေသောကြောင့် သူသူတို့အုပ်စု
လည်း တနေရာမှာနည်းနည်းစီစားခဲ့ကြသော
ကြောင့် ဗိုက်ကြီးတင်းကားပြီး နေ့လည်ဘက်
အိမ်မှာ တရေးအိပ်ကြပါတော့သည်။တစ်ရေး
နိုးလာသည်နှင့် ညနေစာ စတုဒီသာကျွေး
မွေးသော်လည်းပဲ မစားနိုင်တော့ပါ။
နေရာစုံ ရပ်ကွက်တိုင်း စတုဒီသာကျွေးမွေးလှူဒါန်းပါသည်။
ရေမိုးချိုးပြီး ညဘက်တောင်ရိုးတန်းဘက်သွားမလို့အလှစပြင်ရတော့သည်။
တန်ဆောင်မုန်းလပြည့်နေ့ကို သူခိုးကြီးည
အဖြစ်လို့လည်း တစ်မျိုးတစ်ဖုံ ဆေးပေါင်း
ခတဲ့ ညလို့လည်း ခေါ်ကြပါသည်။
တန်ဆောင်မုန်းလပြည့်ညတွင် လူကြီးတွေ
ကတော့ မဲဇလီအပင်က အရွက်နုလေးတေ
ွကို ငါးလေးတွေနဲ့ ပြုတ်သောက်ကြပါသည်။
မဲဇလီဖူးရဲ့ အဖူးလေးတွေကိုတော့ ပြုတ်ပီး
အဖန်ရည် ညှစ်ထုတ်ပီး ပုဇွန်ခြောက်နှင့်
သုပ်စားပါက အရမ်းဆေးဖက်ဝင်ပီး အရသာ
ရှိပါသည်။ လူငယ် လူပျိုလေးတွေကတော့
အပျော်သဘောနှင့် အခြားအိမ်မှာရှိတဲ့
ဘူးသီးပင်တွေ ကြက်များကို အိမ်ရှင်မသိ
အောင် ခိုးဝှက်ပီး ချက်စားကြတဲ့ ဓလေ့လေးဖြစ်ပါသည်။အပျော်သဘောအဖြစ်သာ လုပ်
ကြတာ ဖြစ်ပါတယ် ။လူငယ်တွေကမည်သူ့ကိုမှ ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မဟုတ်ဘူး ဆိုတာ လူကြီးတွေလည်း နားလည်ပေးကြပါတယ်။ချက်စားလို့ပြီးတာနဲ့ လူငယ်အများစုက
တန်ဆောင်တိုင်ပွဲတော်များကို သွားရောက်
ကြည့်ရှု ကြပါသည်။
ပွဲတော်ကတော့ မော်လမြိုင်မှာ အထင်ကရ
ကျိုက်သလံစေတီတော် မှာ နှစ်စဉ်နှစ်တိုင်း
ဖြစ်လေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲကတော့
တိုးမပေါက်အောင်စည်းကားလှပါသည်။
ပွဲတွေကတော့ တောင်ပေါ်တစ်လျှောက်
သူနေရာနဲ့ သူဇာတ်ပွဲနဲ့ ပြည့်နှက်စည်းကား
လျက်ရှိပါသည်။ ပွဲဈေးထဲ လှည့်လှဲကြည့်
လိုက်သည့် အခါ အရုပ်ဆိုင် မုန့်ဆိုင် အသီးဆိုင် အပျော်တမ်းမြှားပစ် ကစားဝိုင်းနှင့်
ခလေးသူငယ်များတွက် ချားရဟပ် ပျော့အိအိ
ကစားစရာများလည်း တွေ့ရှိရပါသည်။
ပွင့်လင်းရာသီဖြစ်တော့ မော်လမြိုင်မှာ
ပွဲတော်တွေထဲမှာ တန်ဆောင်တိုင်ပွဲတော်
ကတော့အစည်းကားဆုံးလို့လည်းပြောလို့ရပါသည်။ လူတစ်ယောက်နှင့် တစ်ယောက်
တိုးဝှေ့နေလို့ ပွဲဈေးလမ်းလျှောက်ရာကြပ်
ကြပ်တိုးတိုးဖြစ်နေလို့ ခြေထောက်ကလမ်း
လျှောက်စရာမလိုပဲ တောင်ပေါ်သို့ ရောက်ခဲ့ပါတော့သည်။ တစ်ယောက်နှင့်တစ်ယောက်
လက်တွဲမဖြုတ်ပဲ ချိတ်ထားမှသာ လူချင်းမကွဲ
မှာ ဖြစ်ပါသည်။ ပွဲဈေးထဲမှာရနိုင်တဲ့အစား
အစာထဲမှာအကြိုက်ဆုံးကတော့ ဝက်သား
ဒုတ်ထိုးကတော့ သူသူရဲ့အကြိုက်ဆုံးအစား
အစာပါ။ အချဉ်ပေါင်းလေးတွေလည်းဝယ်စား
ဖြစ်ပါတယ်။မျက်လှည့်တွေပြနေကြတဲ့လူစည်
ကားတဲ့နေရာမှာလည်း တိုးပီးကြည့်လိုက်တာပဲ။ကျိုက်သလံဘုရားပေါ်မှာဖြစ်တဲ့အတွက်
ပွဲကြည့်ပရိသတ်အပြင်ရဟန်းလောင်း သံဃံ
တော်တွေပါ စည်းကားလျက်ရှိပါသည်။တစ်ညလုံး ကျိုက်သလံဘုရားနှင့် ဦးဇီးနဘုရား
ဦးခန္တီဘုရား သို့ သူသူတို့လူငယ်တစ်စု
ဟိုဘက်ထိပ် ဒီဘက်ထိပ်လျှောက်ကြတာ
မောနေပေမဲ့အပျော်တစ်ဝက်ဖြစ်နေလို့
မောလို့ မောနေမှန်းမသိပါဘူး။
ဆောင်းရာသီအပိုင်း ၂မျှော်
thu thu (7:00)PM
MSC 092