ကျွန်တော်တို့အားလုံးဟာ နေ့စဉ်နဲ့အမျှ မိမိတို့ရဲ့ စားဝတ်နေရေးအတွက် အလုပ်တာဝန်များကို ကြိုးစားလုပ်ကိုင်နေကြရပါတယ်။
Crd-org-source
ဤကဲ့သို့ ကြိုးစားလုပ်ကိုင်ရင်း တစ်ချို့သောသူတွေဆို အချိန်တွေမအားလောက်အောင်ကို လုပ်ငန်းဆောင်တာတွေများလွန်းတာတွေရှိကြပါတယ်။မနက်အစောထဲက သွား ညမိုးချုပ်မှသာလျှင်အိမ်ပြန်ရောက်ပြီး နေ့တိုင်းနီးပါး မိမိတို့၏လုပ်ငန်းတွေအပေါ်မူတည်ပြီး အလုပ်များနှင့်သာ အချိန်တွေကုန်လွန်နေရပါတယ်။ထိုအခြေအနေတွေမှာ မိမိမှလုပ်ငန်းတာဝန်တွေကို ပိုမိုတိုးတက်အောင် အချိန်ပြည့်ကြံဆောင်နေတဲ့အတွက် တစ်ဘက်မှာ အားနည်းသွားတတ်သည်ကို သတိမထားမိဖြစ်နေတတ်ပါသည်။မိမိ၏ လုပ်ငန်းတွေအပေါ် စိတ်ရောကိုယ်ရောနှစ်ပြီး လုပ်တတ်တဲ့ စိတ်အမူအကျင့် အလေ့အထတွေကလည်း သက်ဆိုင်နေနိုင်ပါသေးသည်။ငါအလုပ်လုပ်ရင်း မအားတာပဲ သူတို့သိမှာပါလို့ သဘောမထားပဲ မိသားစုအပေါ် နားလည်မူရယူကာ မိမိဘက်မှလည်း အချိန်ခွဲပေးနိုင်ရန် အစီအစဉ်သတ်မှတ်ပြီး ကြိုးစားလုပ်ဆောင်ရပါမည်။
နောက်တစ်ခုက သင်ဟာ ဝန်ထမ်းတစ်ဦးဖြစ်ပါက သင် ဒီနေ့အလုပ်ထွက်လိုက်တာနဲ့ သင့်အလုပ်ရှင်သူဌေးက နောက်တစ်နေ့တွင် သင့်နေရာ၌အခြားသူတစ်ဦး အစားထိုးလိုက်မှာပါ။ဒါပေမယ့် သင့်ရဲ့မိသားစုကတော့ သင်မည်သို့ပင်ဖြစ်စေကာမူ နွေးထွေးစွာကြိုဆိုအားပေးနေမြဲပါ။ဒါကြောင့် ကျွန်တော်တို့တွေအားလုံးဟာ မည်သို့ပင်မအားမလပ်ဖြစ်နေပါစေ မိမိ၏မိသားစုအတွက် အချိန်ပေးပြီး ပျော်ရွှင်အေးချမ်းသောမိသားစုဘဝလေး ဖန်တီးနေကြရမည်ဖြစ်ပါသည်။
Crd-org-source
သို့ဖြစ်ပါ၍ ဘယ်လိုအခြေအနေမျိုးပဲဖြစ်နေပါစေ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးပိုင်ဆိုင်ကြဖို့ သတိလေးထားပြီး မဖြစ်မနေ မိသားစု အတွက် အချိန်လေးတွေခွဲပေးကြပါလို့ ပဲ အကြံပြုရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
MSC-211