အမျိုးကောင်းသမီးများ ဖြစ်ကြပါစေ မြန်မာအမျိုးသမီးများအား မြန်မာမိန်းကလေးနှင့်တူစေခြင်ဆိုသည့် သီချင်းတစ်ပိုဒ်ထဲကလို မိမိတို့ မြန်မာ့ဝတ်စားဆင်ယင်မှုကို ဂုဏ်ယူသင့်ပါသည်။ ဟီရိဩတ္တပ္ပတရားကင်းမဲ့သော ဝတ်စားဆင်ယင်မှုကို အတုမယူသင့်ပေ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးဆိုသည်မှာ လူကြီးများ၏အဆိုအမိန့်အရ ဗုဒ္ဓဘာသာ သည် ကြာသပတေးနံ ဂြိုလ်သက်(၁၉)နှစ် မြန်မာသည်လည်း ကြာသပတေးနံ ဂြိုလ်သက် (၁၉)နှစ်၊ ဗုဒ္ဓဘာသာ + မြန်မာ =၁၉+၁၉=၃၈ ရသဖြင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရားဟော(၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ နေထိုင်သော လူမျိုးများဖြစ်သည်။
ယနေ့ခေတ်သည် တိုးတက်နေသည့်ခေတ်ဖြစ်သော်လည်း အခှု့လူနေမှုရပ်ဝန်းတွင် လွဲမှားသောအတူယူမှုများကြောင့် အဆိုးဘက်ကိုဦးတည်နေပါသည်။ အချို့အမျိုးသမီးလေးများသည် ရုပ်သံလိုင်းများမှ ပြသနေသော အနောက်တိုင်းနှင့်အခြားသော တိုင်းပြည်မှဝတ်စားဆင်ယင်မှုပုံစံများကို အတုယူကာ ဝတ်စားနေထိုင်ပြောဆိုနေကြသည်။
ကမ္ဘာတွင်မြန်မာသည် ကိုယ်ပိုင်ထီးနန်း၊ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စရိုက် အမူအကျင့်များဖြင့် ထင်ရှားသောနိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အခြားသောဘာသာများကို ကိုးကွယ်နေသည့်နိုင်ငံများ ချန်လှပ်ကာ ဗုဒ္ဓဘာသာဝင်(၅)နိုင်ငံကို ကြည့်လျှင် ဒုတိယကမ္ဘာစစ်အပြီးတွင် ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုပုံစံကို မြန်မာနိုင်ငံကသာလျှင် ထိန်းသိမ်းနိုင်ခဲ့သည်။ အနောက်တိုင်း တိုင်းတစ်ပါးသးအချို့က မြန်မာအမျိုးသမီးများ၏ လုံခြုံလှပသော ဝတ်စားဆင်ယင်မှုကို နှက်သက်အားကျပြီး ရင်ဖုံးအင်္ကျီ၊ ထဘီတို့ကိုဝတ်ဆင်လျှက် အလှဓာတ်ပုံရိုက်ကာ အမှတ်တရသိမ်းယူသွားသည်ကို ညီမငယ်လေးများကို သိစေခြင်မိသည်။ အမျိုးသမီးငယ်လေးများ လှခြင်စိတ်ရှိသည်မှာ သဘာဝဖြစ်သည်။
သို့သော် လှခြင်စိတ်များလွန်းလျှင် အသိနှင့်သတိကင်းကွာကာ မိမိတို့လူမျိုး၏ စရိုက်အမူအကျင့်တို့အား ပစ်ပယ်ရာရောက်စေပါသည်။ ထို့ကြောင့် ဘဝနှင့်အလှအတွက် သတိနှင့်အသိယှဉ်ကာ ဝတ်စားဆင်ယင်နေထိုင်စေခြင်ပါသည်။
ဗုဒ္ဓမြတ်စွာဘုရားဟောကြားသည့် တရားတော် လောကနီတိ ဣတ္ထိယကဏ္ဍတွင် "ယာနာရီအကြင်မိန်းမသည် မန်ဏ္ဍောသုစအဝတ်တန်ဆာပြုပြင်ဆင်ယင်သောအခါတို့၌ ဇနိဝအမိကဲ့သို့ ကန္တိနီနှစ်သက်ဖွယ်ပြုပြင်တတ်၏။ ဂုယှေသုလျှိုဝှက်အပ်ကုန်သော၊ ဌာနေသုမကျစ်မလှစ်သောအရာတို့၌ ဘဂိနီဝနှမကဲ့သို့၊ ဟိရိနီလွန်စွာရှက်တတ်၏။ " ဟုပြဆိုထားပါသည်။
