အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ပြောကြားရင်း..
မနေ့ညဘက်က ရန်ကုန်မှာမိုးတွေရွာမလိုနဲ့ လျှပ်စီးတွေလက်.. မိုးတွေခြိမ်းပြီးခဏကြာတော့ လေတွေတိုက်လာတာ လေတအားကြမ်းသွားတယ်။
Crd-org-source
လေလည်းကြမ်းရော လျှပ်စစ်မီး ပြတ်ပီပေါ့။တို့မြန်မာပြည် လျပ်စစ်မီးက ဒီလိုပါပဲလား။ဒီလိုလေတိုက်လို့မှ မီးမပြတ်ရင် သိပ္ပံပညာရှင်များရဲ့ formula တွေ အကုန်လွဲကုန်မှာပေါ့။ဒါပေမယ် ဟောကိန်းထုတ်ထားတာလေး ကြားဖူးသလိုပဲ လေပြင်းတိုက်လို့မှ မီးမပြတ်ရင် ဘုရားပွင်မှာပေါ့တဲ့။အဲဒီအချိန်ဆိုရင်တော့ လျပ်စစ်မီး မပြတ်ဘူးဆိုတဲ့သဘောနဲ့တူတယ်။အော် ကျွန်တော်ကတော့ သတိရတာလေးတစ်ခုရှိတယ်။ကျွန်တော်တို့ဆီက လျှပ်စစ်မီးကြိုးတွေက များသောအားဖြင့် သစ်ပင်တွေနဲ့နီးကပ်လွန်းပြီး တစ်ချို့နေရာတွေဆို လိုင်းကြိုးအောက်တွေမှာသစ်ပင်တွေကြီးပဲလေ။အဲဒီလိုဆိုတော့ ပုံမှန်လေထက် ပိုကြမ်းလိုက်တာနဲ့ line fault ဖြစ်ပြီး မီးပြတ်တော့တာပဲ။
Crd-org-source
အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ line မှာတပ်ဆင်ထားတဲ့ safety breaker ဒါမှမဟုတ် earth fault breaker တွေကောင်းလို့ ဒီလို မီး အော်တို (auto-cut)ဖြတ်ပေးပြီးမီးပြတ်တာလေ။ဒီလိုမှမဟုတ်ရင် မီးဘယ်ပြတ်တော့မလဲ။သူက အန္တရာယ်ကိုကြိုတင်ကာကွယ်ပေးထားတာလေ ဘယ်လောက်ကောင်းသလဲ... စဉ်းစားကြည့်ပေါ့။ဒီလိုမျိုးလေတိုက်တာနဲ့မီးမပြတ်စေချင်ရင်တော့ တစ်နိုင်ငံလုံး အခုနောက်ပိုင်းမှာ လိုက်လံတပ်ဆင်နေသော plastic cover ပါတဲ့ power လိုင်းကြိုးတွေအားလုံး လဲလှယ်ပြီးသွားတဲ့အခါ လေတိုက်လည်း မီးမပြတ်နိုင်တော့ပါကြောင်း.. အဲဒီအချိန်လေးအားစိတ်ကူးယဉ်ပြီး မျှော်လင့်မိပါကြောင်း အတွေးလေးဖြစ်ခဲ့ရပါတော့သည်။
မြန်မာ့စတီးမစ်မိစားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
MSC-211