အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
**လွန်ခဲ့သော (၆)လလောက်တုန်းက ကျွန်တော့်ညီ၏မိန်းမ.. ခယ်မလေးရဲ့ဖြစ်ပုံလေးတစ်ခုပြောခဲ့ပါရစေ။
Crd-org-source
ကျွန်တော်တို့မိသားစု ပဲခူးကမိဘတွေဆီပြန်တော့ သူတို့လင်မယားနဲ့တွေ့တယ်ပေါ့ဗျာ။သူတို့နဲ့တွေ့တော့ သူတို့တွေ ငွေအရေးတကြီးလိုအပ်နေလို့ ငွေသိန်းသုံးဆယ်လောက်ချေးပါပေါ့။
ဒါနဲ့ကျွန်တော်က--- ဟဲ့...နင်တို့ဘာလုပ်မှာလဲ။ဘာစီးပွားရေးလုပ်ဖို့လဲ။စီးပွားရေး လုပ်မယ်ဆိုရင်တော့ ကိုယ်လည်း ဒါမျိုး အားပေးပြီး ချေးဖို့စဉ်းစားမယ်။တစ်ကယ်လုပ်သင့်တဲ့ စီးပွားရေးဆိုရင် ကိုယ်တောင် စိတ်ဝင်တစားလေ့လာမယ်ပေါ့။အဲဒီလိုပြောမှပဲ မဟုတ်ဘူးဗျာ သူတို့ ဖုန်းထဲက ရှမ်းကိုးမီးဂိမ်းကို wave money နဲ့ ပိုက်ဆံထည့်ပြီးကစားတာ ရှုံးသွားလို့တဲ့.. အဲဒါအခုသူများဆီက ချေးထားတာ ကြွေးပူဖြစ်နေလို့ပါတဲ့။
Crd-org-source
မလေးရှားက နင့်အစ်မတွေဆီကပို့နေတဲ့ပိုက်ဆံရောဆိုတော့ အဲဒါလည်း ကုန်ပြီတဲ့။မလေးရှားကနေ အစ်မတွေက ယုံကြည်လို့ ပိုက်ဆံပို့ပြီး ဆုခိုင်းထားတဲ့ပိုက်ဆံတွေလည်းကုန်တဲ့အပြင် သိန်းသုံးဆယ်လောက် အရေးတကြီးထပ်လိုတာပါတဲ့။
ကိုယ်က အဲဒီဖုန်းထဲက game တွေကို တစ်ကယ်ပိုက်ဆံနဲ့ အဲဒီလောက်အထိကုန်အောင် ဆော့ ကြမယ်မထင်ခဲ့မိတာအမှန်ပါ။ဝါသနာပါလွန်းလို့ ဆော့ရင်တောင် လေးငါးသိန်းလောက်ပေါ့အခုဟာက စုစုပေါင်းသိန်းတစ်ရာကျော် နှစ်ရာလောက်ကုန်တော့မှပဲ သိရတော့တယ်။အော်..ဖြစ်မှဖြစ်ရတယ်ခယ်မရယ် နင်တို့ အဲဒီလောက်မှ အသိညဏ်မရှိဘူးလား ။game ဆိုတာက electronic program တွေနဲ့ဖန်တီးထုတ်လုပ်ထားတာလေ။သူတို့ဘက်က အနိုင်ပဲ နောက်ဆုံးလုပ်သွားမှာပေါ့။အဲဒီတော့ အရှည်ကြီးပြောနေလည်း ဘာမှထူးမှာမဟုတ်ပါဘူး အဲဒီလို ပိုက်ဆံနဲ့ဂိမ်းလုံးဝမကစားတော့ဘူးဆိုရင် နင်တို့ပြောတဲ့ပိုက်ဆံချေးမယ်။ကတိမပေးနိုင်ဘူးဆိုရင်တော့ မချေးဘူးဆိုပြီးပြောလိုက်ရပါတော့သည်။အခုတော့ ခယ်မလေး အဲဒီဂိမ်းလုံးဝမကစားတော့ပါခင်ဗျာ...။
**နောက်တစ်ဦးကတော့ ကျွန်တော်နဲ့ ဆွေမျိုးတော်တဲ့ ဦးလေးတစ်ယောက်အကြောင်းပါ။သူကတော့ သစ်အရောင်းအဝယ်လုပ်ပြီး သစ်ဆိုင်လည်းဖွင့်ထားပါတယ်။သစ်အရောင်းအဝယ်ဆိုတော့ စီးပွားကလည်း ကောင်းတယ်လို့ပြောလို့ရပါတယ်။တစ်နေ့တော့ သူတို့မိသားစုကံကောင်းချက်က သုံးလုံးချဲ သုံးသောင်းဖိုးလောက်ပေါက်ပါလေရော။အဲဒီခေတ်က ဇိမ်ခံကားတောင် (၅)သိန်း (၁၀)သိန်းပေးရင်ရတဲ့ခေတ်ပါ။စီးပွားကလည်းကောင်းတော့ တိုက်အိမ်ကောင်းကောင်းနဲ့ ကားတွေနဲ့ ချမ်းချမ်းသာသာနေနိုင်သွားတာပေါ့။
Crd-org-source
