အားလုံးပဲ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျာ...
ထိုသို့ သူတို့ခိုင်းသည့်အတိုင်း steem account လေးအား password ပြောင်းလိုက်သော်လည်း မိမိထင်သလိုတော့ လွယ်လွယ်ကူကူ မပြီးမြောက်ခဲ့ပါ။
ကျွန်တော်မှ ပုံမှန်စာရေးပြီး post တင်သောအခါ ထံမှ ပုံမှန်အတိုင်း downvote ပြနေခြင်းပဲ ဖြစ်နေပါသေးသည်။comment များတင်သောအခါတွင်လည်း ထို့အတူပါပဲ...downvote က အရင်ဆုံး ရောက်ရှိနေတော့တာပေါ့။
ဒါနဲ့ စိတ်ထဲမှာလည်း သိပ်တော့မကြည်လင်သေးပါ...downvote ဖြုတ်ပေးဖို့ နောက်ကျနေတာများလားဆိုသောအတွေးဖြင့် တစ်ရက်လောက်ထပ်စောင့်ကြည့်နေခဲ့ပါသည်။နှစ်ရက်မြောက်လောက်မှာတော့ ငါထပ်ပြီးပြောရင်ကောင်းမယ်ဟု စဉ်းစားပြီး discord app တွင် ထပ်မံပြောကြားခဲ့ပါသည်။
Screenshot photo from my account on the steemcleaners of discord app
ထိုဒုတိယအကြိမ်တွင် သူတို့ထံမှ ဘာမှပြန်မပြောသဖြင့် ကျွန်တော်လည်း ရက်ပိုင်းလေးစောင့်ရင်း အချိန်အနည်းငယ် ထပ်မံစောင့်ကြည့်နေခဲ့ပါသည်။သို့သော် ဘာမှမထူးခြားတာနဲ့ တတိယအကြိမ်ပြောရန် ဆုံးဖြတ်လိုက်ပါသည်။
တတိယအကြိမ် မပြောခင်မှာ MSC chat group တွင်လည်း စကားစပြီး မိမိအခြေအနေအားပြောကြည့်သောအခါ အစ်ကိုသက်မှ မိမိအခြေအနေအား screenshot ပုံလေးတွေနဲ့ discord တွင် ထပ်ပြောရန် အကြံပေးပါသည်။
ဒါကြောင့် တတိယအကြိမ်ထပ်ပြောခဲ့ပါသည်။
Screenshot photo from my account on the steemcleaners of discord app
ထိုတတိယအကြိမ်ထပ်ပြောသောအခါ သူတို့ထံမှ စာပြန်ပို့လာခဲ့ပါသည်။
ထိုစာအရ ကျွန်တော်၏ account အား downvote list ဖယ်ရှားပြီးဖြစ်ကြောင်း account အား ကောင်းမွန်ရှင်းလင်းစွာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း စာပြန်လာခဲ့ပါသည်။
အဲဒါနဲ့ စိတ်ထဲက သိချင်နေတော့ မိမိsteem account လေးကိုဖွင့်ပြီးအရင်စစ်ကြည့်ပါတယ်။နောက်ပြီး သူငယ်ချင်းတစ်ယောက် post အောက်မှာ comment ဝင်ရေးကြည့်တာပေါ့။သိပ်မကြာပါဘူး ဘွားခနဲဆို က downvote ရောက်လာတာပဲခင်ဗျာ။ဘယ်လိုဖြစ်ရတာလဲ...?။downvote ပျောက်ပြီလို့ စိတ်ကထင်နေတာ ဘယ်ဟုတ်မလဲ သူတို့လုပ်ပေးတဲ့ပုံစံက အရင် downvote လုပ်ခဲ့တဲ့post တွေကို ရသလောက် လိုက်ဖြတ်ပေးထားတာဗျ။နောက်အသစ်တင်တဲ့ဟာကျတော့ downvote ကဆက်ပြနေသေးတုန်းပဲ။အလွယ်ပြောရရင် ရှေ့ကအဟောင်းတွေဖျက် နောက်တင်တဲ့အသစ်က downvote ဖြစ် ပတ်ချာလည်နေတော့တာပေါ့။
ဒီအခြေအနေမှာတော့ အစ်ကိုစောကို ပြောပြမှ ဖြစ်မယ်ဆိုပြီး အစ်ကိုစောကို အခြေအနေ အကြောင်းစုံ ထပ်မံပြောပြခဲ့ပါသည်။
Screenshot photo from my messenger
ဒါနဲ့ အစ်ကိုစောက ဒီလိုဖြစ်နေသေးတယ်ဆိုတဲ့အကြောင်း screenshot ပုံနဲ့ ထပ်မံသွားပြောရန် လမ်းညွှန်ပါသည်။သို့သော် မိမိဖုန်းဟာ discord app တွင် ပုံတင်၍အဆင်မပြေသောကြောင့် အစ်ကိုစောမှ သူကိုယ်တိုင်ပြောပေးမယ်ဆိုပြီး သူကိုယ်တိုင် အကူအညီပေးခဲ့ပါသည်။
အစ်ကိုစောပြောပေးလို့ တစ်ရက်နှစ်ရက်ခန့် ဆက်စောင့်လိုက်သောအခါ ထံမှ downvote ရောက်မလာတော့ပဲ ကောင်းမွန်ရှင်းလင်းစွာ အသုံးပြုနိုင်ခဲ့ပြီ ဖြစ်ပါသည်။
ထံမှ downvote လွတ်ရန်အတွက် အစ်ကိုစော၏လမ်းညွှန်မှု... အကူအညီပေးမှုများဖြင့် စုစုပေါင်းလေးကြိမ်ခန့် အဆင့်ဆင့်ကျော်ဖြတ်ပြီး စနစ်တကျ လုပ်ဆောင်ခဲ့ရပါကြောင်း... အစ်ကိုစောကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း... ပြောကြားရင်းနဲ့ ကျွန်တော်၏အတွေ့အကြုံလေးအား ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211