Crd-org-source
ဒီနေ့တော့ ဘင်္ဂလားပင်အောင်မှာဖြစ်နေတဲ့မုန်တိုင်းဟာ တဖြည်းဖြည်းနဲ့ အနီရောင်အဆင့်ထိရောက်ရှိပြီး သတိပေးချက်ထုတ်ပြန်တဲ့ အနေအထားဖြစ်သွားပါပြီ။အဓိက ပြောချင်တာက ကျွန်တော်တို့ ရန်ကုန် ရွှေပြည်သာမြို့ရဲ့အဖြစ်အပျက်လေးတွေ ပြောပြချင်လို့ပါ။ 29.5.18 ရက် မနက် (3:00) ခန့်တွင် လေဆင်နှာမောင်းတိုက်သွား၍ နေအိမ်များ ပြိုကျခြင်း သစ်ပင်များလဲခြင်းတို့ဖြစ်ပေါ်ခဲ့ပါသည်။
Crd-org-source
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ လေဆင်နှာမောင်းဒဏ်ကြောင့် ပျက်စီးသွားသော အခြေအနေများအား ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး လိုအပ်သည်များမှာကြားသွားပါသည်။
ပြီးနောက် မနက် (10:00) ခန့်တွင် မိုးများရွာ၍လေပြင်းများတိုက်ခတ်ရာ မိမိတို့ အနီးအနားမှ သစ်ပင်များလဲခြင်း တို့ဖြစ်၍လေတိုက်နှုန်း တစ်နာရီ (60) မိုင်လောက် ရှိမည်ဟုထင်ရပါသည်။ ထို့အပြင် မိုးရွာခြင်း လေတိုက်ခြင်းများမှာလည်း အခုစာရေးနေတဲ့ ညနေ(16:30)PMအချိန်အထိ ဆက်လက် ဖြစ်နေတုန်းပဲရှိပါသေးတယ်။မိမိတို့ အလုပ်မှာလည်း ပုံမှန်ထက် အလုပ်စောလွှတ်လိုက်ပါသည်။လမ်းတွေပိတ်ပြီး အလုပ်သမားများ သွားရေးလာရေး ခက်ခဲနိုင်ပါသဖြင့် အလုပ်စောလွှတ်ခြင်းဖြစ်ပါသည်။ထိုသို့ ဖြစ်နေပါ၍ EPC-လျပ်စစ်မီးကတော့ ပြောစရာပင်မလိုတော့ပါ။
Crd-org-source
ယခုအချိန်တွင် မိမိတို့ ရန်ကုန် ရွှေပြည်သာမြို့နယ်တွင် မုန်တိုင်း၏ဒဏ်အား ကောင်းကောင်းခံစားနေရပါကြောင်း ပြန်လည်တင်ပြ ရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211