...! (-)
...! ( -)
...! (-)
အားလုံးပဲ မင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ...
ချစ်သူမြိုင် အပန်းဖြေဥယျာဉ်တွင် စိတ်တိုင်းကျလည်ပတ်ကြပြီးနောက် ဘားအံမြို့ရှိ အမျိုးအိမ်တစ်အိမ်တွင် ညအိပ်ရပ်နားခဲ့ကြပါသည်။
မနက်မိုးလင်းသောအခါ ဘားအံမြို့အတွက်လည်ပတ်ရန်ကျန်နေသေးသော ရွှေယဉ်မျှော်ဘုရားအား သွားရောက်ဖူးမျှော်ခဲ့ကြပါသည်။
ဘားအံမြို့အတွက် လည်ပတ်စရာ အထင်ကရ နေရာများစုံလင်လှပြီဖြစ်၍ မော်လမြိုင်..ကျိုက်ခမီဘုရား..စက်စဲကမ်းခြေသို့ ခရီးဆက်ခဲ့ကြပါသည်။
မော်လမြိုင်ရောက်သောအခါ မော်လမြိုင်မှ တောင်ပေါ်တန်းဘုရားများအား အဆင်သင့်သလို အပြန်တွင်ဖူးမည့်အစီအစဉ်ဖြစ်သောကြောင့် မုဒုံမြို့အနီး နာမည်ကြီးသော ဝင်းစိန်တောရဘုရားကိုသာ ဝင်ရောက်ဖူးမျှော်ကြပြီး နေ့လည်စာ ထမင်းစားရပ်နားကြပါသည်။
ထို့နောက် ခရီးဆက်လက်ထွက်ခွာခဲ့ရာ ကျိုက်ခမီဘုရားသို့ နေ့လည်နှစ်နာရီခန့်တွင် ရောက်ရှိခဲ့ကြပါသည်။ကျိုက်ခမီဘုရားတွင် ထူးခြားချက်က အထက်ပစ္စယံသို့ ယောင်္ကျားလေးများသာ တက်ရောက်ဖူးမျှော်နိုင်ခြင်းဖြစ်ပါသည်။မိန်းကလေးများအတွက်လည်း အောက်ပစ္စယံသီးသန့်ထားရှိ ပေးထားပါသည်။ရာသီဥတု အရမ်းပူသော်လည်း ပင်လယ်ပြင်မှတိုက်ခတ်လာသော လေအေးလေးများကြောင့် ဘုရားဖူးသူအပေါင်း အေးမြပြီး စိတ်အေးချမ်းစွာ ဖူးမျှော်ကုသိုလ်ပြုလုပ်နိုင်ကြပါသည်။ထို့အပြင် ငါးကြီးများအား ငါးစာကျွေးခြင်းကုသိုလ်ဒါနတစ်မျိုးကိုလည်း ထပ်မံလှူဒါန်းကုသိုလ်ပြုလုပ်နိုင်ပါသေးသည်။
ထို့နောက် ကျွန်တော်တို့အဖွဲ့သည် အမှတ်တရ မွန်အင်္ကျီ..လုံချည်များ.. ငါးခြောက်များစသည်ဖြင့် ဝယ်ယူခဲ့ကြပါသည်။
ပုံမှန်အားဖြင့် ခရီးစဉ်အား ကျိုက်ခမီဘုရားတွင် ညအိပ်ရပ်နားပြီး မိုးလင်းမှသာ စက်စဲကမ်းခြေသွားမည်ဟု စီစဉ်ထားသော်လည်း ကားမောင်းသမားများမှ မိမိတို့ရန်ကုန်အပြန်ခရီးအတွက် နေခင်းဘက်အရမ်းပူသောကြောင့် ကားမမောင်းချင်ပါ၍ ကျိုက်ခမီတွင် ညမအိပ်တော့ဘဲ စက်စဲကမ်းခြေသို့ ဆက်လက်သွားရောက်ကြပြီး ညဘက်ကားမောင်းပြန်ရန် အစီအစဉ်ပြောင်းလိုက်ကြပါသည်။
စက်စဲကမ်းခြေအရောက်တွင် အချိန်ကောင်းဖြစ်နေ၍ ပင်လယ်ရေအရမ်းငံသော်လည်း ရေကမအေးဘဲ နွေးနွေးလေးဖြစ်ပြီး ပြန်မတက်ချင်လောက်အောင် ရေဆော့/ရေစိမ်၍ကောင်းခဲ့ပါသည်။ထို့ကြောင့် ကျွန်တော်တို့အဖွဲ့သားအားလုံး အားရပါးရ ပျော်ရွှင်စွာ ရေဆော့ကစားခြင်း..အမှတ်တရဓါတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ကမ်းခြေဖြစ်သောကြောင့် လေတဖြူးဖြူးနဲ့ ဘီယာသောက်အရမ်းကောင်း၍ ယောင်္ကျားလေးများအားလုံး ဘီယာသောက်ကြခြင်း..ရေကစားခြင်းများဖြင့် ပျော်ရွှင်ခဲ့ကြပါသည်။
မိမိတို့အားလုံး စက်စဲကမ်းခြေတွင် ညနေ(4:00)နာရီခန့်မှစ၍ ရေဆော့ကစားခဲ့ကြပြီး ညဘက်(10:00)နာရီထိုးခါနီးအချိန်တွင် စက်စဲကမ်းခြေမှ ပြန်လည်ထွက်ခွာခဲ့ကြပါသည်။
နေအပူရှိန်ပြင်းပြင်းတွင် လည်ပတ်နေရသောကြောင့် ကားသမားမှာ နေ့ခင်းဘက်မမောင်းနိုင်တော့ဘဲ ညအချိန်ကိုရွေးချယ်ပေးခဲ့ရခြင်း ဖြစ်ပါသည်။
ညဘက် ဖြစ်၍ မော်လမြိုင်ဘုရားများလည်းမဖူးဖြစ်တော့ဘဲ သထုံ..ရွှေစာရံဘုရားကိုပင် ညဥ့်နက်နေ၍ ကားပေါ်မှပင် ဖူးခဲ့ရပါသည်။
အပြန်လမ်းတွင် အရမ်းပင်ပန်းနေကြသဖြင့် ကားပေါ်၌အားလုံးလိုလို အိပ်ပျော်နေကြပြီး ကားမောင်းတဲ့သူနှင့် ကျွန်တော်သာလျှင် မအိပ်ဘဲ ရန်ကုန်အထိမောင်းနှင်ခဲ့ရပါတော့သည်။
ကျွန်တော်တို့ မိသားစုဆွေမျိုးများ၏ 2018--2019 ဘားအံ..မော်လမြိုင်..ကျိုက်ခမီ..စက်စဲ အပန်းဖြေခရီးစဉ်လေးသည် ပျော်ရွှင်စရာကောင်းပြီး အမှတ်တရများစွာ ဗဟုသုတများစွာနှင့် မမေ့နိုင်သောရွှေခရီးစဉ်လေးပဲ ဖြစ်ပါကြောင်း မှတ်တမ်းတင် ရေးသားမျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
All photos credited by