ကျွန်တော်တို့ရွှေမြန်မာပြည်၏ ချစ်စရာကောင်းသော ရိုးရာသင်္ကြန်ဟာ မနက်ဖြန်မှစတင်၍ အကြို..အကျ..အကြတ်..အတက် ဟူ၍(၄)ရက်တာပျော်ရွှင်စွာ ရေပက်ဖျန်းကစားကြတော့မည်ဖြစ်ပါသည်။ရှေးယခင်ကတည်းကပင် ကျွန်တော်တို့မြန်မာပြည်သူုပြည်သားတွေဟာ နွေရာသီရဲ့ပူပြင်းလွန်းတဲ့ အပူဒဏ်ကို အအေးဓါတ်နှင့်အေးချမ်းကြစေရန် တစ်ဦးနှင့်တစ်ဦး ရေများပက်ဖျန်း၍ အေးချမ်းသန့်ရှင်းသော အတိတ်နိမိတ်ကိုဖော်ဆောင်ခြင်းဖြင့် နှစ်သစ်ကိုကြိုဆို ကူပြောင်းလာခဲ့ကြသည်။
ထိုသို့ အေးချမ်းပျော်ရွှင်စရာကောင်းသော နှစ်သစ်သင်္ကြန်ကို လက်ဆင့်ကမ်းလာခဲ့သည်မှာ ယနေ့တိုင် ဆယ့်နှစ်လရာသီပွဲတော်များအနက် နှစ်သက်ပျော်ရွှင်စရာ အကောင်းဆုံးပွဲတော်တစ်ခုအဖြစ် ထင်ရှားကျော်ကြားလျက်ရှိပေသည်။
သင်္ကြန်တွင်းအချိန်အခါတွင် မြန်မာတို့သည် တစ်ဦးနဲ့တစ်ဦး ရေပက်ဖျန်းကစားကြရုံတင်မကပဲ ရဟန်းခံ ရှင်ပြု အလှူမင်္ဂလာပွဲများ...ဥပုသ် သီလစောင့်တည်ခြင်းများ...တရားပတ်စခန်းဝင်ခြင်းများ...ရေကစားရင်းအများသူငှာစားသောက်နိုင်ရန် စားသောက်ဖွယ်အလှူများဖြင့် ဒါနကုသိုလ်..သီလကုသိုလ် များကိုလည်း တတ်နိုင်သမျှ ပြုလုပ်ကုသိုလ်ယူကြသည်ကို တွေ့မြင်ကြရပေအုံးမည်။
ဤကဲ့သို့ တစ်ဦးနဲ့တစ်ဦး အေးချမ်းစေရန် ရေပက်ဖျန်း၍အတိတ်နိမိတ်ယူခြင်းအပြင် ကောင်းမှုကုသိုလ်များကိုပါ တစ်ပါတည်း ရရှိအောင်ဆောင်ရွက်ကြသော မြန်မာပြည်သူပြည်သားများအားလုံးမနက်ဖြန်မှစတင်၍ကျရောက်သော ရိုးရာနှစ်သစ်သင်္ကြန်အား တစ်ဦးနှင့်တစ်ဦး မေတ္တာထား၍အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေကြောင်းနှင့် ကျန်းမာ ချမ်းသာ၍ဆန္ဒနဲ့ဘဝထပ်တူကျသော နှစ်သစ်ဖြစ်ကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
မြန်မာစတီးမစ်မိသားစုအားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ အောင်မြင်သောနှစ်သစ်လေးရရှိပိုင်ဆိုင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211
photos credited facebook