အားလုံးပဲ မင်္ဂလာပါရှင်
ကျမနာမည် ထက်မြတ်တဲ့ မိန်းမဆိုတာ စိတ်ဆတ်ပြီး မဟုတ်မခံ ရဲရင့်တတ်ပေမယ့် ဖြူစင်တဲ့စိတ်နှလုံးနဲ့ ဘယ်သူ့ကိုမှ မကောက်ကျစ်တတ်ဖူး ဒေါသရှိချင်ရှိမယ်.ဆင်ခြင်တတ်လို့ တာမရှည်တတ်ဖူး မဟုတ်ရင်မခံပဲ ဒိုးဒိုးဒေါက်ဒေါက်ပြောချလိုက်ပေမယ့် ရင်ထဲ အငြိုးအတေး မထားတတ်ဖူး။
ကျမနာမည် ပွင့်လင်းလွန်းလို့ လူမုန်းများရင်များမယ် အဲ့အတွက် လိုက် ခံစားနေမယ်ထင်ရင်တော့ မှားမယ် သူတို့ကတော့ မှန်တယ်ထင်ရင် လူမုန်းတာလောက်ကို စာမဖွဲ့သူတွေ သိပ်လှတဲ့ မိန်းမဖြစ်ပါစေဦး အလှအပအတွက်ကို ဦးစားမပေးပဲ ဘဝအတွက်ပဲ ရည်မှန်းချက်ထားတယ် အပေါ်ယံ အဆင်းထက် အချင်းက သာလွန်မြင့်မြတ်တာကို သိတယ် အဲ့အတွက်.သူ့ရဲ့ ဦးနှောက်ကို အပိုအလုပ်တွေနဲ့ အချိန်ပုတ်မခံဖူး။
ကျမနာမည် စမတ်ကျခါ ရဲရင့်သွက်လက်ပေမယ့် ကလက်တတ်တက်.ဟန်ပန် တစ်စက်မရှိပဲ တည်ကြည်ခန့်ငြားတယ် အမှတ်ထားလို့ ပြတ်သားတတ်ပေမယ့် တော်တန်ရုံလောက်နဲ့တော့ စကား အကျအနကောက်လို့ စိတ်ဆိုးစိတ်ကောက် မလုပ်တတ်ဖူး သူတထူးပေးတဲ့ နာကျင်ခြင်းကိုလည်း သူ့ နှလုံးသားထဲ အကြာကြီးလက်ခံ သိမ်းပိုက်လို့ စိတ်ရှုပ် မခံတတ်ဖူး။
ကျမနာမည် မိန်းမသားတစ်ယောက်ဟာ ထက်မြတ်လေလေ.အထီးကျန်လေလေပါ ဘာလို့ဆို ထက်မြတ်ပြီး.အရည်အချင်းရှိတဲ့ ယောက်ကျားတစ်ယောက်အနား မိန်းမသားအများချဉ်းကပ်တတ်ပေမယ့် သိပ်တော် သိပ်ထက်တဲ့ မိန်းမသားအား တော်တန်ရုံယောက်ကျားများ အနားလာ မသီရဲတာဟာ ဘယ်သူမှငြင်းဆန်လို့ မရပါဖူး ဒါဟာ ဘာလဲဆိုရင် မြန်မာလူမျိုးပီပီ ရှေးထုံးနဲ့အညီ လင်သားကို.ဘုရားလို ကိုးကွယ်ခံချင်တဲ့ စိတ်ကြောင့်ပါပဲ ယောက်ကျားအတော်များများဟာ ဘယ် မိန်းမသားရှေ့မှောက်မှ ဒူးထောက်မော့ဖူးရမယ့် အလုပ်မျိုး မလုပ်ချင်ကြပါဘူး ဒါဟာ မှားတယ်လို့တော့ မဆိုနိုင်ပါဖူး ခေတ်အဆက်ဆက်.အခွင့်ထူးခံ ထောင်ပိုင်ကြီးများအဖြစ် ယောက်ကျား အတော်များများ.စံစားလာခဲ့ကြတာ သူတို့မျက်မြင်မို့ပါပဲ အဲ့အတွက် မက်ပေမယ့် သို့ မဟုတ်
ချစ်ပေမယ့် မဖြစ်နိုင်ဖူးလို့ သဘောပိုက် ခပ်မိုက်မိုက်စတိုင်နဲ့ သိပ်လှပြီး ထက်မြတ်တဲ့ မိန်းမသားတွေအနားက ရှောင်ခွာသွားလိုက်ကြတာပါ ဒါပေမယ့် သူတို့မသိတဲ့အချက် တစ်ချက်ရှိတာကိုတော့ သူတို့ မသိမမြင်ကြပါဖူး ပိန်းလေ မမြင်လေ စာမတတ်လေ မဖတ်တတ်လေ.ဆိုသလိုပါပဲ ဒါဟာ ဘယ်လိုအချက်လဲဆိုရင်တော့ ထက်မြတ်တဲ့ သူတို့ရဲ့နှလုံးသားမှာ သာမာန်.မိန်းမသားတွေထက် ချစ်တတ်ပြီး သစွာတရားကို အလွန် အလေးထားတယ်ဆိုတာပါပဲ။
ကျမနာမည် ရိုးသားပေမယ့် နိုးကြားတက်ကြွတယ် အလှမမက်ပေမယ့် စိတ်ဓာတ်က သိပ်လှတယ် ထက်မြတ်လေလေ ဘဝအတွက် ရည်မှန်းချက်ကြီးလေလေ အချိန်တွေ အလကားပေး.ချစ်သူကို အပျော် ကစားဖို့ဝေး နောင်ရေးပါမှ တသက်စာတွေးလို့ ချစ်တတ်ကြသူ တွေမို့ အထီးကျန်ရပါစေ တနေ့နေ့ တချိန်ချိန် ထိုက်တန်သူတွက် အလွန်လေးမြတ်တဲ့ သူတို့ရဲ့အချစ်တွေ.ပုံအောပေးဖို့ အဆင်သင့်ဖြစ်နေတတ်ပါသေးတယ် အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။