ရင့်ကျက်မှုကိုဘယ်လိုတိုင်းနိုင်မလဲသိနိုင်မလဲ။ အသက်နဲ့လားအတွေးအခေါ်နဲ့လား။ သူလေးတောင်ရင့်ကျက်လာပြီ။ အခုချိန်ထိတောင်မရင့်ကျက်နိုင်သေးပါလားလို့ ကျွန်တော်တို့ ပြောပြောနေကျတယ်။ ဘာလို့ပြောနိုင်ရတာလဲဘယ်လိုကြည့်ပြီးပြောကြတာလဲ။ စံနှုန်းလဲမရှိသလို၊ တိုင်းတာဖို့လည်းခက်ပါတယ်။ အသက်အရွယ်နဲ့ အမျှ ရင့်ကျက်တယ်ဆိုရအောင်လည်း တချို့ တွေငယ်ငယ်နဲ့ အရွယ်နဲ့မမျှအောင်ရင့်ကျက်နေကျသလို၊ တချို့တွေကျတော့လည်းအသက်တွေသာကြီးသွားတယ် မရင့်ကျက်သေးတာတွေဒုနဲ့ဒေးတွေ့ရပါတယ်။
ဘယ်လိုမျိုးကိုရင့်ကျက်တယ်ဆိုတာထက်ရင့်ကျက်တဲ့လူတွေမှာတော့ ဒီလိုအချက်လေးတွေကိုတော့တွေ့ခဲ့ရပါတယ်။
၁။ အမှန်ကိုအမှန်အတိုင်း လက်ခံတတ်လာတယ်။ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားတတ်လာမယ်။
၂။ မှားနေတာကိုငြင်းတာထက်၊ နားလည်အောင် အချိန်ယူဖြေရှင်းတတ်လာတယ်။
၃။ တခါတလေမဖြေရှင်းတော့တာလည်းဖြစ်နိုင်တယ်။
၎။ အပြောသမားတယောက်ကနေ သူများခံစားချက်ကိုပိုနားထောင်ပေးတတ်တဲ့သူဖြစ်လာတယ်။
၅။ ကိုယ်မဆိုင်တဲ့နေရာတွေမှာဝင်မပါတော့ပဲကိုယ်ဆိုင်တဲ့နေရာတွေကို ပိုအကျိုးပြုတတ်လာတယ်။
၆။ ငါ့အတွက်ငါ့အောင်မြင်မှုဆိုတာထက်၊ အများအတွက်အများအောင်မြင်မှုကိုသာအောင်မြင်မှုလို့ သတ်မှတ်လာမယ်။
၇။ အဲ့ဒီလိုဖြစ်အောင်လည်းသူများတွေကိုလမ်းပြပေးနိုင်လာမယ်၊ အခွင့်အရေးတွေဖန်တီးပေးလာနိုင်မယ်။
၈။ အနစ်နာခံတတ်လာမယ်(အမြဲအရှူံးပေးနေတာကိုမဆိုလိုပါ)
၉။ ရုပ်ဝတ္ထုပစ္စည်းစိတ်ခံစားချက်တွေကိုဦးစားမပေးတော့ပဲလက်ရှိဘဝကနေအကောင်းဆုံးနေထိုင် သွားတတ်လာတယ်။
၁၀။ နောက်ဆုံးကတော့တိတ်တိတ်ဆိတ်ဆိတ်လေးနေတတ်လာတယ်။ ထင်ပေါ်နေအောင်လုပ်ယူ နေရာယူမနေတော့တာပါပဲ။
ဒီအချက်တွေ အားလုံးရှိမှမဟုတ်သလို၊ ဒီထက်လည်းအများကြီးရှိနိုင်ပါသေးတယ်။ အသက်သူ့ပါတ်ဝန်းကျင် သူဖြတ်သန်းခဲ့တဲ့ဘဝ၊ လောကဓံတွေကလည်း ရင့်ကျက်မှုကိုတနည်းတဖုံ အထောက်အပံ့ပြုစေပါသေးတယ်။ ပါတ်ဝန်းကျင်မှာမြင်မိသလောက် ရင့်ကျက်တဲ့သူတွေကို အားကျလေးစားပြီး လေ့လာထားတာလေးတွေ၊ အတုယူထားမိတာလေးတွေစုစည်းကြည့်ထားရုံသက်သက်ပါ။
နောက်ဆုံးတော့ ကိုယ်တိုင်လည်းရင့်ကျက်ဖို့ ကြိုးစားရင်း၊ ရင့်ကျက်သူများနဲ့ တွေ့ဆုံဖို့ဆန္ဒပြုရင်း........