ဒီဆောင်းပါးလေးရဲ့ရည်ရွယ်ချက်ဟာSteemitအဖွဲ့သားများအတွက်အရှက်သိက္ခာတရား နှင့် တန်ဖိုးရှိသော မြန်မာများ ဖြစ်နိုင်ကြပါစေလိုရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ်။
ဟိရီ=မိမိလူလောကသတ်မှတ်ချက်ကိုလုပ်၍ရှက်တတ်တဲ့တရားဖြစ်ပြီး/သြတ္တပ္ပ=အရှက်နဲ့ပြုလုပ်တာကို ကြောက်တဲ့တရားပါ။ဟိရီ သြတ္တပ္ပတရားဆိုတာ အရှက်တရားနဲ့အကြောက် ကြောက်တရားကိုပြောတာပါ။ဟိရီဆိုတာကမကောင်းမှု အကုသိုလ်လူ့အသိုင်းအ၀ိုင်းကအပြစ်လို့ သတ်မှတ်ထားတဲ့အရာတွေကို ပြုလုပ်ရမှာကိုရှက်တတ်တာကို ပြောပါတယ်၊ သြတ္တပ္ပဆိုတာကတော့ အဲဒီအရာတွေကိုပြုလုပ်ရမှာ ကြောက်တတ်သော သဘောကို ဆိုလိုပါတယ်။ထိုနှစ်ပါးကို မိမိဟာ မပြုလုပ်ပါနဲ့။မပြုလုပ်သော သူများသည် အရှက်တရား အကြောက်တရားရှိသူဟုသတ်မှတ်နိင်တယ်။
အရှက်တရားနဲ့အကြောက်တရားရှိနေလို့သာ လောကကြီးအေးချမ်းနေတာပါ။ထိုနှစ်ပါးမရှိတော့ရင်တော့ လူတွေအကုန်လုံးဟာ တိရိဆ္တန်တွေဖြစ်ကြပြီး ဘုရာ တရား မိဘဆိုတာ သိတော့မှာမဟုတ်ပါဘူး။အဲဒါကြောင့်လည်း လောကပါလ=လောကကို စောင့်ရှောက်သောတရားနှစ်ပါးလို့ ခေါ်ပါတယ်။အရှက်နဲ့အကြောက်ကို စာဆိုတော်တွေကတောင် လောကပါလကို စောင့်တဲ့ လောကပါလနှစ်ပါးလို့ခေါ်ပါတယ်။ထိုလောကပါလတရားမပျောက်သ၍ လောကကြီးအေးချမ်းသာယာပြီး မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းကြာမှာ အစဉ်တိုးတတ်လာမှာပါ။
ခုဆို သင်္ကြန်တွေမှာ မိန်းကလေးတွေ အရှက်အကြောင့်မရှိ အဖော်အချွတ်တွေနဲ့ တွေ့နေရတာ ရင်ထဲအရမ်းခံစားရ ဝမ်းနည်းမိပါတယ်။ဟိုခေတ်မြန်မာမိန်းကလေးတွေဆို အဝတ်ကိုလုံလုံခြုံခြုံဝတ်ပြီး အရှက်တရား အကြောက်တရားကို အသက်နဲ့ထပ်တူ ထာဝရအလေးထားကာ ခုခေတ်မိန်းကလေးတွေမှာတော့ အဝတ်အစားလုံလုံခြုံခြုံဝတ်ရမှာကို ရှက်ကြ ကြောက်နေကြတာတွေ့နေရပြန်တယ်။နောက် သူတို့ကို သူတို့ ဒဲလိုဝတ်ရတာ လှတယ်ထင်တတ်တယ်။မိမိကိုယ့်ကို ဂုဏ်ယူတတ်ကြပြီး ကြွားဝါးမှုတွေနဲ့ ပြိုင်ဆိုင်နေကြတယ်။
ဒါတွေကို သင်္ကြန်ပွဲတွေမှာ အများဆုံးမြင်နေရပြီး မိဘတွေကလည်း သားသမီးတွေအပေါ်အလိုလိုက်အကြိုက်ကာ အားပေးအားမြောက်ပြုနေကြတယ်။ဒါဟာ သားသမီးတွေကို ချစ်တာမဟုတ်ပါ။မိမိသားသမီးတွေအပေါ် ချစ်ရာ မရောက်ဘဲ ဘဝနစ်မွန်းအောင် နစ်နေတာပါ။အဝတ်အစားဝတ်တာကို အရှက်လုံအောင် ဝတ်စေပြီး ပြိုင်ဆိုင်ချင်တဲ့စိတ်ဓာတ်ကို အားမပေးပါနဲ့။ယောကျာ်းလေးတွေဆိုရင်လည်း နဲနဲလေး အရွယ်ရောက်လာတာနဲ့ အရက်သောက် ဘီယာလေးတမြမြနဲ့ သူတို့ကိုသူတို့ ဟုတ်လှပြီးထင်ပြီး မြောက်ကြွမြောက်ြွနဲ့အရမ်းတကာလှည့်ပြီး ဟောင်ဖွာဟောင်ဖွာလုပ်ချင်လာတယ်။
အရှက်တရားတွေနည်းလာပြီး ဘာမဆိုအကြောက်တရားမရှိဘဲ လုပ်ချင်တဲ့စိတ်လေးတွေဝင်လာတတ်ကြတယ်။နောက်ပြီး မကောင်းတဲ့အလုပ်တွေကို လက်တည့်စမ်းချင်လာပြီး မကောင်းမှုကို ပျော်မွေ့နေကြတယ်။ဒါဟာ လောကပါလတရားဆိုတဲ့ အရှက်နဲ့အကြောက်တရားတွေနည်းလာတဲ့ ပြယုဂ်တွေဖြစ်ပါတယ်။နောက်သမီးရည်းစားတွေ ပန်ခြံတွေ လူမြင်ကွင်းမှာတွေ အမြင်မတော်အောင် မကောင်းမှုကို လုပ်နေကြတာတွေ့ရပါတယ်။မိဘတွေမျက်ကွယ်မှာ မကောင်းမှုတွေ ကျူးလွန်ပြီး မရှုနိင် မကယ်နိင်အချိန်ကြမှာ အရှက်အကြောက်ကြီးလာတတ်ကာ အငိုငိုနဲ့ မိမိကိုကိုယ် သက်သေမယ်တကဲကဲလုပ်တတ်လာတယ်။
နောက်မိမိကိုယ်ကို အရှုံးပေးပြီး သက်သေနေကြတာလည်း အများကြီး ဒုနဲ့ဒေးရှိခဲ့ပါပြီး။ဒါတွေမဖြစ်အောင် အရှက်တရား အကြောက်တရားကိုလုံအောင် ထိန်းသိမ်းလိုက်နာမယ်ဆိုရင် မိမိဟာ တန်းဖိုးရှိတဲ့ မိန်းကလေး သားကောင်းမြတ်လေးတွေ ဖြစ်လာမှာ မလွဲပါဘူး။အခုလိုတွေမှုခင်းသတင်းတွေမှာ လူသက်မှု မုဒိုန်းမှုတွေအကုန်လုံား ခုလိုအရှက်တရားမရှိလို့ အကြောက်တရားမရှိလို့ဖြစ်ကြတာပါ။ဒါကြောင့် လောကပါလနှစ်ပါးကို ထာဝရလိုက်နာပြီး ကျင့်သုံးလိုက်နာကြပါ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
18.12.2017/13:45
Msc-100