အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ် promotion အတွက် တင်ဖို့ရေးထားတဲ့ စာကြမ်းလေးတစ်ပုဒ်ရှိသော်လည်း Myanmar Idol သီချင်းဆိုပြိုင်ပွဲက ပူပူနွေးနွေးလေး ဖြစ်နေတာဆိုတော့ ဒါလေးကိုပဲ အရင်ရေးတင်မယ်လို့ စိတ်ဆုံးဖြတ်ပြီး ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ ရဿလေးတွေကို ပြန်လည်ချပြခဲ့ခြင်းဖြစ်ပါတယ်။
နောက်ပြီး လူတော်တော်များများရဲ့ ပါးစပ်ဖျားမှာလည်း ရေပန်းစားပြီး popular ဖြစ်နေတဲ့အချိန် စိတ်ဝင်တစားရှိနေတဲ့အချိန် ဒီအကြောင်းနဲ့ပတ်သတ်တာလေး ရေးတာ ပိုသင့်တော်ပြီး အကျိုးရှိစေတယ်လို့ ထင်မိတာကြောင့်ဖြစ်ပါတယ်။
Crd-org-source
အမှန်တကယ် ကျွန်တော်က Myanmar Idol ကို စိတ်ဝင်စားမှု အားနည်းပါတယ်။ကြုံရင်ကြည့်တဲ့ သဘောလောက်သာရှိပါတယ်။ဒါပေမဲ့ Final ပွဲစဉ်မတိုင်မီ Final မှာ Winner ဘယ်သူဖြစ်မလဲ..ဘယ်အခြေအနေတွေနဲ့ ဖြတ်သန်းကြမလဲ..စသည်ဖြင့် စိတ်ဝင်စားစရာ ဖြစ်နေကြရတာပေါ့။
ပြိုင်ပွဲ မတိုင်ခင် ရက်တွေမှာ သတင်းတွေကလည်း မျိုးစုံကြားနေရတာပါပဲ။Facebook ပေါ်မှာလည်းသတင်းမျိုးစုံ ရပ်ကွက်ထဲမှာလည်း စုံနေအောင် ကြားနေရတယ်ဆိုပါတော့ဗျာ။
ဒီနေရာမှာ ဖြိုးမြတ်အောင်အတွက် ထွက်လာတဲ့ သတင်းတွေဆို အားလုံးအတွက် သတိထားဆင်ခြင်စရာ သိပ်ကောင်းပါတယ်။ဧရာဝတီတိုင်းသားဆိုတော့ ဧရာဝတီတိုင်းက vote အားလုံးပေးကြတယ်ပေါ့...။Max Myanmar ကုမ္ပဏီဝန်ထမ်းအားလုံး ဖြိုးမြတ်အောင်ကို vote ပေးရမယ်လို့ ပြောထားတယ် စသည်ဖြင့် စကားမျိုးစုံ ပုံစံမျိုးစုံ ကြားနေရတဲ့အထိဖြစ်လာတာပေါ့။ဒါပေမဲ့ စဉ်းစားကြည့်ပါ
ဘာပဲဖြစ်ဖြစ် ကိစ္စရပ်တစ်ခုအတွက် အတ္တဆန်လွန်းသော.. အဆင့်နိမ့်ကျသောအတွေးအခေါ် .. အချင်းချင်းညီညွတ်မှုပျက်ပြားစေခြင်းကဲ့သို့ လုပ်ရပ် အပြောအဆိုဟာ ကိုယ့်ရဲ့ သိက္ခာအဆင့်အတန်းကို ဖော်ပြနေသလို ဒီလိုအခြေအနေမျိုးတွေဟာ တိုးတက်အောင်မြင်အောင်ဆောင်ရွက်နေတဲ့ လူ့အဖွဲ့အစည်းမှာ မရှိသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။
Crd-org-source
ဒီလိုနဲ့ Final ပြိုင်ပွဲယှဉ်ပြိုင်မဲ့အချိန်ရောက်လာပြီး ယှဉ်ပြိုင်ရမည့် ပြိုင်ဘက် ချမ်းမြေ့မောင်ချို ကျန်းမာရေးမကောင်းတဲ့အတွက် လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိပါ။ထို့ကြောင့် Final ပြိုင်ပွဲတိုင်း၏ ပေးစွမ်းလေ့ရှိသော စိတ်လှုပ်ရှားရင်ခုန်ရသော ရဿမျိုး မပေးစွမ်းနိုင်တော့ပါ။ဒီလိုအခြေအနေကို ပြိုင်ပွဲမစခင်ကတည်းက အသံထွက်နေသလို တစ်ကယ်ပြိုင်ပွဲစတဲ့အချိန်မှာလည်း ယှဉ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် ပြိုင်ပွဲ၏ရဿပျောက်ဆုံးနေသလို ဖြစ်ခဲ့ရပါသည်။ဒါပေမဲ့ ပွဲကို ဆက်လက်ကျင်းပနေပြီး ညီမလေး မောင်ချိုလာနိုင်မလားဆိုတဲ့ မျှော်လင့်နေတဲ့ ခံစားမှုလေးတော့ ပွဲကြည့်ပရိသတ်အားလုံး ဖြစ်နေကြမှာပါ။
