ဒီဆောင်းပါးလေးကတော့ ငွေစုနည်းအကြောင်းကိုရေးထားတာဖြစ်တယ်။ငွေဘယ်လိုစုမလဲ။ငွေတိုးအောင် ဘယ်လိုလုပ်မလဲဆိုတာ သိစေချင်တဲ့ စေတနာ မေတ္တာနဲ့ ရေးလိုက်ပါတယ်။ဒီဆောင်းပါးကို ဆုံးအောင်ဖတ်စေချင်တယ်။
ခုပြောတဲ့ငွေစုနည်းတွေကရိုးရှင်း၍ အလွန်မြန်ဆန်လွယ်ကူသောနည်းလည်းဖြစ်သည်။
မိမိတို့ရဲ့ အလုပ်လုပ်လို့ရတဲ့ငွေကို နေ့တိုင်းတိုးပွားအောင်လုပ်ပါ။စဉ်းစားပါ။အခွင့်အလမ်းကောင်းတွေရှာပြီးငွေကိုတိုးပွားအောင်လုပ်ပါ။အချိန်ဆွဲမနေ့ပါနှင့် ယနေ့ပင်စတင်လုပ်ပါ။သို့သော် ရင်းနှီးမှုငွေပိုများလေပိုကောင်းလေဖြစ်သည်။ငွေစုခြင်းကို လူတိုင်းလုပ်ဆောင်နိင်ပါတယ်။ဒါပေ့မဲ့ ငွေစုချင်တဲ့ စိတ်ရှိဖို့လိုပါတယ်။ငွေစုရင်လည်း စနစ်တကျစုတတ်ရမယ်။လူအများကတော့ ငွေစုခြင်းဆိုတဲ့အလုပ်ကိုလုပ်နိင်ပေ့မဲ့ တိုးပွားအောင်လုပ်ဖို့ခက်ပါတယ်။အခွင့်အလမ်းတွေ မရှာတတ်လို့လည်း တိုးတတ်အောင်မြင်တဲ့လမ်း မတွေ့တာပါ။
နောက်တိုးပွား အောင်မိမိစုတဲ့ငွေထဲမှ အဘယ်ချိန်မဆို လုံးဝယူမသုံးရ ဟူသော စည်းကမ်းကို တိကျစွာလိုက်နာပါ။ဘယ်လိုအကြောင်မျိုးဘဲဖြစ်ဖြစ် ဘယ်လောက်ပင် အရေးကြီးကြီး မယူသုံးပါနဲ့။ဒါက အဓိက အရေးကြီးတဲ့အချက်ပါ။လူတိုင်းငွေစုတတ်တယ် ဒါပေ့မဲ့ မိမိစုထားတဲ့ငွေကို ကြာရှည်မထိန်းတတ်တဲ့အတွက် စုငွေဟာ တိုးပွားမလာဘဲ စုတတ်တယ်ဆိုတဲ့ အပြောဘဲခံရတာပါ။အမှန်တကယ် စုထားတဲ့ငွေကို ဘယ်လောက်အရေးကြီးကြီး ယူမသုံးဘူးဆိုရင် ငွေဟာ တစ်ဖြည်းဖြည်းနဲ့ နည်းနည်းခြင်း စုမိလာပြီး တိုးပွားလာမှာအမှန်ပါ။ထိုအပြင် တိုးပွားအရင်းငွေကို သီးခြား စာရင်းဖွင့်ထားပါ ။ထိုအရင်းမှ ဘယ်တော့မှ ယူမသုံးရ ၊ မချေးယူရ။ဘယ်အကြောင်းကြောင့်မှ ယူမသုံးရ ချေးမယူရ။ လွယ်လွယ်ကူကူ ယူသုံးငွေသည် အလဟာသ ကုန်သွားလိမ့်မည်။
မိမိငွေများလာတဲ့အခါတိုးပွားရင်းငွေ လုံလုံလောက်လောက် စုဆောင်းမိသောအချိန် တိုးပွားနေသော ကုမ္ပဏီတစ်ခုခု သို့မဟုတ် စီးပွားရေးတစ်ခုခုတွင် အစုရှယ်ယာဝင်၍ အရင်းနှီးမြှုပ်နှံပါ။နောက်ပြီးအလုပ်တစ်ခုတည်းလုပ်ပြီး ထိုင်စောင့်မနေပါနှင့် တစ်ခြားအလုပ်များကိုလည်းလုပ်နိုင်အောင်ကြိုးစားပါ ၊ အရင်းအနှီးမြှုပ်နှံရေးလုပ်ငန်း ကျွမ်းကျင်သူ၏ အကြံဥာဏ်ကို ပထမဦးစွာ ရယူပြီးမှ ရင်းနှီးမြှုပ်နှံခြင်းသည် အကောင်းဆုံးဖြစ်၏
နေ့စဉ် အရင်းငွေစာရင်းတွင် နေ့စဉ်မပျက်မကွက် ဖြည့်စွက်စုဆောင်းသွားပါ။နှစ်တွေကြာလာတဲ့အချိန်တွေမှာ ငွေကတိုးပွားလာလိမ့်မယ်။တိုးပွားလာတဲ့ငွေထဲက တစ်ချို့တစ်ဝက်ကိုလှူ ပါ။အလှူအတန်လုပ်ခြင်းဟာ မိမိဘဝအတွက် အာမခံချက်တစ်ခုဖြစ်တယ်။
နေ့စဉ် အရင်းငွေစုဆောင်းခြင်းသည် ချွေတာစုဆောင်းခြင်းသက်သက်မဟုတ် ငွေရေးကြေးရေးအတွက် တစ်သက်တာ စိတ်အေးရအောင် ကြိုတင်ဆောင်ရွက်ခြင်းဖြစ်၏။ဒါကြောင့် ငွေစုခြင်းကို လူတိုင်းလုပ်ကြပါ။အသက်အရွယ်ရလာချိန်မှာ မိမိအတွက် အရမ်းအကျိုးဖြစ်လာပါလိမ့်မယ်။
ငွေကိုအနည်းဆုံး တစ်ပတ်တစ်ကြိမ် တစ်လတစ်ကြိမ် မိမိအရင်းငွေနဲ့ မိမိဝင်ငွေကိုစစ်ဆေးပါ စာရင်းပြုပါ။ငွေအဝင်အထွက်ကို သေချာစာရင်းပြုစုပါ။ဖြစ်နိင်မယ်ဆို နေ့တိုင်းလုပ်နိုင်ရင်ပိုကောင်းပါသည်။ဒါဆိုစာဖတ်သူတို့သည် နေ့စဉ် အရင်းငွေ စုဆောင်းခြင်းကို ပြုလုပ်ခြင်းဖြင့် ငွေတန်ဖိုးကို ပိုသိလာမည်။လူတော်လူကောင်းလေးတွေဖြစ်လာပြီး အဖိုးတန်တဲ့ အမျိုးကောင်း အမျိုးသမီးကောင်းလေးတွေ ဖြစ်လာပါမယ်။
ဆောင်းပါးလေးရှည်သွားရင် စိတ်ရှည်ရှည်ထားပြီးဖတ်ပါလို့ပြောခဲ့ပါရစေ။steemitmyanmarအဖွဲ့သားများ စိတ်လက်ကျန်းမာပြီး ကိုယ်စိတ်နှလုံး အေးမြကြပါစေ။
အမြဲကြိုးစားလျက်
author tunnaingwin
29.11.2017/24:30am
Msc 100