အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီနေ့တော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသား ကချင်နယ်ဖွား Middle Weight World Champion အောင်လအန်ဆန်၏ဒုတိယအကြိမ် championဆုကို ကာကွယ်ဖို့အတွက် ယနေ့ည သုဝဏအားကစားကွင်းမှာ လက်ဘနွန်နိုင်ငံသား ကရာကီနဲ့ ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။
Crd-org-source
ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူစရာကောင်းသော ချန်ပီယံ ကာကွယ်ပွဲတစ်ခု ဖြစ်ပါတယ်။အောင်လအန်ဆန်ဟာ သူရဲ့ပညာရပ်ပိုင်းမှာ တစ်ကယ်ကျွမ်းကျင်စွာ တတ်မြောက်ပြီး စနစ်တကျ ကြိုးစားလေ့ကျင့်ရင်း လက်ရှိ champion ဆုကို ရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူရဲ့ ကောင်းတဲ့အချက်တွေက ပြိုင်ဘက်နဲ့တွေ့တဲ့အခါ စိတ်ဓါတ်အေးချမ်းပြီး တည်တည်ငြိမ်ငြိမ် ယှဉ်ပြိုင်လေ့ရှိတာဖြစ်ပါတယ်။သူဟာ သူ့ရဲ့ပညာရပ်နဲ့ထိုးသတ်တဲ့အပိုင်းမှာ ကျွမ်းကျင်ပြီးသားဖြစ်တဲ့အတွက် ပြိုင်ဘက်များနဲ့ထိုးသတ်တဲ့အခါ စိတ်ဓါတ်ပိုင်း ပိုမိုကောင်းမွန်တည်ငြိမ်သော သူ၏စိတ်စွမ်းအားကြောင့် ပြိုင်ဘက်တွေအပေါ် အနိုင်ယူနိုင်ခြင်းဖြစ်ပါတယ်။
ဒီလိုချန်ပီယံတစ်ယောက်ဖြစ်နေတဲ့အဆင့်မှာ ပြိုင်ဘက် စိန်ခေါ်သူတွေဟာ ပညာရပ်ပိုင်းမှာ အားလုံး ကျွမ်းကျင်ပြည့်စုံပြီးသားတွေပဲ ဖြစ်ပါတယ်။
Crd-org-source
ဒါကြောင့် champion အဆင့်ကာကွယ်ပွဲတွေဖြစ်တဲ့အတွက် များသောအားဖြင့် လက်ရည်တူအဆင့်တွေ ယှဉ်ပြိုင်ထိုးသတ်ကြတာဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း လိမ္မာပါးနပ်စွာ နဲ့ စိတ်ဓါတ်ကြံ့ခိုင်ပြီး စိတ်ပိုမိုတည်ငြိမ်တဲ့သူက အသာစီးရပြီး အနိုင်ရရှိကြတာဖြစ်ပါတယ်။
လက်ရည်တူယှဉ်ပြိုင်ထိုးသတ်ပွဲတွေဖြစ်တဲ့အတွက် စိတ်ဓါတ်ပိုကောင်းပြီး စိတ်ဓါတ်ပိုကြံ့ခိုင်တည်ငြိမ်တဲ့သူက အနိုင်ရရှိဖို့ ပိုများတယ်ဆိုတာလေး ပြောပြချင်တာပါ။
