ဒီနေ့တော့ တူမလေးမင်္ဂလာဆောင်ဧည့်ခံပွဲ အတွက် မနက်အစောထဲကပင် မင်္ဂလာ ခန်းမဆီသွားကြည့်ပြီး အဆင်သင့်အနေအထား ပုံစံကို ကြည့်ရှုခဲ့ပါသည်။
အားလုံး အစီအစဉ်များဆွဲပြီး စနစ်တကျ ပြုလုပ်ထားသော်လည်း အဆင်ပြေချောမွေ့စေရန် ပို၍ ဂရုစိုက်ရပါသည်။ မနက် 7:00 လောက် သတို့သား သတို့သမီး မင်္ဂလာမောင်နှံရောက်လာပြီး ခန်းမထိပ်ဗီဒီယိုရိုက်ခြင်း... ခန်းမအဝင် လျှောက်လမ်းမှတဆင့် မင်္ဂလာ stage စင်ပေါ်သို့သွားရန် ဗီဒီယိုရိုက်ခြင်းများဆောင်ရွက်ရာ တွင် မင်္ဂလာမောင်နှံရှေ့မှ မင်္ဂလာပန်းဖလား.. ပန်းကြဲရန် ပန်းဖလားနောက်ကြပြီး ရောက်မလာ၍စောင့်နေရသေး၏။လမ်းတွင်ကားပိတ်နေဟုသိရ၏။
(10)မိနစ်ခန့်နောက်ကျပြီးရောက်လာပါသည်။ပန်းဖလားရောက်လာပြီး လိုအပ်သော ဗီဒီယိုရိုက်ခြင်းများ တစ်ဆင့်စီအဆင့်လိုက်လုပ်ဆောင်သွားခဲ့ကြပါသည်။ ဧည့်သည်များရောက်လာကြ၍ ဆက်လက်ဧည့်ခံရင်း အားလုံး ဗီဒီယိုတွေရိုက်ကြ ဓါတ်ပုံတွေ ရိုက်ကြနှင့် ပျော်ရွှင်စွာ အစီအစဉ်တကျ အမှတ်တရများစွာပြုလုပ် ဆောင်ရွက်ခဲ့ကြပါသည်။
နေလည့် (1)နာရီခန့်တွင် ပျော်ရွှင်စွာအားလုံးပြီးစီးသွားပါသည်။အခုတော့ အစားအသောက်ကြိုက်တဲ့သူ..အစားစားကြ... ဘီယာ အရက်ကြိုက်သူ..ဘီယာသောက်ကြနှင့် မိသားစု ပျော်ရွှင်စွာ ပြောကြဆိုကြ နောက်ပြောင်နေကြသောအချိန်လေးပဲဖြစ်ပါကြောင်း...အားလုံး အေးချမ်းပျော်ရွှင်နေပါကြောင်း မိသားစု ကိစ္စလေး အပျော်ကူးဆက်စေရန်မျှဝေလိုက်ရပါသည်ခင်ဗျာ...
မြန်မာစတီးမစ်မိသားစုများ ကျန်းမာ ချမ်းသာ ပျော်ရွှင်သော ဘဝများပိုင်ဆိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
photos by my phone