အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ အိမ်တစ်အိမ်အတွက် လျှပ်စစ်မီးများသုံးစွဲရာတွင် တပ်ဆင်ထားသောလျှပ်စစ်ပစ္စည်းများအား ရှိသင့်ရှိထိုက်တဲ့ စံနှုန်းလေးတွေနဲ့ သုံးစွဲနိုင်ကြစေရန် ကျွန်တော်သိသလောက် ပြန်လည်မျှဝေရေးသားလိုက်ပါတယ်။
Crd-org-source
ကျွန်တော်တို့အားလုံးဟာ လျှပ်စစ်ပစ္စည်းများအား အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန်အတွက် မိမိတို့၏အိမ်တွင် လျှပ်စစ်မီးကြိုးများစတင်သွယ်တန်းတပ်ဆင်သောအချိန်ကပင် ဂရုတစိုက်နဲ့ အမှန်တကယ်တတ်ကျွမ်းနားလည်သော လျှပ်စစ်အင်ဂျင်နီယာများဖြင့်သာ ပြုလုပ်ဆောင်ရွက်ရပါမည်။ထိုသို့မဟုတ်ပဲ လက်သင့်ရာ စွဲခေါ်၍လျှပ်စစ် Wiring သွယ်တန်းမည်ဆိုပါက အဆင်ပြေနိုင်သော်လည်း သတိကြီးစွာထားရပေမည်။လျှပ်စစ်ရဲ့သဘောအရ လျှပ်စစ်မှာ sorry ဆိုတာမရှိပါ။ဒါကတော့ လျှပ်စစ်လုပ်တဲ့ လျှပ်စစ်သမားတိုင်းသိကြမှာပါ။လျှပ်စစ်မှာ လျှပ်စစ်လုပ်နေတဲ့အချိန်အတောအတွင်း ဘယ်အရာဘယ်လောက်အရေးကြီးကြီး safety first ပါ။safety first အတွက် အရင်စဉ်းစားပြီးမှ လုပ်ရပါတယ်။ဒါကြောင့် ဒီလို စနစ်တကျ instruction တွေ... specification တွေနဲ့ သေချာတွက်ချက်ပြီး တပ်ဆင်ဆောင်ရွက်အသုံးပြုကြရမှာပါ။ကျွန်တော်တို့တွေအားလုံးဟာ ဒီလျှပ်စစ်အသုံးပြုမှုကို တစ်နေ့တည်း တစ်လတည်းအသုံးပြုသောကိစ္စရပ်ကဲ့သို့ ပေါ့ပေါ့တန်တန်ထားရမည့် အရာမဟုတ်ပါ။မိမိအသက်ရှင်နေသ၍ အသုံးပြုနေကြမှာဖြစ်တဲ့အတွက် ရေရှည်အတွက် မဖြစ်မနေထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ဒီလိုအချက်လေးတွေကြောင့် အိမ်တစ်အိမ်တွင် လျှပ်စစ်မီးကြိုးများသွယ်တန်းတပ်ဆင်မည်ဆိုပါက အိမ်ပိုင်ရှင်မိမိ၏ဆုံးဖြတ်ချက်နှင့် မိမိ၏ဗဟုသုတအတွေ့အကြုံပေါ်တွင်လည်း များစွာမူတည်နေပေသည်။သို့ဖြစ်ပါ၍ မိမိတို့အိမ်အတွက် လျှပ်စစ်မီးကြိုးများ သွယ်တန်းတပ်ဆင်မည်ဆိုပါက သိထားသင့်သော အချက်များအား ဗဟုသုတရစေရန် ပြန်လည်မျှဝေရေးသားလိုက်ပါတယ်။
Crd-org-source
**အိမ်အမျိုးအစား(1) -----
လျှပ်စစ်ပစ္စည်းအသင့်အတင့်သုံးစွဲသောအိမ်အတွက် လျှပ်စစ်ပိုင်းအရရှိသင့်ရှိထိုက်ရမည့် ပမာဏများမှာ...
(1)Main Breaker - (32A(or)40A )...!
အိမ်အဝင် မိန်းဘရေကာ ကို (32 Ampere) သုံးဆယ့်နှစ်အင်ပီယာ အနည်းဆုံးထားရှိအသုံးပြုရမည်ဖြစ်ပါသည်။
(2)Main Wire...!
မိန်းဘရေကာအထွက် အိမ်ထဲပင်မမီးကြိုးအတွက် 4 SQmm ဝါယာကြိုးဆိုဒ်ကို အသုံးပြုရပေမည်။
(3)Other Wire (or) Sub Wire
အခြားဝါယာကြိုးများမှာ...!
