အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ဒီနေ့ သင်္ကြန်အတက်နေ့မှာတော့ ဇနီးသည်၏မိခင် "ယောက္ခမကြီးမွေးနေ့"ဖြစ်ပြီး မွေးနေ့အလှူ သင်္ကြန်ထမင်းကျွေးမည်ဖြစ်၍ ဆွေမျိုးညီအစ်ကို မောင်နှမများအားလုံး အလုပ်ရှုပ်နေကြပြီး အကျွေးအမွေးအတွက် အားလုံးပြင်ဆင်နေကြပြီဖြစ်ပါသည်။အိမ်ရှေ့လမ်းမပေါ်တွင် ခုံများခင်းပြီး မည်သူမဆို ရေကစားရင်း ဝင်ရောက်စားသုံးနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်ပါသည်။မနက် (7:30)am တွင် သင်္ကြန်ထမင်းအား စတင်ကျွေးမွေးလှူဒါန်းခဲ့ကြပါသည်။
ကလေးရော လူကြီးများပါအားလုံး သင်္ကြန်ထမင်းအား တစ်ပျော်တစ်ပါး ဝင်ရောက်စားသုံးခဲ့ကြပါသည်။အရမ်းပျော်ရွှင်ပြီး ပီတိဖြစ်စရာကောင်းတဲ့ ယောက္ခမကြီး၏မွေးနေ့အလှူအတွက် အဆင်သင့်သလိုလေး ဓါတ်ပုံရိုက်ရင်း ပြန်လည်မှတ်တမ်းတင်ချင်စိတ် ဖြစ်မိပါ၍ မျှဝေပေးခဲ့ခြင်း ဖြစ်ပါသည်။
ကိုယ်တိုင်ရေကစားရင်း ကြုံသလိုလေးရိုက်ထားတဲ့ ဓါတ်ပုံလေးတွေဆိုတော့ သီးခံပေးပါခင်ဗျာ။
သင်္ကြန်ထမင်းကို တစ်ချို့သောသူများ အရမ်းကြိုက်နှစ်သက်စွာ စားသုံးကြတာကိုလည်း တွေ့မြင်ခဲ့ရပါသည်။
သင်္ကြန်ထမင်းတွင် "ထမင်း".."ဖယောင်းရေ".."သရက်ချဉ်သုပ်လိုအသုပ်တစ်မျိုးရယ်".."ငါးခြောက်ထောင်းကျော်ရယ်"..စားကောင်းအောင် "ရွှေဖရုံသီးဟင်ရယ်" စုံစုံလင်လင် ပါဝင်တာကိုတွေ့ရပါသည်။ဖယောင်းရေကို ကိုယ်ကြိုက်သလောက်ထည့်ပြီးစားသုံးနိုင်ရန် ရေသန့်ဗူးများဖြင့် ဖယောင်းရေကို သီးသန့် စားပွဲပေါ်တွင်ထားပေးထားခြင်းဟာလည်း သိပ်ကောင်းတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ကျွန်တော့လို ဖယောင်းရေကို သိပ်မကြိုက်တဲ့သူတွေအတွက် ပိုပြီးအဆင်ပြေစွာ စားသုံးနိုင်အောင်ပြုလုပ်ထားခြင်းဖြစ်ပါကြောင်း...
မနက်ဖြန်အတွက် စက်ရုံဝန်ထမ်းမိသားစုများ နှစ်ဦးဆွမ်းကပ်ရန်အတွက် ကူညီလုပ်ဆောင်နေရပါ၍ မအားသော်လည်း steemit ပေါ်သို့ တစ်နေ့တစ်ခေါက်..နှစ်ခေါက်မှ အလည်မလာရလျင် အိပ်မပျော်ပါ၍ post တင်ပြီး နုတ်ဆက်ခဲ့ပါတယ်သူငယ်ချင်းတို့...။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
All photos credited by