အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ "ငွေ"နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးကို ကျွန်တော်အားသန်သလိုလေး ရေးသားမျှဝေခဲ့ချင်ပါတယ်။
Crd-org-source
လူသားအားလုံးဟာ မိမိတို့ စားဝတ်နေရေးအတွက် ငွေကိုရရှိအောင် ကြိုးစားရှာဖွေနေကြရပါသည်။ငွေ ရှိမှသာ မိမိတို့၏နေ့စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် သုံးစွဲနိုင်မှာဖြစ်ပြီး ဆက်လက်ရပ်တည်နိုင်ရန်အတွက် မဖြစ်မနေ လိုအပ်သောအရာ ဖြစ်ပါသည်။
ဒါကြောင့် လူသားအားလုံးဟာ ပုံစံမျိုးစုံနဲ့ လုပ်ကိုင်ဆောင်ရွက်ရင်း ငွေကို ရရှိအောင် နေ့စဉ်ရှာဖွေနေကြရတာဖြစ်ပါတယ်။
အဝတ်အစားနှင့် နေထိုင်ရေးကို ခဏဖယ်ထားပြီး စားဖို့အတွက်ပဲ အရင်စဉ်းစားကြည့်ပါ။
မိမိတို့ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစားအစာကို မဖြစ်မနေစားသုံးကြရပါသည်။ဒီလိုအစားအစာများ စားသုံးနိုင်ဖို့အတွက် ငွေနဲ့ဝယ်ယူစားသုံးကြရတာပါ။ဒါကြောင့် မိမိတို့အားလုံးအသက်ရှင်ရပ်တည်နိုင်ရေးအတွက် ငွေကို မဖြစ်မနေ ရှာဖွေကြရမှာ ဖြစ်ပါတယ်။ဒါကိုကြည့်ခြင်းအားဖြင့် ငွေဟာ လူသားအားလုံးအတွက် အသက်တမျှ အရေးကြီးလိုအပ်နေတာ သိသာစေပါတယ်။အစားအစာအတွက် အဆင်ပြေလောက်ပြီဆိုပါက အဝတ်အစား နှင့်နေထိုင်ရေးအတွက်လည်း တစ်ဆင့်ပြီးတစ်ဆင့် အခြေအနေပေါ်မူတည်ပြီး ကြိုးစားရှာဖွေကြရပါအုံးမည်။
ဒါကြောင့် လူတွေရဲ့ သံသရာဟာ ငွေသံသရာတွေပဲ ဖြစ်ပါတော့တယ်။
ငွေမရှိတဲ့သူ ငွေအသင့်အတင့်ရှိသူ ချမ်းသာတဲ့သူ စသည်ဖြင့် လူတန်းစားမျိုးစုံ မည်သူမဆို ငွေသံသရာထဲမှာပင် ဆက်လက်ကြိုးစားရုန်းကန်နေကြရမှာ ဖြစ်ပါသည်။
Crd-org-source
ငွေမရှိတဲ့သူဟာလည်း ငွေရှိလာအောင် ချမ်းသာတဲ့သူကလည်း ပို၍ပို၍ ချမ်းသာလာအောင် ဖန်တီးရှာဖွေစုဆောင်းနေကြရပါတယ်။
ဒီလို ရှာဖွေစုဆောင်းတဲ့နေရာမှာ မိမိ၏ဝင်ငွေဟာ သမာအာဇီဝကျကျနဲ့ ရှာဖွေလို့ရတာတွေဖြစ်ဖို့ အရေးကြီးပါတယ်။