(a)ဧည့်ခန်းအတွက် --- 2.5 SQmm ဝါယာကြိုး
(b)မီးဖိုချောင်ခန်းအတွက် --- 2.5 SQmm ဝါယာကြိုး
(c)အိပ်ခန်း ပလပ်ပေါက်ဆော့ကတ်နှင့် အခြားပလပ်ပေါက်များအတွက် --- 2.5 SQmm ဝါယာကြိုး
(d)lighting မီးချောင်း...! မီးလုံးများအတွက် --- 1.5 SQmm ဝါယာကြိုး စသည်ဖြင့် standard ပြည့်မီသော ပစ္စည်းများအား သတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း စနစ်တကျ တပ်ဆင်အသုံးပြုရပေမည်။
မိမိရေးပြထားသော ပစ္စည်းများ၏အရည်အသွေးတန်ဖိုးများကို Breaker အတွက်ဆိုရင်လည်း Breaker ပေါ်တွင် အလွယ်တကူဖတ်နိုင်သလို မီးကြိုးဆိုရင်လည်း မီးကြိုးပေါ်တွင် စားသားအသားတံဆိပ်ဖြင့် တန်ဖိုးများ ဖော်ပြပါရှိပါ၍အလွယ်တကူ ကြည့်ရှုနိုင်ပါသည်။
Crd-org-source
**အိမ်အမျိုးအစား (2)-----
Air-con..ရေခဲသေတ္တာ..အဝတ်လျှော်စက်.. water heater..water cooler..air cooler..ရေစုပ်စက်ပန့်မော်တာ...ပန်ကာ စသည်ဖြင့် ပစ္စည်းစုံလင်စွာ အသုံးပြုမည့်အိမ်အတွက် အသုံးပြုရမည့် လျှပ်စစ်ပစ္စည်းများ၏ပမာဏများမှာ...
(1)Main Breaker (40A(or)60A)...!
အိမ်အဝင်မိန်း breaker အား ပစ္စည်း load အပေါ်မူတည်ပြီး(40A)လေးဆယ်အင်ပီယာ(သို့) (60A)ခြောက်ဆယ်အင်ပီယာအထိ အသုံးပြုရပေမည်။
(2)Main Wire...!
မိန်းအထွက်ကြိုးကိုလည်း မိမိသွယ်တန်းတဲ့ပုံစံပေါ်မူတည်ပြီး 6 SQmm(or)4 SQmm ဝါယာကြိုး ဖြင့်အသုံးပြုရပေမည်။
(3)Other Wire (or) Sub Wire အခြားဝါယာကြိုးများအတွက်...!
(a)ဧည့်ခန်းအတွက် --- 4 SQmmဝါယာကြိုး (air-con ပါ တပ်ဆင်အသုံးပြုနိုင်ရန်)
(b)မီးဖိုချောင်ခန်းအတွက် --- 4 SQmm ဝါယာကြိုး (hot plate -2nos;ထမင်းပေါင်းအိုး ;အဝတ်လျှော်စက်များတပ်ဆင်အသုံးပြုနိုင်ရန်)
(c)အိပ်ခန်းအတွက် --- 4 SQmm ဝါယာကြိုး ( air-con ပါတပ်ဆင်အသုံးပြုနိုင်ရန်)
(d)ရေပန့်မော်တာအတွက် --- 1hp တစ်ကောင်ပန့် တစ်လုံးလောက်အထိ 2.5 SQmm ဝါယာကြိုးကို သုံးနိုင်သော်လည်း ပန့်မော်တာ နှစ်လုံး သုံးလုံး တပ်ဆင်ထားပါက 4 SQmm ဝါယာကြိုးကို အသုံးပြုသင့်ပါသည်။
(e)lighting မီးချောင်းမီးလုံးများအတွက် မီးလုံး watt များပေါ်မူတည်ပြီး 1.5 SQmm နှင့် 2.5 SQmm ဝါယာတို့ကို အဆင်ပြေသလိုအသုံးပြုနိုင်ပါသည်။
air -con ပါဝါလိုင်းများအတွက် 4 SQmm ဝါယာကြိုးကိုသာသွယ်တန်းတပ်ဆင်မည်ဖြစ်ပြီး 220 power ပလပ်ပေါက်ဆော့ကတ်များကိုလည်း (20A) combine အထိုင်များ (20A) ပလပ်ခေါင်းများကိုသာ အသုံးပြုရပေလိမ့်မည်။အောက်ပါ ပလပ်ပေါက်ပုံတွင် 10A×250~ သည် တစ်ဆယ်အင်ပီယာဖြစ်၍ air-conအတွက် အသုံးပြု၍မရပါ။
Crd-org-source
