အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ယနေ့ခေတ်တွင် ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ တိုးတက်ပြောင်းလဲမှုတွေများစွာ ဖြစ်ပေါ်လျက်ရှိသည်။ထိုကဲ့သိုပြောင်းလဲလာတဲ့အတွက် လူသားအားလုံးသည် မိမိတို့၏ နေထိုင်မှု..စားသောက်မှု..ပြောဆိုဆက်ဆံမှု စသည်ဖြင့် နယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်လာသဖြင့် မိမိတို့၏ စီးပွားရေး..လူမှုရေး.. မိသားစုကိစ္စရပ်များမှာလည်း ပိုမိုများပြားလာတာ တွေ့မြင်နေကြရမှာပါ။
Crd-org-source
လူတွေအားလုံးဟာ လူ့ပတ်ဝန်းကျင်ရှိ အသိ အမြင် ဗဟုသုတ တွေအပေါ်မူတည်ပြီး လူနေမှုဘဝကို ပုံဖော်ပြောင်းလဲလာကြတဲ့အတွက် ဒီပြောင်းလဲမှုနဲ့အညီ သဟဇာတဖြစ်စေရန် လိုက်၍ပြောင်းလဲခြင်းဖြင့် လုပ်ဆောင်မှုများ ပိုမိုများပြားလာကြခြင်းဖြစ်ပါသည်။
ဒါကြောင့် လုပ်ဆောင်စရာတွေ များပြားလာတဲ့ လောကကြီးထဲမှာ လူတွေအားလုံးဟာ အလုပ်တွေပိုမိုလုပ်ဆောင်ကြရသဖြင့် ပိုမိုပင်ပန်းလာကြပါမယ်။အလုပ်တွေ ပင်ပန်းလာတဲ့အခါ စိတ်တွေလည်းပင်ပန်းလာမယ်။စိတ်တွေပင်ပန်းလာရင်တော့ စိတ်ဖိစီးမှုတွေ ဖြစ်လာပါမယ်။စိတ်ဖိစီးမှုများလာရင်တော့ လုပ်ငန်းကိစ္စရပ်များ ဆောင်ရွက်တဲ့အခါ မိမိတွင်ရှိသင့်သော တည်ငြိမ်ခြင်း.. ယုံကြည်မှုရှိခြင်း..မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်း စသောလိုအပ်သည့် အရည်အချင်းများလျော့နည်းသွားမည်ဖြစ်ပါသည်။ထိုအရည်အချင်းများပါရှိမှသာ အောင်မြင်ပျော်ရွှင်သောဘဝကို ရရှိနိုင်မှာဖြစ်ပါသောကြောင့် စိတ်ဖိစီးမှုများ မဖြစ်ကြစေရန် အထူးဂရုပြုကြရမည်ဖြစ်သည်။ဒီလိုအခြေအနေမျိုးတွေသည် ယခုအချိန်မှစ၍ နောင်အနာဂတ်တွင် ပို၍ ပို၍များပြားလာမည်ဖြစ်ပါသောကြောင့် သတိထားနိုင်ကြစေရန် ပုံဖော်ရေးသားလိုက်ရပါသည်။
(၁)အချိန် နဲ့ အလုပ်ကိုအစီအမံထားပါ...!
Crd-org-source
ဒီလို အချိန် နဲ့အလုပ်ကို အစီအမံလေး ပြောမယ်ဆိုတော့ ကျွန်တော်တို့ရဲ့ သွေးသောက်အစ်ကိုကြီး ကိုမဟော် ရေးခဲ့တဲ့ post လေးကိုသွားသတိရမိတယ်။post ရဲ့ခေါင်းစဉ်လေးကတော့ "မထွက်ခွာစေချင်" ဆိုတဲ့ အမည်လေးပါပဲ။ဒီ post ထဲမှာ သူရေးပြထားတာလေးအရမ်းကောင်းပါတယ်။သူဟာ မနက်အစော (၄)နာရီထိုးလောက်ကနေ အိပ်ယာထပြီး တရားထိုင်..ထမင်းအိုးတည်.. ဈေးဆိုင်အတွက်ဈေးသွား.. ကလေးတွေကျောင်းပို့..မနက်(8)နာရီ အလုပ် သွားစသည်ဖြင့် တစ်နေကုန် အလုပ်တွေအားလုံးကို အချိန်လေးတွေနဲ့ ဘယ်အချိန် ဘာလုပ်တယ်ဆိုပြီး စနစ်တကျ အစီအမံ ပြုလုပ်ထားတာ လေးစား မှတ်သားစရာကောင်းပါတယ်။အချိန် နဲ့အလုပ်ကို စီမံထားတာ အံဝင်ခွင်ကျ ရှိလှပါတယ်။
ဒီလိုမျိုး စီမံထားတဲ့အတွက် မိမိတို့မှာ ပုံမှန်ထက်ပို၍လုပ်ဆောင်ရမည့်ကိစ္စရပ်များ တိုးလာပါက မိမိပုံမှန်အလုပ်ချိန်ဇယားထဲမှ မည်သည့်အချိန်တွင် လုပ်ဆောင်နိုင်မည်ကို အလွယ်တကူ သိရှိနိုင်မည်ဖြစ်သည်။ဒါကြောင့် မိမိတို့အတွက် လုပ်ဆေင်စရာကိစ္စရပ်များပိုမိုများပြားလာသော်လည်း အချိန် နဲ့အလိုက် စီမံထားတဲ့အတွက် မည်သည့်အချိန်များအား ထုတ်နုတ်လုပ်ဆောင်နိုင်မည်ကို အလွယ်တကူ သိရှိနိုင်သဖြင့် စိတ်သက်သာရာရပြီး စိတ်ပင်ပန်းမှု.. လူပင်ပန်းမှုများအတွက် လျော့ချပြီးသားဖြစ်သွားပါပြီ။စိတ်ပင်ပန်းမှုမရှိတဲ့အတွက် မိမိလုပ်ဆောင်သောကိစ္စရပ်တွေကို စနစ်တကျ အားပြည့်အင်ပြည့် တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် အချိန် နဲ့ အလုပ်တွေကို စနစ်တကျ အစီအမံ ထားရှိဆောင်ရွက်ရမည်လို့ ဦးစွာ တိုက်တွန်းပေးခဲ့ပါရစေ။
(၂)အရေးကြီးတာ နဲ့ အရေးမကြီးတာ ခွဲခြားစီမံတတ်ပါစေ...!