ဒီလိုစိတ်ဓါတ်ပိုင်းပိုကောင်းပြီး ပိုတည်ငြိမ်တယ်ဆိုတာကို သိသာစေတာကတော့ ပြီးခဲ့တဲ့အကြိမ်တုန်းက ထိုးသတ်ခဲ့တဲ့ ဂျပန်နဲ့ ပွဲစဉ်လေးပဲဖြစ်ပါတယ်။အဲဒီပွဲစဉ်မှာ အောင်လအန်ဆန်နှင့်ပြိုင်ဘက်ဂျပန်ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထိုးသတ်ကြပြီး သူတစ်ပြန် ကိုယ်တစ်ပြန် အလူးအလဲ ထိုးသတ်နေကြတာကို တွေ့မြင်ခဲ့ကြမှာပါ။လက်ရည်ချင်းတူတဲ့အတွက် သူလည်းနာ ကိုယ်လည်းနာပြီး နှစ်ယောက်လုံးဟန်ချက်ပျက်နေသော်လည်း နောက်ဆုံးအချီအထိရောက်ရှိသွားခဲ့ပါတယ်။သူတစ်ချက် ကိုယ်တစ်ချက် အပြန်အလှန်ထိုးသတ်နေရင်း နောက်ဆုံးအချီမှာတော့ အောင်လအန်ဆန်မှာ သိသိသာသာပဲ စိတ်ဓါတ်အင်အားတည်ငြိမ်စွာဖြင့် စိတ်စွမ်းအားပြန်လည်မြှင့်တင်နိုင်လိုက်တဲ့အတွက် လက်ရည်တူနေသော ပြိုင်ဘက်ကို နှာတစ်ဖျားသာသွားပြီး အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
Crd-org-source
ဒါ့အပြင် အောင်လအန်ဆန်၏ပွဲစဉ်တိုင်းသည် တစ်ပွဲနဲ့တစ်ပွဲ အံ့သြစရာကောင်းပြီး မတူသောရဿကောင်းများကို ပေးစွမ်းနိုင်သော ဂုဏ်ယူစရာကောင်းတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဤအချင်းအရာကိုကြည့်ခြင်းအားဖြင့် **အောင်မြင်သောသူများသည် မိမိအောင်မြင်မှုရရှိရန်အတွက် မိမိ၏ယုံကြည်ချက်စွမ်းအား ဇွဲ လုံ့လ ဝီရိယ စသော ကိုယ်စွမ်းအား စိတ်စွမ်းအားတွေနဲ့ ပေါင်းစပ်ပြီး ကြိုးစားဆောင်ရွက်နေကြရပါကြောင်း...
**ထိုသို့ ကြိုးစားဆောင်ရွက်ပြီး အောင်မြင်မှုရရှိလာသောအခါ ထိုအောင်မြင်မှုပေါ်တွင် ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မိမိ၏ကိုယ်စွမ်းအာ စိတ်စွမ်းအား ကြိုးစားအားထုတ်မှု ယုံကြည်ချက်ခိုင်မာမှုတွေကို ဆက်လက်မြှင့်တင်ကြိုးစားမှသာ မိမိ၏အောင်မြင်သောဘဝအတွက် ရည်ရှည်ရပ်တည်နိုင်မှာဖြစ်ပါကြောင်း...
**အောင်မြင်မှုရရှိရန်အတွက် ခက်ခက်ခဲခဲကြိုးစားကြရသလို အောင်မြင်မှုနဲ့အတူရည်ရှည်ရပ်တည်နိုင်ရေးအတွက် မိမိ၏ကြိုးစားမှု လေ့လာမှု စိတ်ဓါတ်အရည်အသွေးတွေဟာ ပို၍ပင်လိုအပ်ပါကြောင်း...ဗဟုသုတအဖြစ် မှတ်သားရရှိစေပါသည်။
ဒါကြောင့် ဒီလို အရည်အချင်းပြည့်စုံစွာနဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ကောင်းမွန်တဲ့ အတုယူလေးစားစရာကောင်းသော မြန်မာပြည်ဖွား 2-Division World Champion အောင်လအန်ဆန်ဟာ ဒီပွဲစဉ်မှာလည်း ဘယ်လိုရဿတွေပေးအုံးမလဲဆိုတာ စိတ်ဝင်စားလှပါ၍ ဂုဏ်ယူစွာဖြင့် ပြန်လည်ရေးသားမျှဝေလိုက်ပါသည်။
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211