အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ကျွန်တော်တို့ လူသားအားလုံးဟာ လောကကြီးထဲမှာ နေ့စဉ်နဲ့အမျှ မိမိတို့၏ စား ဝတ် နေရေးအတွက် ကြိုးစားဆောင်ရွက်လုပ်ကိုင်ကြရင်း ဘဝကို ရှင်သန်နေကြရတာပါ။
Crd-org-source
မိမိတို့၏ဘဝတိုးတက်အောင်မြင်ရန်အတွက် အလုပ်ကိစ္စများသော်လည်းကောင်း လူမှုရေးကိစ္စများသော်လည်းကောင်း များပြားလှသောကိစ္စရပ်တွေကို ကြိုးစားဆောင်ရွက်ရင်း ရှေ့ဆက်လျှောက်လှမ်းကြရမှာပါ။ဒီလိုဆောင်ရွက်တဲ့အခါ ကျွန်တော်တို့အားလုံးဟာ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံခြင်း ပေါင်းစပ်လုပ်ကိုင်ခြင်း ညှိုနှိုင်းဆောင်ရွက်ခြင်း စသောအချက်တွေကို မဖြစ်မနေ ပြုလုပ်ဆောင်ရွက်ပြီး မိမိတို့၏အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်ကြရမှာပါ။လူ့လောကကြီးထဲမှာ တစ်ဦး တစ်ယောက်တည်းရပ်တည်၍မရပဲ လူအများနဲ့ပေါင်းသင်းဆက်ဆံလုပ်ကိုင်ကြရမည်မှာ ငြင်းဆို၍မရသောအချက်တစ်ချက်ပါ။
ဒါကြောင့် တစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံတဲ့အခါမှာ အခြေခံအကျဆုံးအချက်တစ်ချက်ဖြစ်တဲ့ "အချင်းချင်း လေးစားမှုရှိပါ" ဆိုတဲ့အချက်လေးဟာ အရေးပါလှပါတယ်။
Crd-org-source
မိမိတို့ဟာ တစ်ဦးနဲ့တစ်ဦး လေးလေးစားစားနဲ့ ပေါင်းသင်းဆက်ဆံ လုပ်ကိုင်ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။တစ်ဦးနဲ့တစ်ဦး လေးစားမှုမရှိပါက ယုံကြည်မှုမရှိနိုင်တော့ပါ။ယုံကြည်မှုမရှိသော ဆက်ဆံရေးဟာ လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်အောင်လုပ်ကိုင်နိုင်ဖို့ အခွင့်အလမ်းနည်းပါးပြီး အပျက်ဘက်ကို ရောက်စေနိုင်သော အချက်တစ်ချက်ဖြစ်နေပါသည်။သို့အတွက်ကြောင့် အသက်အရွယ် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ လူအချင်းချင်း လေးစားမှုရှိကြရမှာပါ။
ဒီခေါင်းစဉ်လေးအတွက် ပုံစံနှစ်မျိုးဖြင့် ရေသားတိုက်တွန်းချင်ပါတယ်ခင်ဗျာ။
(၁)တစ်ဦးနဲ့တစ်ဦး စကားပြောဆိုဆက်ဆံခြင်း---!
Crd-org-source
တစ်ဦးနဲ့တစ်ဦး စကားပြောဆိုရာတွင် ဂရုတစိုက် လေးလေးစားစားပြောဆိုဆက်ဆံရပါမယ်။တစ်ဦးက ပြောနေသောစကားကို ကျန်တစ်ဦးက ပြောနေသူ၏မျက်နှာ..မျက်လုံး စသည်တို့ကိုကြည့်ပြီး စိတ်ဝင်တစား သေသေချာချာ ဂရုတစိုက်နားထောင်နေရပါမယ်။ဒီလိုမှမဟုတ်ပဲ ပြောတဲ့သူကသာ ပြောနေတာ နားထောင်တဲ့သူကတော့ ပြောနေသူကိုလည်းမကြည့်ဘူး တစ်ခြားအတွေးရောက်နေတာတို့.. တစ်ခြားအာရုံရောက်နေသောပုံစံတို့သည် ပြောနေသောသူအား မလေးစားရာရောက်နေပါတယ်။နောက်တစ်ချက်က တစ်ဦးစကားပြောတာမဆုံးခင် ကြားဖြတ်ပြီး ကိုယ်ပြောချင်တဲ့ဆန္ဒကို