Crd-org-source
ဒီလိုအလုပ်တွေများလာတဲ့အခါ စိတ်ပင်ပန်းမှု စိတ်ဖိစီးမှုတွေ ရရှိလာနိုင်တဲ့အတွက် ဒီစိတ်ဖိစီးမှုတွေကို လျော့ချနိုင်ရန် မိမိတို့ဟာ အရေးကြီတာနဲ့ အရေးမကြီးတာကို ခွဲခြားစီမံလုပ်ဆောင်ကြရမည်ဖြစ်သည်။ကိစ္စရပ်များအားလုံးကို မခွဲခြားပဲလုပ်ဆောင်ပါက အရေးကြီးတာရော အရေးမကြီးတာရော အားလုံးရောထွေးပြီး စိတ်ဖိစီးမှု အရမ်းများကာ လုပ်ဆောင်ရာတွင်လည်း ထင်သလောက် မထိရောက်နိုင်တော့ပါ။ဒါကြောင့် ဒီလိုခွဲခြားခြင်းမျိုးကိုလည်း မဖြစ်မနေ လုပ်ဆောင်ရပါမည်။ဒီလို အရေးကြီးတာ နဲ့ အရေးမကြီးတာကို ခွဲခြားတဲ့အခါ မိမိတို့မှ အတွေးထဲကနေ ခွဲခြားခြင်းမျိုးမဟုတ်ပဲ လက်တွေ့ကျသော နည်းဖြင့် ဆောင်ရွက်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါသည်။
Crd-org-source
လက်တွေ့ကျသောနည်းလေးကတော့ မိမိလုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စအားလုံး (၁)(၂)(၃)(၄) စသည်ဖြင့်တစ်ခုချင်း ချရေးပါ။နောက်ပြီး အရေးကြီးတာ နဲ့ အရေးမကြီးတာ အုပ်စုနှစ်ခုခွဲပြီး နံပါတ်(၁) အရေးကြီးရင် အရေးကြီးတဲ့အုပ်စုထဲ ထည့်ပါ။နံပါတ်(၂) နံပါတ်(၃)စသည်ဖြင့် အရေးကြီးရင်ကြီးသလို ထည့်ပြီး အုပ်စုခွဲလိုက်ပါ။ပြီးသွားရင်တော့ အရေးကြီးတဲ့ အုပ်စုထဲကမှ အရေးအကြီးဆုံး ပထမဦးစားပေးကို အရင်ရွေးချယ်ပြီး အဆင့်အလိုက် ခွဲခြားလိုက်ပါက သိသာထင်ရှားပြီး ဦးနှောက်ထဲမှ ရောထွေးနေသော အခြေအနေကို စတင်စီမံဖြေရှင်းလိုက်နိုင်ပါပြီ။ပြီးသွားပါက အရေးအကြီးဆုံး ပထမဦးစားပေးကိစ္စမှ စတင်ပြီး တစ်ခုချင်းစီ စနစ်တကျ ဂရုစိုက်စွာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ဒီလိုဆောင်ရွက်တဲ့အခါ မိမိဆောင်ရွက်ပြီးစီးသွားသော ကိစ္စရပ်တစ်ခုကို နောက်ထပ်ဆောင်ရွက်နေသော အခြားကိစ္စရပ်များနှင့် ရောထွေးမှုမရှိစေပဲ ခေါင်းထဲမှ ထုတ်ပြီး စိတ်ဖိစီးမှုမဖြစ်စေရန် စနစ်တကျ သတိထားဆောင်ရွက်ရမည်။ဒီလို အခြေအနေမျိုးမှသာ မိမိဆောင်ရွက်တဲ့ကိစ္စအတွက် ပိုမိုထိရောက်ပြီး ပိုမိုကောင်းမွန် အောင်မြင်မှာဖြစ်ပါတယ်။
အားလုံးရောထွေးပြီး စိတ်ရှုပ်ထွေးကာ စိတ်ဖိစီးမှုများဖြင့်ဆောင်ရွက်ပါက ရလဒ်ပိုင်း စကားပြောသွားမှာပဲဖြစ်ပါတယ်။
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိတို့ဆောင်ရွက်ရမည့် ကိစ္စရပ်များအားလုံးကို ဖော်ပြပါ အစီအမံများဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း...
ဒီလို အစီအမံများဖြင့် ထားရှိဆောင်ရွက်မှသာလျှင် စိတ်ဖိစီးမှု လျော့နည်းသွားပြီး ကိစ္စရပ်များကို ပိုမိုတိုးတက်အောင်မြင်အောင် လုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း...
အောင်မြင်တိုးတက်သောဘဝ ရရှိရန်အတွက် လိုအပ်သောအချက်အလက်များဖြစ်ပါကြောင်း... စိတ်ကူးပုံဖော်ရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211