Crd-org-source
ဒီလိုအခြေအနေမှာ ကျွန်တော်က ကျွန်တော့ရဲ့အကျင့်အတိုင်း အခြေအနေတွေကို သုံးသပ်လေ့ရှိသူဆိုတော့ စိတ်ထဲတွင် အတွေးများဖြစ်ပေါ်နေပါသည်။
ဒီလိုနဲ့ပြိုင်ပွဲအစီအစဉ်အတိုင်းကျင်းပနေရင်း မောင်ချိုဆေးရုံကလာနေပြီဖြစ်ကြောင်း သိလိုက်ရပါသည်။သူမသည် ပြိုင်ပွဲသို့လာရောက်ပြီး round-3 တွင် သီချင်းတစ်ပုဒ်သီဆိုပြီး သူ့ရဲ့စိတ်ထဲမှာရှိတဲ့ သူလုပ်ချင်တဲ့အကြောင်းအရာလေးတွေကို ပြောရင်း လက်ရှိသူဖြစ်နေတဲ့အခြေအနေမှာ သူ့ဘက်မှ ပရိသတ်များအားလုံးအတွက် လုပ်ပြသွားတဲ့ သူရဲ့ စေတနာကို ပထမဦးဆုံးမြင်တွေ့ရမှာပါ။ကျန်းမာရေးမကောင်းသောကြောင့် ပြိုင်ပွဲ၏ပွဲစဉ်အစမှအဆုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသော်လည်း မိမိဘက်မှ လုပ်ပြနိုင်သလောက်အထိ အတတ်နိုင်ဆုံး အကောင်းဆုံးအထိ လုပ်ပြသွားနိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ရုတ်တရက် ကျန်းမာရေးမကောင်းဖြစ်တယ်ဆိုတာဟာ လည်း ဖြစ်တတ်တဲ့သဘောတရားပဲဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ မိမိဖြစ်လာတဲ့အခြေအနေအပေါ်မူတည်ပြီး အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့ သူမ၏စိတ်ဓါတ်နှင့် ယုံကြည်မှုစွမ်းအားတွေကို လေးစားအတုယူကြရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ သူ့လို အခြေအနေမျိုးတွေ ဖြစ်လာတဲ့အခါ မိမိတို့ဆောင်ရွက်နေသောကိစ္စအတွက် အဆုံးထိတိုင်အောင် မိမိအတတ်နိုင်ဆုံး လုပ်နိုင်တဲ့ ပမာဏအထိ အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့အချက်ကို မှတ်သားစရာတွေ့ရှိခဲ့ရပါတယ်။
ဒီပွဲစဉ်လေးကို အားပေးရင်း ကိုယ်တွေးထားတဲ့အတိုင်း လာရောက်ဖျော်ဖြေပေးနိုင်ခဲ့သော ညီမလေးမောင်ချိုအတွက် ကျေနပ်ပီတိဖြစ်ပြီး လေးစားနေမိပါတယ်။
Crd-org-source
ဧရာဝတီတိုင်းသားလေး ဖြိုးမြတ်အောင်ကတော့ သီချင်းဆိုလည်းကောင်းပြီး Winner ဆုနဲ့ထိုက်တန်တဲ့ ဂုဏ်ယူစရာကောင်းတဲ့ သူပဲဖြစ်တယ်လို့ ပြောခဲ့ပါရစေ။
ဒါကြောင့် နောက်ဆုံးအနေနဲ့ ဒီ Myanmar Idol Season - 3 ရဲ့ Final ပွဲလေးဟာ အရင်နှစ်Final ပွဲများနှင့် ရဿချင်းမတူပဲ "ဂုဏ်ယူ ချီးကျူးစရာကောင်းသော Winner ဆုပိုင်ရှင် ဖြိုးမြတ်အောင်" အတွက် ခံစားမှုရဿတစ်မျိုး နှင့် "လေးစားချီးကျူးစရာကောင်းအောင် ရဿပေးနိုင်ခဲ့သော First Runner Up ဆုပိုင်ရှင် ချမ်းမြေ့မောင်ချိုညီမလေး"ပဲဖြစ်ပါကြောင်း တစ်ဦးချင်းစီအတွက် ဖြစ်ပေါ်ရသော ခံစားမှု ရဿလေးများကို ဖော်ထုတ်ရေးသား မျှဝေလိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211