လောကနီတိမှ ထိုပြဆိုချက်သည် လိုက်နာကျင့်သုံးအပ်သည့် အဆိုအမိန့်တစ်ခုဖြစ်ကြောင်း ညီမလေးတို့အား သိစေခြင်ပါသည်။ အမျိုးသမီးများသည် မမြင်အပ်သောအရာများကို မဖော်ပြမိအောင် လျှို့ဝှက်ထားကြပါ ဆိုသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။ သို့သော် လှခြင်ပခြင်လွန်းသည့်အတွက် မိမိတို့လူမျိုး၏ စရိုက်၊အမူအကျင့်ကို ဂရုမထားဘဲ အမြင်မတော်သော လျှပ်ပေါ်လော်လီသော မမြင်အပ်သည့် လျှို့ဝှက်သင့်သည်များကို သွယ်ဝိုက်ကာဖော်ပြသည့် အဝတ်အစားများကို ရှောင်ကြဉ်သင့်ပါသည်။ သို့မဟုတ်ပါက ပုရိသယောက်ျားမုဆိုးများ၏ မထိ တထိ အပြောအဆိုများ ညစ်ညမ်းသော အပြောအဆိုများကို ခံရတတ်ပါသည်။ ၎င်း နောက် ထိုထက်လွန်ကဲပြီး ကိုယ်ထိလက်ရောက် ပြစ်မှုမကင်းသောကျူးလွန်မှုများကိုပါ ကြုံတွေ့လာနိုင်ပေသည်။ မိန်းကလေးများ၏ ဘဝလုံခြုံမှုကို ထိခိုက်ပျက်ပျားစေခြင်းသည် လူမှုရေးအရမလိုလားအပ်သည်မှာမှန်သော်လည်း မိန်းမသားများဘက်မှလည်း ဟီရိဩတပ္ပတရား လက်ကိုင်ထား၍ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ ဝတ်စားဆင်ယင်ကာ နေထိုင်သင့်ပါည်။{အမျိုးသားများအနေနှင့်လည်း အမျိုးသမီးတို့၏ အိနြေ္ဒသိက္ခာကို အလေးထားရန်လိုအပ်ပေသည်။}
ယခင်ခေတ်ကမြန်မာအမျိုးသမီးများသည် ဘဝအတွက် အရှက်လုံရန်ဝတ်ဆင်ကြပါသည်။ ယခုခေတ် အချို့အမျိုးသမီးလေးများသည် အလှအတွက် အလုံဝတ်ရန်ရှက်နေကြသည်။ ယခင်ခေတ်နှင့် ယခုခေတ်ကို ချိန်ဆ၍ အမျိုးသီးငယ်လေးများသည် ဘဝနှင့်အလှအတွက် လုံခြုံလှပသောမြန်မာ့အဝတ်နှင့် အလှဆင်စေခြင်သည်။ နောင်ကာလတွင် မြန်မာတို့၏ကိုယ်ပိုင် ဝတ်စားဆင်ယင်မှု တိမ်ကောပပျောက်မသွားရန်မှာ ယခုခေတ် အမျိုးသမီးတို့၌ ပို၍အဓိကကျပေသည်။ ထိုသို့တိမ်ကော ပပျောက်မသွားမှသာလျှင် အနာဂတ်ကာလ၌ မြန်မာတို့၏ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုဖြင့် သိက္ခာရှိရှိနေထိုင်သွားနိုင်မည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာ့အဝတ်ဆင်မြန်းထားသော ညီမငယ်လေးများသည် လှပကျော့ရှင်းပါသည်ဟုဆိုသော ဥဒေါင်းပျိုမလေးထက် ပိုမိုလှပပါသည်။ ဥဒေါင်းပျိုကား နောက်မှကြည့်လျှင် မလှသော်လည်း မြန်မာမလေးများက ဘယ်လိုကြည်ကြည့်၊ ဘယ်ဘက်ကကြည့်ကြည့် မြင်ရသူ၏စိတ်ကို ကြည်လင်အေးမြစေကြောင်း မြန်မာမလေးများအား မြန်မာလို လှစေခြင်သောကြောင့် ရေးသားတင်ပြလိုက်ရပါတယ်ရှင်။