သက်မဲ့ဖြစ်တဲ့ ငွေကို မိမိ၏လောဘ လိုချင်တပ်မက်မှု ရလိုမှုတစ်ခုတည်းကြောင့် ဘယ်နည်းနဲ့ပဲရရဆိုတဲ့ စိတ်မျိုးမရှိအောင် ထိန်းသိမ်းကြရမှာပါ။ငွေ မရှိလို့မှ မဖြစ်တာ ခိုးပြီးရှာမယ်..မတရားသဖြင့်ရှာမယ်..မဟုတ်မမှန်တဲ့နည်းလမ်းတွေနဲ့ ရှာမယ်ဆိုတဲ့အထိ မိမိအပေါ် မစိုးမိုးမိစေဖို့ သတိထားနိုင်ရမှာပါ။ငွေရရင်ပြီးရော ဘာမဆိုလုပ်မယ်ဆိုပြီး မလုပ်မိစေဖို့ လိုအပ်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆို ငွေရှာရအရမ်းခက်ခဲလာတဲ့အခါ မိမိစိတ်ကိုမထိန်းနိုင်ပဲ ထွက်ပေါက်ရှာသွားတတ်ကြလို့ပါ။
Crd-org-source
ငွေဟာ ဒုတိယဘုရားသခင်လို့ ဆိုရလောက်အောင် အရေးပါတဲ့အတွက် ပိုပြီး သတိထားကြရမှာပါ။
ဒီငွေကြောင့်ပဲ မိသားစုအတွင်း.. ညီအစ်ကိုမောင်နှမ..ဆွေမျိုးသားချင်း.. မိတ်ဆွေအချင်းချင်း ခင်မင်မှုတွေ ပျက်ပြားပြီး ပြဿနာတွေပေါ်ပေါက်စေနိုင်ပါတယ်။
facebook ပေါ်မှာရော.. မိမိတို့ပတ်ဝန်းကျင်မှာရော အားလုံးတွေ့မြင်နေကြမှာပါ။သူငယ်ချင်းအချင်းချင်း ပိုက်ဆံအကြွေးပြန်တောင်းရာမှ စကားများရန်ဖြစ်ပြီး ဒေါသမထိန်းနိုင်ပဲ ဓါးနဲ့ထိုး တုတ်နဲ့ရိုက်တဲ့အခြေအနေမျိုးတွေ (သို့) လင်မယားချင်း ငွေနဲ့ပတ်သက်ပြီး စကားများကြရာမှ ခိုက်ရန်ဖြစ်ပွားတာမျိုးတွေ နှင့် တစ်ချို့ဆို လူသတ်မှုအဆင့်ထိတွေ အမျိုးမျိုးဖြစ်ပွားကြတာ တွေ့မြင်နေကြရမှာပါ။
ဒီအခြေအနေတွေဟာ ငွေ အပေါ်မှာထားရှိတဲ့ မိမိတို့ရဲ့ လောဘ.. ဒေါသစိတ်တွေကို မထိန်းချုပ်နိုင်ကြတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
Crd-org-source
မိမိတို့၏စိတ်ကိုထိန်းချုပ်မှုမရှိပါက သက်မဲ့ဖြစ်သော ငွေကသာ မိမိတို့၏ဘဝကို စိုးမိုးသွားမည်ဖြစ်ပြီး ငွေကို စနစ်တကျ မစီမံတတ်တဲ့သူတွေ ဖြစ်နေပါလိမ့်မည်။
ထို့ကြောင့် မိမိတို့၏လောဘ ဒေါသစိတ်တွေကို ထိန်းချုပ်ပြီး ငွေကို မှန်ကန်သော သမာအာဇီဝကျသော ရှာဖွေခြင်းများဖြင့် မှန်ကန်စွာအသက်မွေးကြရမှာပဲ ဖြစ်ပါတယ်။
ဒီလိုမှန်ကန်စွာရှာဖွေခြင်းများဖြင့် ငွေကို စနစ်တကျ စီမံသုံးစွဲတတ်ရန် နှင့် ငွေကြောင့် ခင်မင်မှုများပျက်ပြားခြင်း.. ဘဝများပျက်စီးခြင်း စသော အခြေအနေမျိုးစုံ ဖြစ်ပေါ်နိုင်ပါ၍ သတိထားဆင်ခြင် နိုင်ကြစေရန် ရေးသားမျှဝေလိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211