အဲဒီလိုအချိန်မှာပဲ ချမ်းသာတဲ့ဒဏ်မခံနိုင်တာလားမသိဘူး ဘာမျှမစဉ်းစားပဲ ချဲတွေ အရမ်းထိုးပြီး ဒိုင်ကိုင်တဲ့ အဆင့်ထိ စိတ်တအားဝင်စားသွားကြတယ်လေ။သူ့ရဲ့မိန်းမကလည်းဒီအတိုင်းပဲ နှစ်လုံး သုံးလုံးသမားတွေဖြစ်ကုန်ပါလေရော။ယောက်ျားကလည်း ကိုယ့်ရဲ့နဂိုအလုပ်ကို တန်ဖိုးမထား တွက်နည်းတစ်ဖုံ..ရွှေချိုင်းတစ်မျိုး စသည်ဖြင့်ကောင်းမယ်ထင်သမျှထိုးတယ်လေ။မိန်းမကရော ဂဏန်းပေးသမျှဘိုးတော်တွေအစုံပေါ့။တစ်လတစ်လ ဒိုင်ကိုင်တာနဲ့ ထိုးထားတဲ့ငွေအမောက်နဲ့ သေချာပြန်မတွက်မိကြဘူးဖြစ်နေပါတော့တယ်။
Crd-org-source
ဒိုင်ကိုင်လို့ လျော်ရတာနဲ့ ထိုးထားတဲ့ငွေအမောက်မနည်းဘူးဖြစ်နေတာ သတိမထားမိဘူး..တဖြည်းဖြည်းနဲ့ ပိုက်ဆံတွေကုန်လာပြီး ရှိတဲ့ကားတွေဆီမျက်စောင်းထိုးလာတဲ့အခြေအနေရောက်လာရတာပေါ့။ဒိုင်ကိုင်လို့ ကွဲတဲ့အချိန် လတွေများလာတော့ ကားတွေရောင်းရတဲ့ဘဝ ရောက်လာတာပေါ့။ဒီအချိန်မှာ ရှုံးလာတဲ့အတွက် လောင်းကစားဆန်ဆန် ရှုံးမဲမဲပြီလေ။ဒါပေမဲ့ အဲဒီအချိန် သတိထားလိုက်နိုင်ရင် အချိန်မီသေးတယ်။အဲဒါကို သတိမထားပဲ လင်ရော မယားရော ဆက်ပြီး ပုံမှန်အတိုင်း ဒိုင်ကိုင်လိုက်တာ အိမ်နဲ့ ခြံ ပါရောင်းပြီးပေးရမယ့် အခြေအနေထိ ရောက်သွားတော့တာပေါ့။အဲဒီအချိန်မှာတော့ ကိုယ့်ရဲ့မူရင်း စီးပွားရေး သစ်အရောင်းအဝယ်ဟာလည်း စိတ်မဝင်စား ဂရုမစိုက်ပဲ ထားခဲ့မိတဲ့အတွက် ထိုစီးပွားမှာလည်း နဂိုဟန်ချက်ပြန်မရနိုင်တော့ပါ။အိမ်နဲ့ခြံ ရောင်းပြီး အိမ်ဌားဘဝရောက်သွားတော့ စီးပွားဖက်များကလည်း ယုံကြည်ချက်နည်းသွားပြီး သစ်အရောင်းအဝယ်လုပ်ငန်းဟာလည်း အဆင်မပြေတော့ပါ။ကြုံရာအဆင်ပြေသလိုလုပ်စားရတဲ့အဆင့်ထိ ရောက်သွားတာ အခုထိဖြစ်ပါတယ်လို့ပဲ ပြောခဲ့ပါရစေသူငယ်ချင်းတို့...။
Crd-org-source
ဒါကြောင့် လောင်းကစားလုပ်ခြင်းသည် မိမိ၏နဂိုရှိသောစီးပွားရေးကိုပါထိခိုက် ပျက်စီးသွားစေနိုင်ပါကြောင်း..လောင်းကစားနဲ့ပတ်သက်ပြီး မျှော်မှန်းချက်ထားကာ စီးပွားမရှာသင့်ကြောင်း..မိမိ၏လောဘကို ဒီလိုဖြတ်လမ်းနည်းများဖြင့် စီးပွားမရှာသင့်ပါကြောင်း..ကျွန်တော်မြင်တွေ့ခဲ့ရသော ဆွေမျိုးများ၏တစ်ကယ့်အဖြစ်အပျက်လေးများအား သတိထားဆင်ခြင်နိုင်ကြစေရန် ပြန်လည်မျှဝေ ရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211