ရှေ့တန်းတင်ကာ ပြောနေသူ၏စကားအဆုံးလိုရင်းကို မတိကျသေးခင်ပြန်ပြောတာတွေဟာ မလေးစားသောအမူအကျင့်တွေပဲ ဖြစ်ပါတယ်။ဒါလေးတွေဟာ တစ်ဦးနဲ့တစ်ဦး စကာပြောဆိုဆက်ဆံတဲ့အခါ အရေးကြီးပြီး သတိထားရမဲ့ အချက်လေးတွေပါ။ဒီလို စကားပြောနေတဲ့သူရဲ့ စကားဆိုလိုရင်းကို အဆုံးထိတိတိကျကျ မသိသေးပဲ ကြားဖြတ်ဝင်ပြောလိုက်ခြင်းဟာ မလေးစားရာရောက်သလို အဓိပ္ပါယ်တွေလည်း အများကြီးကွဲပြားသွားနိုင်ပါတယ်။သူတစ်ပါးမှ သေချာစွာ ပြောပြနေသောစကားဟန်ချက်ကောင်းနေသောအချိန်တွင် မိမိဘက်မှ ကြားဖြတ်ပြောဆိုလိုက်ပါက မိမိပြောတဲ့စကားသည်လည်း လေးနက် မှန်ကန်နေရင်တောင်မှ မိမိ၏မလေးစားတဲ့အပြုအမူအပြောအဆိုကြောင့် မိမိစကားအပေါ် လေးစားမှုနည်းသွားပြီး တန်ဖိုးလျော့နည်းသွားစေနိုင်ပါသည်။မိမိရဲ့မလေးစားမှုကြောင့် သူတစ်ပါးဆီက ပြန်ရနိုင်သော ရလဒ်ကိုပြောချင်တာပါ။ဒါကြောင့် မိမိကိုယ်တိုင်ကစပြီး လေးလေးစားစား ပြောဆိုဆက်ဆံမှသာ ပိုမိုပြည့်စုံသော လေးစားခြင်းတွေပြန်လည်ရရှိပြီး မိမိတို့ဖြစ်ချင်သော လုပ်ငန်းများ ကိစ္စရပ်များဟာ တိုးတက်အောင်မြင်မှုတွေရလာကြမှာပါ။
(၂)အသင်းအဖွဲ့..အဖွဲ့အစည်း စသော လူအများနှင့်ပြောဆိုဆက်ဆံခြင်း---!
Crd-org-source
အသင်းအဖွဲ့ တစ်ခုနှင့်တစ်ခု (သို့)အဖွဲ့အစည်း အတွင်း လူအများနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါ မိမိတို့ဟာ ပိုပြီးသတိထားပြောဆိုဆက်ဆံကြရမှာပါ။
လက်ရှိ ကျွန်တော်တို့ steemit လမ်းကြောင်းပေါ်က အဖွဲ့ဝင်တွေအားလုံးဟာ ဒါမျိုးလေးတွေကို သတိထားလုပ်ဆောင်ရင်း ရှေ့ဆက်ကြရမှာပါ။
**ဥပမာပြောရရင်ဖြင့်---
ကျွန်တော်တို့က MSC အဖွဲ့အစည်း၏ G-2 အဖွဲ့ဖြစ်ပါသည်။G-2 အဖွဲ့မှာ စကားများပြောဆိုနိုင်ရန်အတွက် messanger group လေးလုပ်ပေးထားပါတယ်။မိမိလည်းဝင်ပြောနိုင်သလို အခြားသူများမှလည်းဝင်ရေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစုသဖွယ် အားလုံးစည်းစည်းလုံးလုံး နဲ့ ရင်းနှီးစွာ ပြောဆိုဆက်ဆံကြပါတယ်။အရမ်းကောင်းပါတဲ့အချက်ပါ။Group leader မှလည်း လိုအပ်သည်များ အကုန်ပြောပြပြီး စီစဉ်ပေးထားပါတယ်။
တစ်ခုပြောချင်တာက ကျွန်တော်တို့ Group leader က အစည်းအဝေးလုပ်တာတို့..MSC New Chat Group မှ အစည်းအဝေးလုပ်တာတို့အတွက်ပါ။ဒီလိုအစည်းအဝေးလုပ်တဲ့အချိန်မှာတော့ သက်ဆိုင်တဲ့ လူကြီးတွေ.. leader တွေ စကားပြောတဲ့အခါ ပြောတဲ့စကားမဆုံးခင် ကြားဖြတ်ဝင်ပြောတာတို့..တောင်းဆိုတာတို့ စတဲ့ အရာလေးတွေဟာ ကျွန်တော်အပေါ်မှာ ပြောခဲ့သလို မိမိက စိတ်ထဲမှာ မရည်ရွယ်ပေမဲ့ မိမိပြောဆိုမှုဟာ မလေးစားမိသလိုဖြစ်သွားနိုင်ပါသည်။ပြောဆိုနေသောသူ၏စကားပြီးဆုံးသွားသောအခါ မိမိတို့ပြောချင်တာတွေ ပြောခွင့်ရမှာပါ။ပြောဖို့အချိန်လည်းပေးမှာပါ။ဒီလိုအချိန်မှာ ပြောဆို ခြင်းဖြင့် မိမိ၏စကားဟာ ပိုပြီးထိရောက်ပြီး တစ်ဦးနဲ့တစ်ဦး လေးစားရာရောက်ပါတယ်။ပိုမိုအောင်မြင်ဖို့အတွက် မိမိ၏စကားဟာ အဓိပ္ပါယ်ရှိတဲ့ တန်ဖိုးရှိတဲ့စကားဖြစ်သွားမှာပါ။
အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပြောဆိုတတ်မှသာ လေးစားမှုပိုရပြီး သူတစ်ပါးနားထဲကို ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်အတိအကျရောက်ရှိစေမှာဖြစ်ပါတယ်။
Crd-org-source
**နောက်ထပ် ဥပမာလေးတစ်ခုကိုလည်း ပုံဖော်ရေးသားပြီး ထပ်ပြောခဲ့ပါရစေ။
အဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်တစ်ဦးဟာ အသက်လည်းကြီးပြီး အရမ်းတော်ပါတယ်။ဝါရင့်ပညာရှင်တစ်ယောက်ပါ။သူရဲ့နယ်ပယ်မှာ ဆရာတစ်ဆူပဲလို့ပြောရမှာပါ။သူက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ လူအများတွေနဲ့စကားပြောဆိုတဲ့အခါမှာ သူဟာ ပညာရှင်ဖြစ်သော်လည်း သူ၏လက်အောက် တပည့်သားများအား အရမ်းတော်ပါကြောင်း..အားထားရပါကြောင်း..လေးစားရပါကြောင်း ပြောဆိုလေ့ရှိပါတယ်။ဒီအခါမှာ ဒီစကားကို နားထောင်ကြတဲ့ သူနဲ့ level တူ ဝါရင့်ပညာရှင်များက ဒီပညာရှင်ဟာ သူ၏တပည့်လေးတွေကို ဒီလိုမျိုးချီးကျူးလေးစားနိုင်တဲ့ ပုဂ္ဂိုလ်ပါလား။သူ့အောက်ကတပည့်လေးတွေကို အထင်မသေးပဲ လေးစားနိုင်တဲ့ သူပါလားဆိုပြီး အရင်ဆုံး သူရဲ့ဂုဏ်ကိုတက်လာစေပါတယ်။ထပ်ပြီးချီးကျူးခံရတော့တာပေါ့။
ဒါ့အပြင် သူ့တပည့်လေးတွေက လုပ်ငန်းနယ်ပယ်ထဲက အသိအကျွမ်းများမှတစ်ဆင့် ပြန်ကြားတဲ့အခါ ငါတို့ဆရာက ငါ့တို့တွေကို လေးလေးစားစားရှိတယ်ကွ ငါတို့က သူ့ကိုပိုပြီးလေးစားသင့်တယ်။ငါတို့ရှေ့လျှောက် အလုပ်တွေကိုပိုပြီးကြိုးစားရမယ်။ပိုရိုးသားပြီးလုပ်ကိုင်နေထိုင်ကြရမယ်။ကယ်..တပည့်တွေရဲ့စိတ်ထဲမှာလည်း ဒီလို တွေ ဖြစ်သွားကြတာပေါ့။သူပြောလိုက်တဲ့စကားလေးဟာ ပြောလိုက်တဲ့သူ့အတွက်ရော သိသွားတဲ့တပည့်တွေအတွက်ရော နှစ်ဦးနှစ်ဘက် အကျိုးရှိပြီး လုပ်ငန်းတွေပိုမိုတိုးတက်ကာ အောင်မြင်မှုတွေရရှိနိုင်မယ့် အချက်အလက်ကောင်း အခြေအနေကောင်းတွေ ဖြစ်သွားပါတော့သည်။
Crd-org-source
ဒါကြောင့် ကျွန်တော်တို့အားလုံးသည်လည်း လောကကြီးထဲမှာ တစ်ဦးနဲ့တစ်ဦးလေးလေးစားစား နဲ့ကြိုးစားဆောင်ရွက်ကြရင်ဖြင့် အောင်မြင်သောအနာဂတ်ကို ရရှိပိုင်ဆိုင်ကြရမှာဖြစ်ပါကြောင်း..မဖြစ်မနေလိုက်နာကျင့်သုံးမည်ဖြစ်ပါကြောင်း လေးစားစွာ ရေးသားတင်ပြလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211