ထိုသို့ စနစ်တကျ စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ဆောင်ရွက်ထားခြင်းဖြင့် လျှပ်စစ်ကြောင့် ဖြစ်ပေါ်လာတတ်သော ဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ထားပြီးသားဖြစ်နေပါလိမ့်မည်။သို့မှသာ မိမိတို့အားလုံး အန္တရာယ်ကင်းပြီး စိတ်အေးချမ်းသာစွာ နေထိုင်ကြရမည်ဖြစ်ပါသည်။ဓါတ်တိုင်ပါဝါလိုင်းမှ အိမ်သို့ပို့လွှတ်သော sevice power လိုင်းကြိုးအား EPC လျှပ်စစ်ရုံးမှ တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါ၍ ၎င်းကြိုးပမာဏကိုတော့ တွက်ချက်ဖော်ပြခြင်းမပြုတော့ပါ။
**နောက်ပြီး အရေးအကြီးဆုံး တစ်ခုအားထပ်ပြီး ပြောခဲ့ပါရစေ။အထက်ပါ ပြောပြခဲ့သော အိမ်အမျိုးအစားအလိုက် မှန်ကန်စွာ တပ်ဆင်သွယ်တန်းပြီးသော်လည်း
safety ပိုင်းအရ လူကို ဓါတ်လိုက်ပါက လူသေဆုံးသည်အထိ ဖြစ်နိုင်ပါသေးသည်။ထိုအတွက်ကြောင့် အထက်ပါအိမ်အမျိုးအစားနှစ်ခုလုံးအတွက် ဒီလို ဓါတ်လိုက်သည့်အန္တရာယ်များဖြစ်ပေါ်လာပါကလူသေဆုံးသည်အထိ မဖြစ်ကြစေရန်အတွက် Main Breaker အနီးတွင် ထပ်မံ၍ ELCB (or) RCCB (or)RCD Breaker လေးအားတပ်ဆင်အသုံးပြုရမည်ဖြစ်ပါသည်။ဒီနေရာမှာ ဒီလို breaker တွေအလုပ်လုပ်ပုံနဲ့ လူမသေအောင် ဘယ်လိုကာကွယ်ပေးတာလဲဆိုတာ လေးထပ်ပြောချင်ပါသေးတယ်။ ကျွန်တော်တို့လူတွေအားလုံးရဲ့ နှလုံးဟာ လျပ်စစ် current (50mA )ဖြတ်စီး ပါက နှလုံးရပ်ပြီး သေဆုံးကြရပါသည်။ထို့ကြောင့် မိမိတို့ ဓါတ်လိုက်တဲ့အခါ ခန္တာကိုယ်ထဲသို့ လျပ်စစ် current ဖြတ်စီးသွားပြီး ဒီ (50mA)ငါးဆယ်မီလီအင်ပီယာမှာ နှလုံးရပ်ပြီးသေးဆုံးရခြင်းဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော်တို့ ယခု safety အရ ထပ်မံတပ်ဆင်အသုံးပြုမည့် safety breaker ELCB (or) RCCB (or) RCD လုပ်ဆောင်ချက်မှာ လူတစ်ဦး ဓါတ်လိုက်ခံရပါက ပစ္စည်းထဲတွင် လျှပ်စစ် current (30mA)သုံးဆယ် မီလီအင်ပီယာ သာ အမှားခံနိုင်မည်ဖြစ်သဖြင့် ဒီထက်ကျော်လွန်သောအမှားလျှပ်စစ် current ရှိလာပါက safety breaker မှာ အော်တို ဖြတ်ချပြီး breaker OFF ဖြစ်သွားပါမည်။ဤကဲ့သို့ လုပ်ဆောင်ပြီးကျွန်တော်တို့အားလုံးအတွက် အန္တရာယ်ကင်းစေအောင် ကာကွယ်ပေးမှာဖြစ်ပါတယ်။ တပ်ဆင်သောအခါ safety breaker အားမှန်ကန်စွာတပ်ဆင် အသုံးပြုနိုင်ရန်သာလိုအပ်ပါသည်။
Crd-org-source
ထို့ကြောင့် ဤကဲ့သို့သော safety breaker များပါ တပ်ဆင်အသုံးပြုပါက မည်ကဲ့သို့သော အိမ်မျိုးတွင်ဖြစ်ပါစေ လျှပ်စစ်အန္တရာယ်အတွက် စိတ်တိုင်းကျသော... စိတ်ချရသောအိမ်တစ်အိမ်ဖြစ်ပြီ ဖြစ်ပါကြောင်း...လျှပ်စစ်အန္တရာယ်အတွက် မဖြစ်မနေ ထားရှိသုံးစွဲနိုင်ကြစေရန်အလို့ငှာ တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211