ဒီအတောအတွင်း အလုပ်ကလည်းများ steem ဈေးကလည်းကျ ဆိုတော့ steem account လေးတောင် ဖွင့်ရတာအားနာလာပြီ။တစ်ခါဖွင့်လိုက် ရထားတဲ့ ($) ဒေါ်လာလေးတွေကြည့်လိုက်.,နောက်တစ်ခါထပ်ကြည့်... ဒေါ်လာတွေထပ်လျော့နေပြန်ရော။မျက်လုံးတောင် မှားနေသလားနှစ်ခါပြန်ကြည့်ရတယ်။မမှားဘူး ဈေးကိုက ကျနေတာဗျာ။
Crd-org-source
ဘယ်လိုပဲဖြစ်ဖြစ် ဇွဲကိုတော့ မလျှော့ပါ။ဘယ် coil ပဲဖြစ်ဖြစ် market ဈေးဆိုတာ ဒီလိုပဲ ကျလိုက်တက်လိုက်ဖြစ်နေမှာပဲလေ။အခုကျနေပေမယ့် ကျပြီးရင်တက်မှာပဲလေ။ဒါသဘာဝဖြစ်စဉ်တွေပါ။ဒါကိုကြည့်ပြီး စိတ်ထဲထားနေလို့ကတော့ ဒီခေတ်ကြီးထဲမှာ နောက်ကျကျန်ခဲ့ဖို့များနေပါပြီ။ပစ္စုပ္ပန်အချိန်ကို တန်ဖိုးရှိအောင်အသုံးချရမယ်ဆိုတာ မေ့မသွားပါနဲ့။လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် မိမိဘာလုပ်ရမယ်ဆိုတာကို စဉ်းစားဆုံးဖြတ်ပြီး မိမိလုပ်ရမည်ကိုသာ လက်တွေ့လုပ်ကိုင်ဆောင်ရွက်ရမှာပါ။ဒါမှသာ မိမိလိုချင်သော...မိမိဖြစ်ချင်သော လိုအင်ဆန္ဒတွေ ပိုမိုပြည့်စုံသော အနာဂတ်ကိုရရှိကြမှာဖြစ်ပါတယ်။ဒီလိုမှ မဆုံးဖြတ်ပဲ လက်ရှိအချိန်ကို ကောင်းကောင်းအသုံးမချနိုင်ခဲ့ပါက မိမိလိုချင်သော ပန်းတိုင်သည် ဝေးကွာနေအုံးမှာပဲဖြစ်ပါကြောင်း...မိမိလုပ်ရမည်ကိုသာ ယုံကြည်ချက်ရှိရှိဖြင့် လုက်ဆောင်နေရမှာဖြစ်ကြောင်း... နောက်ဆုံးဇွဲကောင်းသောသူတွေသာ အောင်မြင်သောသူတွေဖြစ်လာမှာဖြစ်ပါကြောင်း အတွေးလေးဖြစ်ပေါ် ဝေမျှရေးသားလိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်...
MSC-211
***အခုတင်နေဆဲအချိန်မှာလည်း မိမိအလုပ်များလျက်ပါ။