အားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေခင်ဗျာ...
ပြီးခဲ့တဲ့ မတ်လ နှင့် ဧပြီလဆန်းပိုင်းရက်များက ကျွန်တော်၏ steemit account post များတွင် downvote ပြခံရခြင်းနှင့်ပတ်သက်ပြီး ကျွန်တော်၏အတွေ့အကြုံလေးအား ဗဟုသုတအဖြစ် ပြန်လည်ရေးသားမျှဝေခဲ့ချင်ပါသည်။
ပြီးခဲ့သောမတ်လ (၂၂ ) ရက်နေ့မှစ၍ ကျွန်တော်၏steemit post များတွင် မှ downvote များ လာရောက် ပြနေခဲ့ပါသည်။
downvote ပြခံရသော ပထမဦးဆုံး post တွင် ဂရုမထားသော်လည်း နောက် post များဆက်တင်သောအခါ ဆက်တိုက်ဆိုသလို downvote များလာရောက်ပြသနေပါသည်။
post သုံးခုလေးခုလောက် ပြခံရပြီးသောအခါ စိတ်ထဲတွင် သတိထားပြီး ဖြေရှင်းရတော့မည်ဟု အတွေးဝင်လာပါသည်။
ထို့အပြင် မိမိတင်သော post တိုင်းတင်မကဘဲ comment များပါ downvote အပြခံနေရပါသည်။
သူ downvote ပြသောအချိန်အားလေ့လာကြည့်သောအခါ post တင်ပြီး တစ်မိနစ်မပြည့်ခင် စက္ကန့်ပိုင်းအတွင်းမှာပင် downvote ပြသနေခြင်းဖြစ်ပါသည်။
ဒါကြောင့် ဒီ downvote လိုက်ပြနေသော ပြဿနာကို ဖြေရှင်းရန် ကျွန်တော်တို့ MSC အဖွဲ့မှ နည်းပညာပိုင်းကျွမ်းကျင်ပြီး အမြဲအကူအညီပေးလေ့ရှိတဲ့ နောင်တော်ကြီး ဆရာစော ကို သတိရပြီး အကြံညဏ်တောင်းခံမည်ဟု ဆုံးဖြတ်ခဲ့ပါသည်။ထိုသို့ စဉ်းစားနေတုန်း ဆရာစော
မှ MSC chat group တွင်
နှင့်
downvote တွေအပြခံနေရပါလား...ဘာတွေလုပ်ထားသလဲဆိုသော မေးခွန်းနဲ့အတူ group page တွင် ပြောဆိုလာပါသည်။ထိုအခါ ဒီကဟန်ချက်ပြင်နေသောသူအတွက် အဆင်သင့်သွားပြီး ကျွန်တော် ထွေထွေထူးထူး လုပ်ထားတာမျိုးမရှိပါ။ဘာများဖြစ်သလဲ မသိပါဟု ပြောသည်နှင့် တစ်ပြိုင်နက် အစ်ကိုစောမှ discord တွင် သွားပြောရန် လမ်းညွှန်ခဲ့ပါသည်။
မိမိသည်လည်း ဒီကိစ္စဖြေရှင်းရန် ဆုံးဖြတ်ထားပြီးဖြစ်၍ ချက်ချင်းဆိုသလို ဟုတ်ကဲ့ သွားပြောမည်ဟု ပြန်ပြောခဲ့ပါသည်။
discord တွင် ပြောမည်ဟုဆိုသော်လည်း မိမိဖုန်းတွင် ယခင်က discord app အားအသုံးပြုခဲ့သော်လည်း ဖုန်းလေးသောအချိန်တုန်းက discord app ဖြုတ်ထားမိ၍ လက်ရှိတွင် discord app မရှိတော့သဖြင့် app down ပြီး ပြန်တင်ခဲ့ရပါသည်။
ချက်ခြင်းဆိုသလို discord app လေးပြန်ဖွင့်ပြီး ပြောမည်ဆိုသောအခါ ဘယ်နေရာတွင် ပြောရမည်မသိ ဖြစ်နေပါသည်။
Screenshot photo from my messenger
မိမိလုပ်ဖူးတာက အခြားဆိုဒ်များတွင် တစ်ခုခုလိုအပ်သောအခါ ပြောချင်ပါက support ticket တင်တဲ့ပုံစံမျိုးသာ အတွေ့အကြုံရှိပြီး discord app တွင်တော့ မလုပ်ဖူးတဲ့အတွက် အစ်ကိုစောကို မေးခဲ့ရပါတော့သည်။
discord ၏မည်သည့်နေရာတွင် ပြောရမည်ကို မေးသောအခါ အစ်ကိုစောမှ steemcleaner link လေး messenger မှ ပို့ပေးလာပါသည်။ဒီLink လေးကို နှိပ်၍ discord မှာ join လိုက်ပြီးသောအခါ steemcleaner ၏ page သည် discord တွင် ရောက်ရှိပြီး ၎င်း steemcleaner page တွင် ပြောရမည့် သက်ဆိုင်သောနေရာအား ရှာ၍ ပြောဆိုခဲ့ရပါတော့ သည်။
ကျွန်တော်မှ နေ့ခင်းပိုင်းပြောဆိုပြီး၍ ညပိုင်းလောက်မှာ သူတို့ထံမှ မည်သို့ မည်ပုံကြောင့် downvote ပြနေခြင်းဖြစ်ကြောင်း ပြန်ပြောလာပါသည်။
Screenshot photo from my account on steemcleaners of discord app
သူတို့၏စာအရ ကျွန်တော်၏steem account အခိုးခံရသည်အထင်ဖြင့် သူတို့မှ downvote လိုက်ပြနေခြင်းဖြစ်ကြောင်း ထိုသို့မဟုတ်ဘဲ ကျွန်တော်၏အကောင့်မှန်ကန်ပါက Password ပြောင်းထားပေးပါရန်နှင့် ကျွန်တော့ account အား downvote removed လုပ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားလာပါသည်။
ဒီလိုစာပြန်လာတဲ့အတွက် ဝမ်းသာအားရဖြစ်ပြီး သူတို့ခိုင်းတဲ့အတိုင်း ကျွန်တော်၏steem account အား password ပြောင်းခြင်းကို စနစ်တကျ ပြောင်းလဲလုပ်ဆောင်ခဲ့ပါသည်။
ထိုသို့ပြောင်းလဲလုပ်ဆောင်ပြီးသော်လည်း downvote မပျောက်သေးဘဲ ဆက်ပြနေသဖြင့် ထပ်မံဆောင်ရွက်ခဲ့သော အတွေ့အကြုံလေးများအား အပိုင်း(၂)တွင် ဆက်လက် ရေးသားမျှဝေပေးမည်ဖြစ်ပါ၍ စောင့်မျှော်အားပေးကြပါအုံးခင်ဗျာ...
Screenshot photo from my account on steemcleaners of discord app
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211