အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်အတွက်တော့ ပုံပြင်လေးတစ်ခုကို ဖတ်မိရင်း ဖြစ်ပေါ်လာသော သတိထားစရာ ဆင်ခြင်ရမည့်အချက်လေးများကို ဥပမားပေးပြီး ရေသား မျှဝေလိုက်ပါတယ်ခင်ဗျာ။
Crd-org-source
ပုံပြင်လေးကတော့...
"တစ်ခါက လက်သမားဆရာတစ်ဦးဟာ အသက်အရွယ်ကြီးလို့ အလုပ်က အငြိမ်းစားယူဖို့ ပြင်ဆင်ပါတယ်။ဒါကို အလုပ်ရှင် ကန်ထရိုက်ကသိတော့ နှစ်ပေါင်းများစွာ လက်တွဲလုပ်လာကြတဲ့သူတွေမို့ စိတ်မကောင်းဖြစ်နေမိတာပေါ့။
အဲဒါနဲ့ပဲ လက်သမားဆရာကို နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးထပ်ဆောက်ပေးနိုင်မလားလို့ တောင်းဆိုပါတယ်။လက်သမားဆရာကလည်း မငြင်းသာလို့ သဘောတူလိုက်ပါတယ်။
အိမ်ကို ဆောက်သာဆောက်နေရပေမယ့် လက်သမားဆရာဟာ အလုပ်မှာ ယခင်လိုစိတ်မဝင်စားတော့ ပြီးစလွယ်လက်ရာတွေနဲ့ အညံ့စားပစ္စည်းတွေကို အသုံးပြုခဲ့တယ်။
လက်သမားဆရာက အိမ်ကို လက်စသတ်ဆောက်လုပ်ပြီးတဲ့အခါ အလုပ်ရှင်အား အိမ်ကို အပ်ပါတယ်။အလုပ်ရှင်က ကြည့်ရှု့စစ်ဆေးပြီး လက်သမားဆရာရဲ့လက်ထဲ အိမ်သော့ကို အပ်ပြီး ဒီအိမ်ဟာ ခင်ဗျားလုပ်ဆောင်ပေးခဲ့သမျှအတွက် ဂုဏ်ပြုတာပါ။အခုခင်ဗျားအိမ်ဖြစ်သွားပါပြီ။
ဒီတော့မှ လက်သမားဆရာဟာ သူဖြစ်ကတတ်ဆန်း ဆောက်ခဲ့တဲ့အိမ်ကိုကြည့်ပြီး နောင်တကြီးစွာ ရခဲ့ပါတယ်။သူနေရမယ့် အိမ်လို့သာ သိခဲ့ရင် ဒီလိုပုံစံမျိုးဘယ်ဆောက်ခဲ့ ပါ့မလဲ ဆိုတဲ့ နောင်တတွေ ရခဲ့တော့လေသတည်း...။"
Crd-org-source
ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အားလုံးဟာ မိမိတို့ဘဝမှာ မိမိတို့လုပ်ဆောင်စရာ ကိစ္စရပ်များ.. တာဝန်များကို ဆောင်ရွက်တဲ့အခါ မည်သည့်အခြေအနေမျိုးမှာမဆို ပီပီပြင်ပြင် စနစ်တကျ စေတနာထားပြီး ဂရုတစိုက်ဆောင်ရွက်ဖို့ အရေးကြီးပါသည်။
Crd-org-source
ဒီနေရာမှာ ဥပမာလေးတစ်ခုထပ်ပြီး စိတ်ကူးပုံဖော်ပေးခဲ့ပါရစေ။
မိမိသည် ဘောလုံးကစားသမားဖြစ်ပြီး ဘောလုံးပြိုင်ပွဲတစ်ခုမှာ ဝင်ရောက်ကစားသော ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုပါစို့...။
ဘောလုံးပြိုင်ပွဲတစ်ခုတွင် သတ်မှတ်ချိန် မိနစ်(၉၀)ဖြစ်ပြီး အချိန်ပိုမိနစ်များပါ ပွဲစဉ်တစ်ခုအတွက် အကျုံးဝင်ပါသည်။ထို့ကြောင့် မိမိသည် ပြိုင်ပွဲအစမှအဆုံး နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်အထိ ကိုယ်အား စိတ်အား နှစ်ပြီး ဂရုတစိုက် ကြိုးစားကစားဖို့လိုအပ်ပါသည်။
ဒီလိုမှမဟုတ်ပဲ မိနစ် (၉၀)ပြည့်၍ မိမိတို့အနိုင်ရနေပြီဖြစ်သောကြောင့် အချိန်ပိုပေးသော နောက်ဆုံးမိနစ်များတွင် ပွဲပြီးတော့မှာပဲဆိုသော အတွေးဖြင့် စိတ်အားလျှော့ ပေါ့ဆသွားတတ်ပါသည်။ထိုသို့ နောက်ဆုံးအချိန်ပို မိနစ်လေးကို အလေးမထား ပေါ့ဆမိပါက မိမိတို့အသင်းအတွက် မိမိတာဝန်ယူကစားသောနေရာမှာ အားနည်းသွားသဖြင့် တစ်ဘက်အသင်းမှ မိမိအသင်းအပေါ် အားသာချက်ရသွားပြီး ပြိုင်ပွဲတစ်ခုလုံး၏ရလဒ် ပြောင်းလဲသွားနိုင်အောင် ဖန်တီးရရှိသွားနိုင်ပါသည်။
ထို့ကြောင့် နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့်အထိ အစမှအဆုံး မပေါ့ဆပဲ စနစ်တကျ ဂရုတစိုက် စိတ်အားထက်သန်စွာ ကစားသွားကြရမှာပဲ ဖြစ်ပါတယ်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိတို့အားလုံးဟာ မည်သည့်ကိစ္စမဆို ဆောင်ရွက်ကြသည့်အခါ ကိစ္စရပ် အစမှပြီးဆုံးသည်အထိ လေးလေးနက်နက် စနစ်တကျ စိတ်အားထက်သန်စွာ ကြိုးစားဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ပေါ့ပေါ့တန်တန် ဖြစ်ကတတ်ဆန်း ဆောင်ရွက်ခဲ့ပါက လက်သမားဆရာကြီးကဲ့သို့ မိမိအတွက် နောင်တတွေရရှိလာမှာဖြစ်ပါကြောင်း...
ဘယ်အချိန်မျိုးမဆို မိမိဆောင်ရွက်သောလုပ်ရပ်၏ အဖြေရလဒ်သည် မိမိကိုပြန်လည်အကျိုးသက်ရောက်လာမှာဖြစ်ပါကြောင်း...
မိမိ၏လုပ်ရပ် အကောင်းအဆိုးအားလုံးသည် မိမိ၏ပုံရိပ်အတွက် မိမိ၏ဘဝအတွက် အရေးကြီးပါကြောင်း သတိထားဆင်ခြင်နိုင်ကြစေရန် မျှဝေရေးသားလိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211